စာတမ်းခေါင်းစဉ် – China’s Role in Myanmar’s Internal Conflictsရေးသားသူ – USIP Senior Study Groupထုတ်ဝေသည့်အဖွဲ့ – United States Institute of Peaceထုတ်ဝေသည့်ခုနှစ် – ၂၀၁၈၊ စက်တင်ဘာစာတမ်းအပြည့်စုံကို ရယူရန် – China’s Role in Myanmar’s Internal Conflictsစာတမ်းအကျဉ်းချုပ် ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှကိုလိုနီအဖြစ်မှ လွတ်လပ်ရေးရပြီးချိန်မှစတင်ကာ မြန်မာနိုင်ငံသည် တိုင်းရင်းသား ပြဿနာများနှင့် ပဋိပက္ခများကို ရင်ဆိုင်ခဲ့ရသည်။ တပ်မတော်အနေနှင့် ၎င်း၏ဦးတည်ချက်သည် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုမပြိုကွဲရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး ဖြစ်သည်ဟု အခိုင်အမာပြောဆိုနေသလို တိုင်းရင်းသားလူမျိုးစုများသည် ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံရေးလှုပ်ရှားမှုများ၊ စစ်ေရေးလှုပ်ရှားမှုများဖြင့် ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေး အခွင့်အရေးများ အကာအကွယ်ရစေရန် လူများစုဗမာအာဏာပိုင်များထံမှတောင်းဆိုခဲ့ကြသည်။ လူများစုနှင့် လူနည်းစု တိုင်းရင်းသားများအကြား ဆက်ဆံရေး၊ အာဏာနှင့် အရင်းအမြစ်များခွဲဝေရေးသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ မြန်မာနိုင်ငံကြုံတွေ့နေရသော အဓိကပြဿနာတရပ်ဖြစ်သည်။အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရန်နှင့် မြန်မာနိုင်ငံတွင် နေထိုင်နေကြသော မတူကွဲပြားသည့် လူမျိုးစုများအားလုံးက သဘောတူလက်ခံသော အုပ်ချုပ်မှုတရပ်တည်ဆောက်ရေးသည် မြန်မာနိုင်ငံ ရင်ဆိုင်ရမည့် စိန်ခေါ်မှုတရပ်ဖြစ်သည်။၂၀၁၁ ခုနှစ်၊ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားကြိုးမာန်တက် ဆောင်ရွက်သော်လည်း မြန်မာနိုင်ငံမြောက်ဘက်၊ တရုတ်နယ်စပ်တွင် တိုင်းရင်းလက်နက်ကိုင်များနှင့် တပ်မတော်အကြား တိုက်ခိုက်မှုများမှာ မြင့်တက်ခဲ့သည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် တိုင်ရင်သားလက်နက်ကိုင်အဖွဲ့အစည်း ၈ ခု က အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော်လည်း မြန်မာနိုင်ငံ၏ တရုတ်နယ်စပ်တလျှောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ အပါအဝင် အင်အားကြီးမားသော လက်နက်ကိုင်အဖွဲ့အစည်းများက လက်မှတ်ရေးထိုးခြင်းမရှိခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နှောင့်နှေးနေပြီး ယင်းအပေါ် အများ၏ယုံကြည်မှုများ အားနည်းလာခဲ့သလို ကချင်နှင့် ရှမ်းပြည်နယ်တောင်ဘက်တွင် ပစ်ခတ်တိုက်ခိုက်မှုများမြင့်တက်လာသည်။ အိန္ဒိယနှင့် ထိုင်းနိုင်ငံနယ်စပ်ရှိပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသော တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းမျာနှင့် တရုတ်နယ်စပ်တွင်ရှိပြီး NCA စာချုပ်လက်မှတ်မရေးထိုးရသေးသော အဖွဲ့များအကြား အဟသည်လည်း ပိုမိုကြီးမားလာခဲ့သည်။ တရုတ်-မြန်မာနယ်စပ်ရှိ လက်မှတ်မရေးထိုးရသေးသောအဖွဲ့ ၇ ဖွဲ့သည် ၎င်းတို့၏ စစ်တပ်နှင့် နိုင်ငံရေးအင်အားချဲ့ထွင်ရန် မဟာမိတ်တရပ် ထူထောင်လာခဲ့သည်။လုံခြုံရေးအတွက် စိုးရိမ်မှု၊ စီးပွားရေးအကျိုးစီးပွားနှင့် မိုင်ပေါင်း ၁၅၀၀ ဝန်းကျင် နယ်နိမိတ်ခြင်းထိစပ်လျက်ရှိသော နိုင်ငံတနိုင်ငံအပေါ်တွင် နိုင်ငံရေးအရေ သက်ရောက်လွှမ်းမိုးလိုမှု စသည့် တိုက်တွန်းစေ့ဆော်ချက်များကြောင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းလုံခြုံရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အရေးပါသူအဖြစ် ပါဝင်လာခဲ့သည်။တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများသည် နယ်စပ်ဖြတ်ကျော်ကာ တရုတ်နိုင်ငံအပေါ်သို့လည်း သက်ရောက်မှုများရှိလေ့ရှိသည်။ နယ်စပ်တွင် တိုက်ပွဲများပြင်ထန်သည့်အခါများတွင် မြန်မာနိုင်ငံရှိ စစ်ဘေးဒုက္ခသည်များသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ဝင်ရောက်ခိုလှုံကြသည်။ ၂၀၁၃ ခုနှစ်တွင် အတွေ့အကြုံများသော သံတမန်များထဲမှ ရွေးချယ်ကာ အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ပြီး မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံအနေနှင့် လေ့လာသူအဖြစ်ပါဝင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အသစ်ပြောင်းလဲ ခန့်အပ်ခဲ့သော အထူးသံတမန်သည် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကူညီပံ့ပိုးရာတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်နေခဲ့သည်။ရခိုင်ပြည်နယ်အရေးအခင်းနှင့်ပတ်သတ်၍လည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဘက်မှ ရပ်တည်ခဲ့ပြီး ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများမှ ကာကွယ်ပေးခဲ့သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်၊ စွမ်းအင်နှင့် အခြားသော ကုန်ပစ္စည်းများကို ဘင်္ဂလားပင်လယ်အော်မှာတဆင့် မြန်မာနိုင်ငံကိုဖြတ်၍ ယူနန်သို့တင်ပို့နိုင်မည့် မီးရထားလမ်းများ၊ ပိုက်လိုင်းများ စသည့် တရုတ်နိုင်ငံ၏များစွာသောအကျိုးစီးပွားများသည် ရခိုင်ပြည်နယ်တွင် တည်ရှိနေသည်။ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကာလရှည်ကြာပံ့ပိုးခဲ့သော်လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမေရိကန်နိုင်ငံ၏အခန်းကဏ္ဍသည် အကန့်အသတ်များစွာရှိသည်။ ထိုအကန့်အသတ်များတွင် အမေရိကန်နိုင်ငံအနေနှင့် မြန်မာ့ငြိမ်းချမ်းရေးတွင် ပါဝင်မှုကို တရုတ်နိုင်ငံက မလိုလားမှု(အထူးသဖြင့် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော ဒေသများတွင် ပါဝင်မှုကို ကန့်ကွက်မှု)နှင့် မြန်မာနိုင်ငံအပေါ်တွင် အမေရိကန်နိုင်ငံ၏ လွှမ်းမိုးသက်ရောက်နိုင်မှုများအပေါ်တွင် စိုးရိမ်ပူပန်မှု တို့ပါဝင်သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးများတွင် အမေရိကန်နိုင်ငံ ပါဝင်၊ မပါဝင်ဆိုသည်မှာ မြန်မာနိုင်ငံမှ ဆုံးဖြတ်ရမည်သာဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍနှင့် အမြင်ရူထောင့်များကို လေ့လာသုံးသပ်ခြင်းသည် မြန်မာနိုင်ငံ၏ ပဋိပက္ခများနှင့် ဆက်စပ်အခြေအနေများကို ပိုမိုနက်ရှိုင်းစွာနားလည်စေပြီး မြန်မာ့ငြိမ်းးချမ်းရေးလုပ်ငန်းနှင့် စပ်လျဉ်းသောမှုဝါဒများကို ပိုမိုအားကောင်းစေရန် ပံ့ပိုးနိုင်မည်ဖြစ်ပါသည်။Categories: Peace Gambling as Development: A Case Study of Myanmar’s Kokang Self-administered ZoneOn the Road to Kyauk Phyu