တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး ကဏ္ဍအသီးသီးတွင် သက်ရောက်လွှမ်းမိုးနိုင်မှု များစွာရှိသည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာရာတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍကို ချန်လှပ်ထား၍ မရနိုင်ပါ။ ထို့အတူ တရုတ်နိုင်ငံမှ တိုက်တွန်းနှိုးဆော်လျက်ရှိသော ခါးပတ်တစ်ကွင်း လမ်းတစ်စင်းအဆိုပြုချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း စီမံကိန်းများကို အကောင်အထည်ဖော်ရန် စိုင်းပြင်းနေချိန်ဖြစ်ပါသည်။ ထိုစီမံကိန်းသည် မြန်မာနိုင်ငံလူဦးရေ၏ ၆၆ ရာခိုင်နှုန်းကျော်ရှိသော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ နေပြည်တော်ကောင်စီ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်တို့ကို ဖြတ်သန်းသွားမည် ဖြစ်သည်။ ရထားလမ်း၊ ကားလမ်းများ၊ စက်မှုဇုံများ၊ ဆိပ်ကမ်းများ ပါဝင်သော ထိုစီမံကိန်းများသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် များစွာဆက်စပ်နေသလို ဒေသခံပြည်သူလူထု၏ နေ့စဉ်လူမှုဘဝများအပေါ်တွင် များစွာသက်ရောက်မှုများ ရှိလာမည်။ သို့ဖြစ်ရာ မြစ်ဆုံဆည်အရေး၊ မူဆယ်-မန္တလေးရထားလမ်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်း အစရှိသည့် ပမာဏကြီးမားပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေး၊ နိုင်ငံခြားဆက်ဆံရေး၊ လူမှုစီးပွားရေး ကဏ္ဍများအပေါ်တွင် သက်ရောက်မှုများနိုင်သော စီမံကိန်းများ၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ ပါဝင်မှုများနှင့် အလေးပေးသင့်သည်ဟု ယူဆသည့် အကြောင်းအရာများအား အထူးကဏ္ဍတရပ်အနေဖြင့် ဖော်ပြသွားမည်ဖြစ်ပါသည်။
EconomicSecurityBRICMECရွှေကုက္ကိုစီမံကိန်း(Published on May 11, 2020) ရွှေကုက္ကို နိုင်ငံတကာအဆင့်မီ မြို့သစ်စီမံကိန်းသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၏ မြောက်ဘက်ဆယ်မိုင်အကွာ(၁၅ ကီလိုမီတာခန့်)အကွာတွင် အကောင်အထည်ဖော်နေသော စီမံကိန်းတခုဖြစ်သည်။ ရွှေကုက္ကိုမြိုင်မြို့သစ်စီမံကိန်းသည် ကရင်ပြည်နယ်၏ China Town ဟု Read more... Updated On August 6, 2024
EconomicCMECမြစ်ဆုံဆည်စီမံကိန်း(Published on July 3, 2019) ဧရာဝတီမြစ်ဖျားဒေသရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး ၃၇ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ အဓိကမြစ်တစ်ခုဖြစ်သော ဧရာဝတီမြစ် စတင်မြစ်ဖျားခံရာ အင်မိုင်ခ(မေခ)နှင့် မလိခ တို့ပေါင်းဆုံရာ မြစ်ဆုံနေရာနှင့် မြစ်လက်တက်များပေါ်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၁၆၀၀ နီးပါး ထုတ်လုပ်နိုင်မည့် ရေကာတာ(ဆည်) ၇ ခုကို တည်ဆောက်အကောင်အထည်ဖော်မည့် Read more... Updated On June 21, 2024
Economicမူဆယ်-မန္တလေး မီးရထားလမ်း(Published on August 16, 2019) မူဆယ်-မန္တလေး မီးရထားလမ်းသည် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကုန်သွယ်ရေးအချက်အချာဖြစ်သော မန္တလေးမြို့ကို ချိတ်ဆက်ဖောက်လုပ်မည့် အမြန်ရထားလမ်းဖြစ်သည်။ ထိုစီမံကိန်းသည် တရုတ်နိုင်ငံမှ အဆိုပြုထားသော တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းသည် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတမ်းရှိ ကျောက်ဖြူမြို့၊ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တို့နှင့် မူဆယ်မြို့အား မန္တလေး မြို့မှတဆင့် အမြန်ရထားလမ်းများ၊ ကာားလမ်းများ၊ ကုန်သွယ်မှုမြှင့်တင်ရေး အခြေခံအဆောက်အအုံများဖြင့် ချိတ်ဆက်ရန် Read more... Updated On May 24, 2024
EconomicBRICMECကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း(Published on July 4, 2019) ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်တည်ရှိသည်။ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင်ရှိပြီး ဘင်္ဂလားပင်လယ်အော်ကို Read more... Updated On April 24, 2024
EconomicBRICMECမြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင်တရုတ်၏ပါဝင်မှု(Published on October 9, 2020) မြန်မာနိုင်ငံသည် အာဆီယံ နိုင်ငံများထဲတွင် လျှပ်စစ်စွမ်းအင်ရရှိမှု အနည်းဆုံးဖြစ်သည်။ လူဦးရေ ၅၅ သန်းနီးပါးရှိသော မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အထိ တနိုင်ငံလုံးရှိအိမ်ထောင်စုဦးရေ၏ ၅၄ ရာခိုင်နှုန်းသာ နိုင်ငံမှဖြန့်ဖြူးသော ဓာတ်အားလိုင်းနှင့် ချိတ်ဆက်သုံးစွဲခွင့်ရနေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုစေရန်အတွက် စီးပွားရေးလုပ်ငန်းများအား လျှပ်စစ်စွမ်းအင် လုံလောက်စွာပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် နှစ်စဉ် သုံးစွဲရန်လိုအပ်မည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။ Read more... Updated On August 2, 2022
EconomicSecurityDiplomacySoft powerBRIPoliticCMECတရုတ် ဒစ်ဂျစ်တယ် ပိုးလမ်းမစီမံကိန်းနှင့် မြန်မာနိုင်ငံ(Published on November 19, 2020) ရပ်ဝန်းလမ်းကြောင်း အစီအမံ(BRI) ၏ အစိတ်အပိုင်းဖြစ်သည့် ဒစ်ဂျစ်တယ်ပိုးလမ်းမ (Digital Silk Road – DSR)ကို ၂၀၁၅ ခုနှစ်တွင် တရုတ်အစိုးရက တရားဝင် မိတ်ဆက်ခဲ့သည်။ ဒစ်ဂျစ်တယ် ပိုးလမ်းမကြီးသည် စတုတ္ထ စက်မှုတော်လှန်ရေးတွင် တရုတ်၏ ဦးဆောင်မှုကဏ္ဍနှင့် တရုတ်၏ စံချိန်စံညွှန်းများကို ကမ္ဘာ့နိုင်ငံများအကြားတွင် မြှင့်တင်ရန်လည်း ဖြစ်သည်။ ဘေဂျင်းက ကမ္ဘာ့နည်းပညာရေးရာ ကဏ္ဍတွင် ဦးဆောင်သူ တဦးအဖြစ် ရပ်တည်ရန် ရည်ရွယ်သည့် “တရုတ် စံချိန်စံညွှန်းများ ၂၀၃၅ ခုနှစ်”ဆိုသည့် စက္ကူဖြူစာတမ်းကို ထုတ်ဝေခဲ့သည်။ ထိုစာတမ်းတွင် DSR ၏ အဓိက မူဘောင်မှာ “သတင်းအချက်အလက် ပိုးလမ်းမကြီး”အကောင်အထည်ဖော်ရန် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ Read more... Updated On July 9, 2021