ISP China Desk
China Textile City Network Co.,Ltd Photo - alibaba.com

ဟောင်ကောင်အခြေစိုက်ကုမ္ပဏီတခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြို့တော် ပုသိမ်တွင် စက်မှုမြို့တော်နှင့် အထည်ချုပ်စက်ရုံများ တည်ဆောက်ရန် လက်မှတ်ထိုးထားသည်။

ပုသိမ်စက်မှုမြို့တော်သည် တရုတ်-မြန်မာစီးပွား‌ရေးစင်္ကြံ(CMEC)၏ အစိတ်အပိုင်းတခုဖြစ်ပြီး China Textile City Network Co Ltd က မြေဧက ၂၀၀ ပေါ်တွင် လုပ်ငန်းများလုပ်ကိုင်ရန် ဧရာဝတီဖွံ့ဖြိုးရေးအများပိုင်ကုမ္ပဏီ (Ayeyarwady Development Public Co Ltd-ADPC)နှင့် ၎င်းတို့အကြား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက သဘောတူ လက်မှတ်ရေးထိုးထားသလို မြန်မာအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း သဘောတူထားသည်။ China Textile City Network Co Ltd သည် အဆင့်မြင့်နည်းပညာသုံး ချည်မျှင်နှင့် အထည်လိပ်ကုမ္ပဏီတခုဖြစ်ပြီး ကမ္ဘာတဝန်းရှိ စျေးကွက်ဝေစုကို ကျယ်ပြန့်ကြီးမားစွာ ရရှိထားသည်။ ကုမ္ပဏီကို ၂၀၀၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။