ISP China Desk
China International Trust and Investment Corporation (CITIC) Group

တရုတ်နိုင်ငံ၊ နိုင်ငံပိုင်ကုမ္ပဏီတခုဖြစ်ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့ကို လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် တရုတ်နိုင်ငံအနေနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့တင်သွင်းရာတွင် မလက္ကာရေလက်ကြားကို ဖြတ်သန်းနေရမှုကို ရှောင်လွှဲနိုင်မည့် စီမံကိန်းဖြစ်သည်။ ယင်းအပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် တရုတ်နိုင်ငံ၏ မဟာစီမံကိန်းဖြစ်သည့် ခါးပတ်နှင့် လမ်းကြောင်း(BRI) အစီအစဥ်၏ အရေးပါသည့် အစိတ်အပိုင်းတခုလည်းဖြစ်ပြီး ကုန်းတွင်းပိတ်ပြည်နယ်ဖြစ်သည့် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအနောက်တောင်ဘက်ရှိ အိန္ဒိယသမုဒ္ဒရာတို့ကို တရိုက်ရိုက်လမ်းပေါက်စေမည် ဖြစ်သည်။

CITIC ကုမ္ပဏီအုပ်စုသည် တရုတ်နိုင်ငံတွင် အကြီးဆုံးသော လုပ်ငန်းစုကြီးတစ်ခုဖြစ်ပြီး ဘဏ်နှင့် ငွေကြေးကဏ္ဍ၊ သယံဇာတနှင့် စွမ်းအင်၊ ကုန်ထုတ်လုပ်ငန်း၊ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်း စသည်တို့ကို အဓိကလုပ်ကိုင်ပြီး သတင်းအချက်အလက်ဝန်ဆောင်မှု၊ မော်တော်ယာဥ်၊ အစားအသောက်နှင့် ထောက်ပံ့ပို့ဆောင်ရေး၊ ထုတ်‌ဝေရေး၊ အခြေခံအဆောက်အအုံ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှု၊ ခေတ်မီစိုက်ပျိုးရေးလုပ်ငန်း၊ လေကြောင်းဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းများကိုလည်း လုပ်ကိုင်သည်။ ၁၉၇၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရုံးချုပ်သည် ဘေဂျင်းတွင် ရှိသည်။ မြန်မာနိုင်ငံတွင် CITIC Group (Myanmar) ဟူ၍ ကုမ္ပဏီခွဲကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလက တရားဝင် မှတ်ပုံတင်ခွင့်ရရှိထားသည်။