ISP China Desk
Power China Resources Ltd(SINOHYDRO)

ရေအားလျှပ်စစ်စက်ရုံတည်ဆောက်ရေးကုမ္ပဏီတခုဖြစ်ပြီး တရုတ်နိုင်ငံ၊ နိုင်ငံပိုင်အဖွဲ့အစည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျောက်ဖြူလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ်ခွဲ၊ မီးလင်းဂျိုင့်ဒေသတို့တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းတို့အား Supreme Trading Company Limited နှင့်ပူးပေါင်းကာ အကောင်ထည်ဖောက်တည်ဆောက်လျက်ရှိသည်။

Power China Resources Ltd (SINOHYDRO) အနေနှင့် လျှပ်စစ်ဓာတ်အား၊ လောင်စာဆီ၊ သတ္တု၊ အိမ်ခြံမြေ စသည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ သွင်းကုန်ထုတ်ကုန်များနှင့် နိုင်ငံတကာကုန်သွယ်ရေးကိစ္စများတွင် နည်းပညာဆိုင်ရာ အကြံပေးခြင်းများ စသည့်ကိစ္စရပ်များကိုလည်း ဆောင်ရွက်သည်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်းရှိ တာဆန်းရေလှောင်တမံအပါအဝင် သံလွင်မြစ်ဝှမ်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် Power China Resources Ltd(SINOHYDRO) ကုမ္ပဏီလည်း ပါဝင်ပြီး အဆိုပါစီမံကိန်းများနှင့်ပတ်သက်၍ လူထုက ကန့်ကွက်လျက်ရှိကြသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်းက အဆိုပါကုမ္ပဏီနှင့် Supreme Trading Company Limited တို့သည်  အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်နှင့် ကော်မတီဝင်များအားနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

Power China Resources Ltd (SINOHYDRO) ကုမ္ပဏီတွင် လက်အောက်ခံကုမ္ပဏီခွဲ ၃၆ ခုနှင့် အကျိုးတူကုမ္ပဏီ ၄ ခု ရှိပြီး ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ ထိုင်း စသည့် ဒေသတွင်းနိုင်ငံအချို့နှင့် အာဖရိက စသည့် ကမ္ဘာတဝန်းရှိ ဒေသများတွင် ကိုယ်စားလှယ်ရုံးနှင့် လုပ်ငန်းခွဲများလည်း ရှိသည်။ ကုမ္ပဏီကို ၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။