Security Archives - ISP Myanmar China Desk

မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲ – တရုတ်နှင့်အိန္ဒိယတို့၏ အကျိုးစီးပွားအားပြိုင်မှုများ
စာတမ်းခေါင်းစဉ် – မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲ – တရုတ်နှင့် အိန္ဒိယတို့၏ အကျိုးစီးပွားအားပြိုင်မှုများ

ရေးသားသူ – ဒေါက်တာရန်မျိုးသိမ်း

ထုတ်ဝေသည့်အဖွဲ့ – United States Institute of Peace (USIP)

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀၊ အောက်တိုဘာ

စာတမ်းအပြည့်အစုံရယူရန် – Myanmar’s 2020 Election: The Competing Interests of China and India

ကိုဗစ်-၁၉ ကပ်ရောဂါ အရှိန်ကောင်းနေဆဲ ယခုလ ၈ ရက်မှာ မြန်မာနိုင်ငံရဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်တော့ အရှိန်မလျော့ကျနိုင်သေးတဲ့ ပြည်တွင်းစစ်တွေ၊ တိုင်းရင်းသား နိုင်ငံရေး အင်အားစုများကြားက မကျေလည်မှုတွေ၊ ရွေးကောက်ပွဲ ကော်မရှင်အပေါ် အင်အားစုအမျိုးမျိုးရဲ့ ဝေဖန်မှုတွေနဲ့အတူ စိန်ခေါ်မှုများစွာ ရှိနေပါတယ်။ ဒါ့အပြင် ကိုယ်ကျိုးစီးပွားဆိုင်ရာ ရည်မှန်းချက်အသီးသီးရှိနေတဲ့ အိမ်နီးချင်း အင်းအားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအပေါ်မှာ ထားရှိတဲ့သဘောထားတွေဟာလည်း ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲလွန် ပထဝီနိုင်ငံရေးအခင်းအကျင်းအပေါ်မှာ သက်ရောက်မှုတွေရှိမှာဖြစ်ပါတယ်။ ဒါကြောင့် USIP က ၂၀၂၀ ခုနှစ် အောက်တိုဘာမှာ ထုတ်ဝေခဲ့တဲ့ “၂၀၂၀ မြန်မာ့ရွေးကောက်ပွဲ၊ တရုတ်နဲ့အိန္ဒိယ ကိုယ်ကျိုးစီးပွား ယှဉ်ပြိုင်မှု”ဆိုတဲ့ သုတေသနစာတမ်းတစောင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ယခုစာတမ်းကို အပိုင်း လေးပိုင်း ခွဲပြီး မိတ်ဆက်လိုပါတယ်။ အဆိုပါ အပိုင်း လေးပိုင်းကတော့

မြန်မာ့ရွေးကောက်ပွဲများနဲ့ တရုတ်

မြန်မာ့ရွေးကောက်ပွဲများနဲ့ အိန္ဒိယ

တရုတ်-အိန္ဒိယ အားပြိုင်မှုနဲ့ ၂၀၂၀ မြန်မာ့ရွေးကောက်ပွဲ

လေ့လာတွေ့ရှိချက်များနဲ့ အကြံပြုချက်များ ဖြစ်ပါတယ်။

မြန်မာ့ရွေးကောက်ပွဲများနဲ့ တရုတ်

ဒီအပိုင်းမှာတော့ စာတမ်းရှင်ဟာ မြန်မာ့သမိုင်းတလျှောက် ကျင်းပခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲတွေအပေါ် တရုတ်နိုင်ငံရဲ့ သဘောထားနဲ့ အဆိုပါရွေးကောက်ပွဲများမှတဆင့် အာဏာရလာတဲ့ အစိုးရများအပေါ် တရုတ်ရဲ့ သံတမန်ဆက်ဆံရေး မူဝါဒများအကြောင်းကို အသေးစိတ် ဖော်ပြရေးသားထားပါတယ်။ တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ၁၉၅၄ ခုနှစ်မှာ စတင်ပြောင်းလဲလာပြီး ကွန်မြူနစ်မဟုတ်တဲ့နိုင်ငံတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ကြိုးစားလာခဲ့ပါတယ်။ အဲဒီကာလတဝိုက်မှာပဲ တရုတ်ဟာ ဗမာပြည်ရဲ့ ပါလီမန်ဒီမိုကရေစီအစိုးရဖြစ်တဲ့ ဝန်ကြီးချုပ်ဦးနုဦးဆောင်တဲ့ အစိုးရ အဖွဲ့နဲ့လည်း ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို စတင်ထူထောင်ခဲ့ပါတယ်။ ဗမာပြည်မှာ ကျင်းပတဲ့ ၁၉၅၆    ရွေးကောက်ပွဲမှာတော့ လက်ဝဲယိမ်းပါတီတွေဖြစ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု(ပမညတ)၊ ဗမာပြည်အလုပ်သမားနှင့် လယ်သမားပါတီတို့ဟာ ဦးနု ဦးဆောင်တဲ့ ဖဆပလအစိုးရအတွက် အဓိက အတိုက်အခံအင်အားစုတွေဖြစ်လာကြပါတယ်။ အဆိုပါ လက်ဝဲယိမ်းပါတီတွေကို တရုတ်သံရုံးက ထောက်ပံ့မှုတွေ ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ တရုတ်အစိုးရဟာ အဆိုပါ ရွေးကောက်ပွဲမတိုင်မီက လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပေမဲ့ နိုင်ငံခြားရေး မူဝါဒတွေ အပြောင်းအလဲ ဖြစ်လာတဲ့ ၁၉၅၆ရွေးကောက်ပွဲမှာတော့ မြေပေါ်လက်ဝဲယိမ်းပါတီတွေအတွက် အထောက်အပံ့တွေ ပေးခဲ့တယ်ဆိုတာကို ငြင်းဆိုခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ရွေးကောက်ပွဲအပြီး ဩဂုတ်မှာ တရုတ်နိုင်ငံဆိုင်ရာ ဗမာသံအမတ် ဦးလှမောင်နဲ့ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

အဲဒီနောက် ၁၉၆၀ ရွေးကောက်ပွဲမှာလည်း တရုတ်ရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိခဲ့တယ်လို့ စာတမ်းရှင်က ရေးသားထားပါတယ်။ အဲဒီကာလမှာ ဖဆပလဟာ သန့်ရှင်းနဲ့ တည်မြဲ နှစ်ခြမ်းကွဲနေချိန် ဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ ဝန်ကြီးချုပ်ချူအင်လိုင်းနဲ့ ဦးနုတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်အစိုးရက ဦးနု ဦးဆောင်တဲ့ သန့်ရှင်းဖဆပလကို အထောက်အပံ့ပေးခဲ့ပါတယ်။အပြန်အလှန်အနေနဲ့ ဦးနုကလည်း ဗမာပြည်အတွင်းမှာ ရှိတဲ့ တရုတ်နိုင်ငံသားဖြစ်စေ မြန်မာနိုင်ငံသားဖြစ်စေ တရုတ်လူမျိုး လုပ်ငန်းရှင်များကို အကာအကွယ် အထောက်အပံ့များပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ ရန်ကုန်မှာ ရှိနေတဲ့ တရုတ်ဘဏ်ဟာလည်း ဦးနုရဲ့ မဲဆွယ်စရိတ်တွေကို ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲချက်တွေ ပေါ်ထွက်လာခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲမှာ ဦးနုရဲ့ သန့်ရှင်းဖဆပလ အနိုင်ရခဲ့ပါတယ်။

၁၉၉၀ ခုနှစ် အရောက်မှာတော့ ဗမာပြည် ရွေးကောက်ပွဲအပေါ် တရုတ်ရဲ့ချဉ်းကပ်ပုံဟာ ပုံစံတမျိုး ပြောင်းလာပြန်ကြောင်း စာတမ်းမှာ ဖော်ပြထားပါတယ်။ အဆိုပါရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပြတ်အသတ်အနိုင်ရပြီးနောက် ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ရိတ်ရှန်ဟာ NLD ရုံးချုပ်ဆီ သွားရောက်ပြီး ဂုဏ်ပြုစကားဆိုခဲ့တဲ့ ပထမဆုံး သံအမတ်ဖြစ်တာကို ထောက်ပြထားပါတယ်။  ၂၀၁၀ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာချိန်မှာလည်း တရုတ်သံအမတ် လီကျန်းဟွာဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီဝင်များနဲ့ တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမီကလည်း တရုတ်သံအမတ် ဟုန်းလျန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့  NLD အကြား ပါတီချင်းဆက်ဆံရေး ထူထောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။  ရွေးကောက်ပွဲအပြီး NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့  အာဏာရလာပြီးနောက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ဆက်လက်တည်မြဲရေး ဆွေးနွေးခဲ့ကြကြောင်း စာတမ်းရှင်က ဖော်ပြထားပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်းမှာလည်း မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ကို တရုတ်နိုင်ငံဆီ အလည်အပတ်ဖိတ်ခေါ်ပြီး တရုတ်ရဲ့ ရွေးကောက်ပွဲစနစ်နဲ့ ဥပဒေပြုရေးစနစ်တွေကို လေ့လာစေခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ယခုနှစ် ဇန်နဝါရီလမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း (CMEC) အကြောင်း၊ နှစ်နိုင်ငံလူထုချင်း ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့အကြောင်းတွေ ဆွေးနွေးခဲ့တဲ့ ဒီခရီးစဉ်ဟာ တရုတ်ရဲ့ NLD အစိုးရအပေါ် ဆက်လက်ထောက်ခံဆဲ ဆိုတဲ့ သဘောတရားနဲ့ ရခိုင်အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာစင်မြင့်မှာ တရုတ်က မြန်မာအပေါ် ကာကွယ်ပေးထားတယ် ဆိုတဲ့ အခြေအနေတွေကို ထင်ဟပ်စေတယ်လို့ ယခုစာတမ်းမှာ ရေးသားထားပါတယ်။

တရုတ်ဟာ လက်ရှိအာဏာရပါတီနဲ့သာမက အခြားအတိုက်အခံပါတီများ၊ တိုင်းရင်းသားပါတီများနဲ့လည်း ဆက်ဆံရေး မပျက်ကွက်ခဲ့ကြောင်း စာတမ်းမှာဖော်ပြထားပါတယ်။ ဟိုယခင် ၁၉၆၂ ခုနှစ်မှ ၁၉၈၅ ခုနှစ် ကာလတွေ  ကတည်းက တရုတ်ဟာ မြန်မာအစိုးရနဲ့ ဆက်ဆံရေးတည်ဆောက်ထားသလို တဖက်မှာလည်း လက်နက်ကိုင် အတိုက်အခံ အင်အားစုဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့လည်း ပါတီချင်းဆက်ဆံရေး မပျက်ခဲ့ပါဘူး။ ၂၀၁၁ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့ကြား နားလည်မှုစာချွန်လွှာရေးထိုးထားပြီး ၂၀၁၉ အောက်တိုဘာမှာလည်း တရုတ်ရဲ့ နိုင်ငံတကာဌာနဥက္ကဋ္ဌ မစ္စစွန်းဟိုင်ယန်နဲ့  NLD၊ USDP၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရခိုင်အမျိုးသားပါတီ (ANP)၊ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ ဘာအကြောင်းအရာတွေ ဆွေးနွေးခဲ့သလဲဆိုတာတော့ တရားဝင်ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

အစိုးရ၊ နိုင်ငံရေးပါတီများနဲ့သာမက တရုတ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကြားမှာလည်း နီးစပ်တဲ့ ဆက်ဆံရေး ရှိနေပါတယ်။ NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ စုစည်းထားတဲ့ FPNCC အဖွဲ့ရဲ့ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်က တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးမှာ တရုတ်ရဲ့ အာရှရေးရာဝန်ကြီး စွန်းကော်ရှန်းက FPNCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်များကို တရုတ်-မြန်မာ နယ်စပ်တလျောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ထိန်းသိမ်းဖို့၊ ၂၀၂၀ မှာ မျှတတဲ့ ရွေးကောက်ပွဲပေါ်ပေါက်ရေး အားပေးကြဖို့ အကြံပြုခဲ့ပါတယ်။  အဲဒီလထဲမှာပဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အစိုးရအနေနဲ့ ပွင့်လင်းမြင်သာပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်ရေးကို အာရုံစိုက်ဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။ ။

၁၉၄၈ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ ကာလအတွင်း မြန်မာနိုင်ငံ ရွေးကောက်ပွဲတွေအပေါ် တရုတ်ရဲ့ဝင်ရောက်စွက်ဖက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေ့ ရှိခဲ့သလို အခုအချိန်မှာလည်း တရုတ်ဟာ မြန်မာပြည်တွင်းက အစိုးရ၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အင်အားစု စသဖြင့် အလွှာစုံနယ်ပယ်စုံ ဆက်ဆံရေးကို ထူထောင်ထားပါတယ်။ ဒီလို အလွှာစုံဆက်ဆံရေးရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာလူထုကြား စိမ့်ဝင်အားကောင်းနေတဲ့ တရုတ်မလိုလားမှုစိတ်ထားများကို အတတ်နိုင်ဆုံး လျော့ချပြီး တိုင်းရင်းသားပြည်နယ်တွေရဲ့ ဒေသတကြောမှာ အခြေစိုက်ထားတဲ့ တရုတ်စီမံကိန်းတွေ ချော့မွေအဆင်ပြေစေဖို့ဖြစ်ကြောင်း ယခုစာတမ်းမှာ ဖော်ပြထားပါတယ်။

အစိုးရအချင်းချင်း၊ ပါတီအချင်းချင်း၊ တပ်မတော်အချင်းချင်း စသည်ဖြင့် အလွှာစုံဆက်ဆံရေးကို ထူထောင်ထားပေမဲ့ တရုတ်ဟာ လူထုချင်း ဆက်ဆံရေးထူထောင်ဖို့ အားနည်းနေသေးကြောင်းကို ဒေသခံလူထုတွေရဲ့ အသံတွေ ထည့်သွင်းစဉ်းစားထားခြင်းမရှိတဲ့ မြန်မာပြည်တွင်း တရုတ်စီမံကိန်းတွေက သက်သေဖြစ်ကြောင်း စာတမ်းက ဆိုထားပါတယ်။ ဒီစီမံကိန်းတွေအပေါ် NLD အစိုးရအနေနဲ့ ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းအချို့ ရှိခဲ့ပြီး စီမံကိန်းအချို့လည်း ကြန့်ကြာနေခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာလူထုကြားက တရုတ်မလိုလားစိတ်ကို ဖြေလျော့နိုင်ဖို့ တရုတ်အတွက် လူထုထောက်ခံအား ပိုများတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျော်ဇော်မှုနဲ့ ဩဇာတိက္ကမကို လိုအပ်နေတာကြောင့် NLD ပါတီနဲ့ ဆက်ဆံရေးကို ခိုင်မြဲအောင် တည်ဆောက်ထားကြောင်းလည်း ဒီစာတမ်းမှာ ရေးသားထားပါတယ်။ သမိုင်းကြောင်းအရ တရုတ်ဟာ မြန်မာအပေါ် နိုင်ငံရေးအရ လွှမ်းမိုးနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ ယခုအချိန်မှာတော့ စီးပွားရေးဗဟိုပြု သံတမန်ဆက်ဆံရေးကိုသာ အာရုံစိုက်နေတယ်လို့ စာတမ်းရှင်က သုံးသပ်ထားပါတယ်။

မြန်မာ့ရွေးကောက်ပွဲများနဲ့ အိန္ဒိယ

အိန္ဒိယနဲ့ မြန်မာဟာ အင်္ဂလိပ်ကိုလိုနီကို တော်လှန်ခဲ့တာချင်း တူညီတာကိုအကြောင်းပြုလို့ ရင်းနှီးကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ ခေတ်အဆက်ဆက် အစိုးရထိပ်သီးခေါင်းဆောင်များရဲ့ အပြန်အလှန် သံတမန်ခရီးစဉ်များအကြောင်းကိုလည်း ယခုစာတမ်းမှာ ဖော်ပြထားပါတယ်။ ၁၉၈၈ လူထုအရေးအခင်း ဖြစ်ပေါ်ချိန်မှာ အိန္ဒိယဟာ ဒီမိုကရေစီလိုလားသူ အတိုက်အခံများဘက်က ရပ်တည်ခဲ့ပါတယ်။ ထိုစဉ်က ရန်ကုန်မှာရှိတဲ့ အိန္ဒိယသံရုံးဟာ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးနုတို့နဲ့ အဆက်အသွယ်မပျက်ရှိခဲ့ပြီး စစ်အာဏာသိမ်းချိန်မှာတော့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ အိန္ဒိယ-မြန်မာနယ်စပ်ကို ရှောင်တိမ်းဖို့ ငွေကြေးဆိုင်ရာ အထောက်အပံ့တွေနဲ့ ကူညီခဲ့သလို နယ်စပ်တလျောက်မှာလည်း ခိုလုံဖို့အတွက် စခန်းအချို့ ဖွင့်ပေးခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ ဒီမူဝါဒဟာ ပြောင်းလဲလာပါတယ်။

ဒီလိုပြောင်းလဲလာတာဟာ မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံတွေအပေါ် တရုတ်ရဲ့လွှမ်းမိုးမှု ကြီးထွားလာခြင်း၊ အိန္ဒိယအရှေ့မြောက် နယ်စပ်ဒေသနဲ့ ဘင်္ဂလားပင်လယ်အော်ရဲ့ လုံခြုံရေး ခြိမ်းခြောက်ခံရခြင်းအပြင် အိန္ဒိယရဲ့ အရှေ့အရပ်သို့မျှော်(look east)မူဝါဒတို့ကြောင့် ဖြစ်တယ်လို့ စာတမ်းရေးသူက ဖော်ပြထားပါတယ်။ ၂၀၀၆ ခုနှစ်မှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဟာ အိန္ဒိယအနေနဲ့ အိမ်နီးနားချင်းနိုင်ငံတွေဆီကို ဒီမိုကရေစီ တင်သွင်းလို့မရနိုင်လို့ သူတို့ရဲ့ဖြစ်တည်မှုအတိုင်းပဲ လက်ခံပြီး ဆက်ဆံသွားရမယ်လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ် ဧပြီမှာ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေး အိန္ဒိယကို သွားရောက်ပြီး ၂၀၀၈ အခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၊ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲများအရေး ဆွေးနွေးခဲ့ပါတယ်။ အိန္ဒိယရဲ့ အရှေ့အရပ်သို့မျှော်ခြင်းမူဝါဒနဲ့ အိမ်နီးချင်းတို့ဦးစားပေးရေးမူဝါဒတွေမှာ မြန်မာဟာ အရေးကြီးတဲ့ ကဏ္ဍက ပါဝင်နေတာကြောင့် ကာကွယ်ရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးတို့ အပါအဝင် ကဏ္ဍစုံမှာ သံတမန်ဆက်ဆံရေးကို မြှင့်တင်ခဲ့တယ်လို့ ယခုစာတမ်းမှာ ရေးသားထားပါတယ်။  ဒါ့အပြင် လက်ရှိအာဏာပါတီဖြစ်တဲ့ NLD နဲ့လည်း နီးစပ်တဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့ကြိုးစားခဲ့တာတွေကို ရေးသားဖော်ပြထားပါတယ်။ ၂၀၁၆ ခုနှစ် NLDပါတီ အာဏာရအပြီးမှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ဒီမိုကရေအပြောင်းအလဲနဲ့အတူ ပိုကြီးမားတဲ့ စီးပွားရေး၊ ဖွံဖြိုးရေးတွေအတွက် မျှတတဲ့ရွေးကောက်ပွဲကနေ တက်လာတဲ့ အရပ်သားအစိုးရနဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ပွင့်လင်းမြင်သာပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေးအတွက် အပြန်အလှန် အထောက်အကူပေးဖို့  အိန္ဒိယရွေးကောက်ပွဲကော်မရှင်နဲ့ မြန်မာရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ကြား နားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ်မှာ ရေးထိုးခဲ့ပါတယ်။ အိန္ဒိယရဲ့ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ စီမံခန့်ခွဲရေး နိုင်ငံတကာ အင်စတီကျုကလည်း မဲဆန္ဒရှင်ပညာပေးသင်ရိုးများ အပြင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သင်ရိုးများ ပြုစုပြီး မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကော်မရှင်က အရာရှိများစွာကို လေ့ကျင်ဝေမျှခဲ့တဲ့ အကြောင်းလည်း ယခုစာတမ်းမှာ ဖော်ပြထားပါတယ်။

တရုတ်နည်းတူပဲ အိန္ဒိယဟာလည်း ၎င်းရဲ့ နယ်စပ်ဒေသတလျောက်က မြန်မာပြည်နယ်တွေမှာရှိတဲ့ အတိုက်အခံအင်အားစုတွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့လည်း ဆက်ဆံရေးထူထောင်ထားပါတယ်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီမှာ USDP ပါတီရဲ့ ဥက္ကဋ္ဌအပါအဝင် ပါတီဝင်များဟာ အိန္ဒိယကို သွားရောက်ပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် သံတမန်ရေးရာအကြောင်း ဆွေးနွေးခဲ့ပါတယ်။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌကလည်း အဆိုပါလထဲမှာပဲ အိန္ဒိယနိုင်ငံ မစ်ဇိုရမ်ပြည်နယ်မှာ ချင်းအမျိုးသားနေ့ကို ဆင်နွဲခဲ့ပါတယ်။ ကိုယ်တိုင်လည်း ဖယ်ဒရယ်ဒီမိုကရေစနစ်ကိုကျင့်သုံးတဲ့ အိန္ဒိယဟာ မြန်မာနိုင်ငံကိုလည်း ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် တရုတ်ရဲ့လွှမ်းမိုးမှုအောက်က ကင်းလွတ်ဖို့ ရည်မှန်းပြီး အိန္ဒိယရဲ့အကူအညီတွေဟာလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးဖြစ်စဉ်အတွက် အရေးပါလာနိုင်တယ်လို့ ယခုစာတမ်းမှာ သုံးသပ်ထားပါတယ်။

တရုတ်-အိန္ဒိယ အားပြိုင်မှုနဲ့  ၂၀၂၀ မြန်မာ့ရွေးကောက်ပွဲ

မြန်မာနိုင်ငံဟာ အကျိုးစီးပွားခြင်းပြိုင်ဆိုင်နေကြတဲ့ အင်အားကြီး နိုင်ငံနှစ်နိုင်ငံရဲ့ အကြားမှာရှိတာကြောင့် ဒီနှစ်နိုင်ငံအကြား သံတမန်ရေးရာမျှချေကို ထိန်းနိုင်ရေးဟာ အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးတို့အတွက် အရေးကြီးတယ်လို့ထောက်ပြထားပါတယ်။

တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးဟာ ၎င်းတို့ရဲ့ စီးပွားရေး၊ ပထဝီနိုင်ငံရေး အကျိုးစီးပွားအသီးသီးအတွက် မြန်မာ့ရွေးကောက်ပွဲဖြစ်စဉ်ကို နည်းလမ်းအဖုံဖုံနဲ့ ပါဝင်ပတ်သက်တာတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနဲ့ ဆက်ဆံရေးတည်ဆောက်တာတွေရှိပေမယ့် ရွေးကောက်ပွဲမှာ သိသိသာသာဝင်ရောက်စွက်ဖက်တယ်လို့ စွပ်စွဲမခံရအောင် ကြိုးစားနေပုံရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီက အများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်တယ်ဆိုတာ ကို နှစ်နိုင်ငံလုံးက များစွာ စိုးရိမ်မှုရှိကြပုံမပေါ်ပါဘူး။ နှစ်နိုင်ငံလုံးကလည်း အကြောင်းပြချက်ကိုယ်စီကြောင့် ရွေးကောက်ပွဲအလွန်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှုမြင့်မားနေဖို့ အလိုရှိကြပေမယ့် အိန္ဒိယကာ ဒီမိုကရေစီနည်းကျ တိုက်တွန်းနိုင်တယ် တယ်လို့ စာတမ်းရေးသူ သုံးသပ်ထားပါတယ်။ အိန္ဒိယဟာ NLD ပါတီဦးဆောင်ပြီး တိုင်းရင်းသား ဒီမိုကရက်တစ်ပါတီတွေလည်းပါဝင်တဲ့ အစိုးရတရပ်ကို လိုလားမှာဖြစ်ပြီး တရုတ်ကတော့ NLD ပါတီ ဦးဆောင်ပြီး တိုင်းရင်းသားပါတီတွေ အများအပြားနဲ့ တပ်မတော်တို့ ပေါင်းစပ်ဖွဲ့စည်းထားမယ့်ညွန့်ပေါင်းအစိုးရကို လိုလားလိမ့်မယ်လို့ စာတမ်းရှင်က သုံးသပ်ထားပါတယ်။ အိန္ဒိယကတော့ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ပိုမိုအထောက်အကူပြုလျက်ရှိပြီး တရုတ်နိုင်ငံဟာ ကုလသမဂ္ဂမှာရှိတဲ့ သူ့ရဲ့ ဗီတိုအာဏာကို သုံးပြီး မြန်မာနိုင်ငံကို နိုင်ငံတကာဖိအားတွေက ကာကွယ်ပေးရင်း အလွှာစုံဆက်ဆံရေးကို ထူထောင်ထားပါတယ်။

လေ့လာတွေ့ရှိချက်များနဲ့ အကြံပြုချက်များ

စာတမ်းရဲ့ နောက်ဆုံးအပိုင်းမှာတော့ လေ့လာတွေ့ရှိချက် လေးချက်နဲ့အတူ မြန်မာအစိုးအရအတွက် အကြံပြုချက် ခုနစ်ချက်၊ တရုတ်အတွက် အကြံပြုချက် လေးချက်၊ အိန္ဒိယအတွက် အကြံပြုချက် နှစ်ချက်နဲ့ နိုင်ငံတကာအသိုင်းအဝန်းအတွက် အကြံပြုချက် တချက်တို့ ပါဝင်ပါတယ်။ ဒီအချက်တွေထဲ စိတ်ဝင်စားဖွယ်ရာ၊ သတိပြုဖွယ်ရာ အချက်အချို့ကို ထုတ်နုတ်မိတ်ဆက်ပေးချင်ပါတယ်။

လေ့လာတွေ့ရှိချက် အချို့အနေနဲ့ တရုတ်နဲ့မြန်မာဟာ နယ်နိမိတ်ရှည်လျားစွာ ထိဆက်နေတဲ့အပြင် အကြောင်းကြောင်းတွေကြောင့် မြန်မာကလည်း တရုတ်နဲ့ ဆက်ဆံရေးအဆင်ပြေဖို့လိုသလို တရုတ်အနေနဲ့လည်း မြန်မာကို လိုအပ်တယ်လို့ ရေးသားထားပါတယ်။ တရုတ်ရဲ့ အလွှာစုံဆက်ဆံရေး တည်ဆောက်ခြင်းဟာ သူ့ရဲ့ စီးပွားရေးအကျိုးလိုလားမှုကြောင့် အဓိကဖြစ်ပြီး မြန်မာပြည်အပေါ်သာမက ဒေသတွင်းမှာ တရုတ်ရဲ့ လွှမ်းမိုးမှုကြီးမားလာတာကို ထောက်ရှုရင် မြန်မာနိုင်ငံရဲ့ ၂၀၂၀ ရွေးကောက်ပွဲဖြစ်စဉ်နဲ့ ရွေးကောက်ပွဲအလွန်အခြေအနေတွေအပေါ် တရုတ်ရဲ့ အရိပ်ထိုးမှုဟာ သွယ်ဝိုက်သော်လည်းကောင်း တိုက်ရိုက်သော်လည်းကောင်း ရှိလိမ့်မယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

အကြံပြုချက်တွေထဲမှာတော့ တရုတ်ဟာ မြစ်ဆုံစီမံကိန်းမှာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို လိုက်လျောပေးပြီး လူထုချင်းဆက်ဆံရေးကို အခိုင်အမာတည်ဆောက်နိုင်တယ်လို့ အကြံပြုထားပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း အိန္ဒိယနဲ့ ဆက်ဆံရေး ကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး တရုတ်လွှမ်းမိုးမှုကို မျှချေမှာရှိအောင် ထိန်းထားသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဥရောပနဲ့ အမေရိကတကြောက နိုင်ငံတွေရဲ့ ရွေးကောက်ပွဲစနစ်တွေကို ကျေလည်အောင် လေ့လာဖို့ မြန်မာအစိုးရက ဆောင်ရွက်သင့်တယ်လို့ အကြံပြုထားပါတယ်။ မြန်မာပြည်တွင်းက ပွင့်လင်းမြင်သာမှု အားနည်းတဲ့ တရုတ်စီမံကိန်းများနဲ့ ပတ်သက်လို့လည်း ရွေးကောက်ခံလွှတ်တော်ထဲမှာ ကောင်းကျိုးဆိုးပြစ်တွေ အကျေအလည်ဆွေးနွေးငြင်းခုံတဲ့ အလေ့အထ အားကောင်းလာအောင် ကြိုးပမ်းသင့်တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။ အိန္ဒိယအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေးတွေမှာ အလွှာစုံဆက်ဆံရေးကို အခိုင်အမာတည်ထောင်ပြီး ပိုမိုမဟာဗျူဟာကျတဲ့ သံတမန်ဆက်ဆံရေးတွေ တည်ဆောက်သင့်တယ်လို့ အကြံပြုထားပါတယ်။ နိုင်ငံတကာအဝန်းအဝိုင်းကလည်း မြန်မာနိုင်ငံမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့နဲ့ ဒီမိုကရေစီဖြစ်စဉ် ရှေ့ဆက်နိုင်ဖို့ နိုင်ငံရေးအင်စတီကျူးရှင်းတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို စွမ်းရည်မြှင့်တင်ရေးမှာ အထောက်အကူပေးသင့်တယ်လို့ ယခုစာတမ်းမှာ အကြံပြုဖော်ပြထားပါတယ်။

ထက်ရှိန်လင်း

The post မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲ – တရုတ်နှင့်အိန္ဒိယတို့၏ အကျိုးစီးပွားအားပြိုင်မှုများ appeared first on ISP Myanmar China Desk.

မြန်မာ့ သတင်းအချက်အလက် ရပ်ဝန်းကို ပုံဖော်ရန် တရုတ်၏ အားထုတ်မှုများ
စာတမ်းခေါင်းစဉ် – မြန်မာ့ သတင်းအချက်အလက် ရပ်ဝန်းကို ပုံဖော်ရန် တရုတ်၏ အားထုတ်မှုများ

ရေးသားသူ – Ryan Loomis and Heidi Holz

ထုတ်ဝေသည့်အဖွဲ့ – CNA

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀၊ စက်တင်ဘာ

စာတမ်းအပြည့်အစုံရယူရန် – China’s Efforts to Shape the Information Environment in Myanmar

နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံဆက်ဆံရာမှာ နိုင်ငံရေး၊ ကုန်သွယ်ရေး စတာတွေ ပြေလည်စေဖို့နဲ့ သက်ဆိုင်ရာနိုင်ငံကို ပိုမိုလွှမ်းမိုးနိုင်ဖို့ Soft Power (အနုနည်းနဲ့စည်းရုံးသိမ်းသွင်းနိုင်စွမ်း)ကို ဒီနေ့ခေတ် အင်အားကြီးနိုင်ငံ တော်တော်များများက အသုံးပြုလာကြပါတယ်။ စစ်အင်အားကြီးလို့ တဖက်သားက ရွံ့ကြောက်နေရမယ့် သမားရိုးကျ Hard Power အပြင် မိမိနိုင်ငံက ထုတ်လုပ်တဲ့ ရုပ်ရှင်၊ အနုပညာ၊ ဂီတနဲ့ သတင်း၊ ဆောင်းပါးတွေကို တဖက်နိုင်ငံသားတွေဆီ ရည်ရွယ်ချက်ရှိရှိ ပို့ဆောင်ကာ ကိုယ့်နိုင်ငံအပေါ် အကောင်းမြင်လာပြီး Soft Power တိုးအောင် ကြိုးစားလာကြတာ ဖြစ်ပါတယ်။  ရပ်နီးရပ်ဝေးနိုင်ငံတွေရဲ့ Soft Power တိုးလာဖို့ လှုပ်ရှားဆောင်ရွက်မှုတွေကို မြန်မာနိုင်ငံမှာလည်း တွေ့လာရတာပါ။ ၂၀၁၄ ခုနှစ်က ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ (၁၈)ကြိမ်မြောက် အမျိုးသားကွန်ဂရက်မှာ တရုတ်သမ္မတရှီကျင့်ဖျင်က “မိမိတို့အနေဖြင့် တရုတ် Soft Power ကို တိုးမြှင့်ရမယ်။ တရုတ်နဲ့ ပတ်သက်လို့ ကောင်းကြောင်းကိုသာ ပေးရမယ်။ ကမ္ဘာကို တရုတ်ပေးချင်တဲ့ သတင်းစကားတွေ ကောင်းကောင်းမွန်မွန် ရောက်ရှိအောင် ဆောင်ရွက်ရမယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး ကမ္ဘာတဝန်း တရုတ် Soft Power လှုပ်ရှားမှုတွေ တိုးလာပြီး မြန်မာနိုင်ငံမှာလည်း ပြည်သူလူထုလက်လှမ်းမီသမျှ မီဒီယာတွေမှာ တရုတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တိုး၍ တွေ့လာနေရပါတယ်။ ဒီလိုတိုးလာတာတွေကို စနစ်တကျ သုံးသပ်ထားတဲ့ စိတ်ဝင်စားဖွယ် သုတေသန စာတမ်းတစောင်ကို မိတ်ဆက်ပေးလိုပါတယ်။

(တရုတ်ရဲ့ Soft Power သတင်းများကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီမှ စတင်ကာ ISP-Myanmar China Desk က စာရင်းပြုစုထားရှိပါတယ်။ တရုတ်ရဲ့ Soft Power သတင်းများကို ဖတ်ရှုရန်

တရုတ်ရဲ့ ကြော်ငြာဆောင်းပါးများကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီမှ စတင်ကာ ISP-Myanmar China Desk က စာရင်းပြုစုထားရှိပါတယ်။ တရုတ်ရဲ့ ကြော်ငြာဆောင်းပါးများကို ဖတ်ရှုရန်)

Ryan Loomis နဲ့ Heidi Holz ရေးသားပြီး CNA က ထုတ်ဝေတဲ့ China’s Efforts to Shape the Information Environment in Myanmar(မြန်မာ့ သတင်းအချက်အလက် ရပ်ဝန်းကို ပုံဖော်ရန် တရုတ်၏ အားထုတ်မှုများ) သုတေသနစာတမ်းဟာ မြန်မာ့ မီဒီယာရပ်ဝန်းမှာ တရုတ်ရဲ့ ပါဝင်ဆောင်ရွက်မှု များပြားလာတာကို ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ အချက်အလက်အခြေပြု သုံးသပ်ထားပြီး အဆိုပါ လုပ်ရပ်တွေရဲ့ သက်ရောက်မှုတွေကို ဆန်းစစ်ထားတာ ဖြစ်ပါတယ်။ CNA အနေနဲ့ တခြားဒေသတွင်း နိုင်ငံတွေမှာ လုပ်ဆောင်နေတဲ့ တရုတ်ရဲ့ အားထုတ်မှုတွေကိုလည်း သုံးသပ်ထားကာ ယခုစာတမ်းဟာလည်း အဆိုပါ သုတေသန စာတမ်းများအနက်မှ တခုဖြစ်ပါတယ်။ ဒီစာတမ်းမှာ ဖြစ်ရပ်များ၊ ဇယားများ၊ ပုံကားချပ်များ၊ Box Story များ၊ မြေပုံများပါဝင်ပြီး မြောက်မြားစွာသော အချက်အလက်များကို နှိုင်းယှဉ်သုံးသပ်ထားပါတယ်။

စာတမ်းကို အပိုင်း သုံးပိုင်းခွဲပြီး ရေးသားထားပါတယ်။ ပထမပိုင်းမှာတော့ မြန်မာ့ သတင်းအချက်အလက် ရပ်ဝန်းကို ခြုံငုံသုံးသပ်ချက်နဲ့ စဖွင့်ထားပါတယ်။ ဒီကဏ္ဍမှာ မြန်မာပြည်နေရာအနှံ့အပြားက သတင်းဌာနတွေ၊ Facebook လူမှုကွန်ရက်ရဲ့ အရေးပါပုံ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ တရားဥပဒေ၊ နိုင်ငံတကာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ၊ ထင်ရှားတဲ့ သတင်းဌာနတွေရဲ့ အမျိုးအစား၊ တင်ဆက်ပုံ၊ လူမှုကွန်ရက် ပရိသတ်အရေအတွက်၊ ပိုင်ရှင် စတာတွေကို ခွဲခြမ်းစိတ်ဖြာဖော်ပြထားတာကြောင့် မြန်မာနိုင်ငံ သတင်းအချက်အလက် ရပ်ဝန်းရဲ့ နောက်ခံအခြေအနေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယပိုင်းကတော့ စာတမ်းရဲ့ အဓိက အကြောင်းအရာဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ မြန်မာ့ သတင်းအချက်အလက် ရပ်ဝန်းအပေါ် လွှမ်းမိုးဖို့ ကြိုးစားတဲ့ အားထုတ်မှုတွေကို လေ့လာထားတာ ဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင် ရေးထားတဲ့ ဆောင်းပါးကို နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြတာကစလို့ မြန်မာ-တရုတ်မီဒီယာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဆက်သွယ်ရေးကဏ္ဍမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုတွေကို Facebook လူမှုကွန်ရက်အပါအဝင် မီဒီယာမျိုးစုံမှာ အကောင်းမြင် ဖော်ပြစေတာတွေအပြင် အခုနောက်ဆုံး ကိုဗစ်-၁၉ ကပ်ရောဂါဟာ အမေရိကန် သုတေသနစခန်းမှ စတင်တယ်လို့ တရုတ် CRI Facebook စာမျက်နှာကနေ မြန်မာဘာသာနဲ့ ဖော်ပြချက်တွေအထိ ထဲထဲဝင်ဝင် သုတေသနပြု လေ့လာထားပါတယ်။ တဆက်တည်းမှာပဲ ဒီလို အားထုတ်ရတာရဲ့ ရည်ရွယ်ချက်တွေ၊ နောက်ပြီး တရုတ်ရဲ့ မြန်မာပြည်သူတွေ အဓိကအာရုံစိုက်စေချင်တဲ့ အကြောင်းအရာတွေအပေါ် စာရေးသူတွေရဲ့ သုံးသပ်ချက်တွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ထူးခြားတာက အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတခုလုံးမှာ Facebook လူမှုကွန်ရက်ပေါ်က တရုတ်နိုင်ငံပိုင် မီဒီယာစာမျက်နှာရဲ့ ပရိသတ်အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်တယ်ဆိုတာပါပဲ။

(တရုတ်၏ အလွှာစုံဆက်ဆံရေးမဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို ဖတ်ရှုရန်)

နောက်ဆုံးပိုင်းကတော့ တရုတ်ရဲ့ အထက်ပါ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လောက် ထိရောက်မှုရှိနိုင်သလဲဆိုတဲ့ ဆန်းစစ်ချက်တွေကို ဖတ်ရှုရမှာပါ။ ပြည်သူလူထုကြားထဲမှာ တရုတ်နိုင်ငံအပေါ် မလိုလားမှုတွေ ရှိနေတာကြောင့် အခုလိုတရုတ်ရဲ့ မီဒီယာရပ်ဝန်း ပုံဖော်မှုဟာ တရုတ်အတွက် ရှုပ်ထွေးမှုတွေကိုသာ ဖြစ်ပေါ်စေနိုင်ပြီး တရုတ်ကောင်းသတင်း ပျံ့နှံ့မှုဟာလည်း အကန့်အသတ်သာ ရှိနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ တိုးပွားလာတဲ့ တရုတ်မီဒီယာတွေအပေါ် မြန်မာပြည်တွင်းရှိ ပြည်သူတွေရဲ့ အမြင်ကိုလည်း ဖော်ပြထားပြီး စောင့်ကြည့်ရမယ့် အချက်တွေကိုလည်း ထုတ်နုတ်ထားတဲ့အတွက် တရုတ်အရေးလေ့လာစောင့်ကြည့်သူတွေ ဖတ်ရှုသင့်တဲ့ စာတမ်းတစောင်လည်း ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ခြုံငုံသုံးသပ်ရရင်ကတော့ ၂၁-ရာစုမှာ တနိုင်ငံက တနိုင်ငံကို Soft Power ရောက်အောင် ကြိုစားအားထုတ်မှုတွေက ပိုပြီးတွေ့မြင်လာရမှာပါ။ မြန်မာနိုင်ငံအပေါ် အခြားနိုင်ငံတွေရဲ့ ဝင်ရောက်ထိုးဖောက်နိုင်တာတွေထက် တရုတ်ရဲ့ အားထုတ်မှုတွေက ပိုမိုထင်သာမြင်သာရှိနေပြီး ပြည်တွင်း တရုတ်အကျိုးစီးပွားအများစုနဲ့ ချိတ်ဆက်နေပါတယ်။ ဒီလို သွယ်ဝိုက်သောနည်းနဲ့ စည်းရုံးသိမ်းသွင်းတာကြောင့် တိုက်ရိုက်ကျတဲ့ မြန်မာ့အကျိုးစီးပွားကို ထိခိုက်ခြင်း မရှိအောင်လည်း ကိုင်တွယ်နိုင်ဖို့ အရေးကြီးပါတယ်။

(မြန်မာပြည်သူလူထု၏ တရုတ်အပေါ် ထင်မြင်ချက် အချို့ကို ဖတ်ရှုလိုပါက – https://ispmyanmarchinadesk.com/dialogue/facebook-reactions-on-us-china-argument/)

သုတေသနစာတမ်း မူရင်းအနှစ်ချုပ်

တရုတ်ကွန်မြူနစ်ပါတီသည် ကမ္ဘာတဝန်းရှိ ပြည်သူများအတွက် တရုတ်ပြည်နှင့်ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိနားလည်နိုင်ရန် စည်းရုံးလှုပ်ရှားမှုတရပ် စတင်ခဲ့သည်။

ယခုစာတမ်းသည် မဲခေါင်ဒေသနိုင်ငံများ (လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း)၏ မီဒီယာရပ်ဝန်းကို ပုံဖော်ရန် တရုတ်၏ လွှမ်းမိုးအားထုတ်နေခြင်းကို သုံးသပ်ထားမှုများ၏ အစိတ်အပိုင်းတခု ဖြစ်သည်။

ယခုစာတမ်း၌ မြန်မာပြည်တွင်း အခြေအနေများကို အဓိက အာရုံစိုက်ထားသည်။

တရုတ်၏ အားထုတ်မှုကို ဆက်စပ်စဉ်းစားရန်အတွက် စာတမ်းကို မြန်မာ့ သတင်းအချက်အလက်ရပ်ဝန်း ခြုံငုံသုံးသပ်ချက်နှင့် စထားသည်။ အဆိုပါသုံးသပ်ချက်၌ သတင်းနှင့် အချက်အလက်ဖြန့်ဝေရာတွင် အဓိကကျပြီး ထင်မြင်ချက်များကို ပုံဖော်နိုင်သည့် လူတဦးချင်း၊ အဖွဲ့အစည်းများ၊ စနစ်များ ပါဝင်သည်။

ထို့နောက် တရုတ်၏ မြန်မာပရိသတ်ထံ ရောက်ရှိစေလိုသော အဓိကအချက်များကို ဖော်ထုတ်ထားပြီး တခုချင်းစီအတွက် အသုံးပြုနေသော နည်းဗျူဟာများ၊ ကြားခံများ၊ နည်းလမ်းများကိုလည်း ဆန်းစစ်ထားသည်။

နိဂုံးချုပ်ရာ၌ တရုတ်ခြေရာများလာသည့် မြန်မာ့ သတင်းအချက်အလက်ရပ်ဝန်းတွင် တရုတ်၏ အားထုတ်မှုများနှင့် စောင့်ကြည့်ရမည့် အကြောင်းအရာများမှ သက်ရောက်နိုင်မှုများကို လေ့လာဆွေးနွေးထားသည်။

အဓိကရှာဖွေတွေ့ရှိချက်များ

မြန်မာ့ သတင်းအချက်အလက် ရပ်ဝန်းတွင် တရုတ်က ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာပြီး အဓိကကျသော တရုတ်၏ အားထုတ်မှုများမှာ

မြောက်မြားစွာသော တရုတ်မီဒီယာများသည် သတင်းများကို မြန်မာဘာသာဖြင့် ရေးသားလာခြင်း

တရုတ်မီဒီယာများသည် မြန်မာအစိုးရပိုင် သတင်းဌာနများသာမက ပုဂ္ဂလိက မီဒီယာများနှင့်ပါ သတင်းမျှဝေလာကြခြင်း

တရုတ်မီဒီယာများသည် မြန်မာဘာသာဖြင့် Facebook လူမှုကွန်ရက်စာမျက်နှာများ ဖွင့်လှစ်လာခြင်း

မြန်မာသတင်းစာဆရာများအတွက် ဖိုရမ်များ၊ သင်တန်းများ၊ လေ့လာရေးခရီးများကို အကုန်အကျခံပေးခြင်းအားဖြင့် တရုတ်လွှမ်းမိုးမှုရှိအောင် ကြိုးစားလာခြင်း

မြန်မာပရိသတ်ကို ဦးတည်သော ဖျော်ဖြေရေးအစီအစဉ်များကို တရုတ်မီဒီယာများမှ ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းထုတ်လုပ်လာခြင်း

တရုတ်ကုမ္ပဏီများက အနာဂတ်တွင် နေရာပိုမိုရရှိနိုင်ရန်အတွက် မြန်မာ့ ဆက်သွယ်ရေး ဈေးကွက်တစိတ်တပိုင်းကို ရယူလိုခြင်း

ထိုကဲ့သို့ ကြိုးပမ်းအားထုတ်မှုများ ရှိနေသော်လည်း တရုတ်မီဒီယာများမှာ လူသိများထင်ရှားမှုတွင် အခြားနိုင်ငံခြားသတင်းဌာနများကို ကျော်လွှားနိုင်ခြင်း မရှိသေးပါ။

တရုတ်မီဒီယာများ မြန်မာနိုင်ငံအတွင်း ခြေကုပ်ယူမှုမှ တဆင့် ၎င်း၏ မဟာဗျူဟာ အကျိုးစီးပွားများ ပိုမိုခိုင်မာအောင် ကြိုးပမ်းလျက်ရှိသည်။ ထိုသို့ကြိုးပမ်းရာတွင် တရုတ်၏ မြန်မာပရိသတ်ထံ ရောက်ရှိစေလိုသော အဓိကအချက်များမှာ

တရုတ်-မြန်မာ ရင်းနှီးချစ်ကြည်မှုသည် တမူထူးခြားခြင်း

တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာပြည်အတွက် အကျိုးရှိစေခြင်း

ရိုဟင်ဂျာအရေးတွင် မြန်မာပြည်၏ ကြိုးပမ်းမှုများကို အနောက်အုပ်စုများနှင့် မတူညီပဲ ဘေဂျင်းက ထောက်ခံရပ်တည်ပေးခြင်း

တရုတ်က COVID-19 တိုက်ဖျက်ရေးတွင် မြန်မာအတွက် ကူညီထောက်ပံ့ပေးခြင်း

ပြည်သူလူထုကြားတွင် တရုတ်မလိုလားချက်များ ရှိနေသောကြောင့် တရုတ်၏ မီဒီယာရပ်ဝန်း ပုံဖော်မှုသည် တရုတ်အတွက် ရှုပ်ထွေးမှုများကိုသာ ဖြစ်ပေါ်စေနိုင်ပြီး တရုတ်ကောင်းသတင်း ပျံ့နှံ့မှုသည်လည်း အကန့်အသတ်သာ ရှိနိုင်သည်။

သန့်အောင်ပိုင်

The post မြန်မာ့ သတင်းအချက်အလက် ရပ်ဝန်းကို ပုံဖော်ရန် တရုတ်၏ အားထုတ်မှုများ appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းတလျှောက် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း
စာတမ်းခေါင်းစဉ် – တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းတလျှောက် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း /လတ်တလောအကျိုးစီးပွားနှင့် ရေရှည်အားထုတ်ရမည့် ငြိမ်းချမ်းရေးအလားအလာ

ရေးသားသူ – ခင်ခင်ကျော်ကြီး

ထုတ်ဝေသည့်အဖွဲ့အစည်း – ISP-Myanmar

ထုတ်ဝေသည့်ကာလ – ၂၀၁၉ ဒီဇင်ဘာ

စာတမ်းအပြည့်အစုံရယူရန် – မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေဖြန့်ချိထားသည့် စာတမ်းအပြည့်အစုံကို အင်းဝစာအုပ်ဆိုင်(ပန်းဆိုးတန်း၊ လှည်းတန်း)၊ ရာပြည့်စာအုပ်ဆိုင်(ပန်းဆိုးတန်း)၊ မျိုးဆက်သစ်စာပေ၊ လူထုစာအုပ်ဆိုင်(မန္တလေး) တို့တွင် ဝယ်ယူနိုင်သလို စာတိုက်မှတဆင့် အိမ်အရောက်ဝန်ဆောင်မှု ရယူလိုပါက ဖုန်း – ၀၉ ၂၆၃၉၁၆၆၃၃ သို့ ဆက်သွယ်နိုင်ပါသည်။

စာတမ်းအကျဉ်းချုပ်

ယခုစာတမ်းသည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)မှ ထုတ်ဝေသော တရုတ်-မြန်မာဆက်ဆံရေး သုတေသနစာတမ်းတွဲများအနက် တတိယမြောက်စာတမ်းဖြစ်သည်။

တရုတ်နိုင်ငံသည် ရပ်ဝန်းလမ်းကြောင်းအဆိုပြုချက်ခေါင်းစဉ်အောက်မှ စီမံကိန်းများကို မြန်မာနိုင်ငံ၌ ဖော်ဆောင်လျက်ရှိသည်။ ယခုစာတမ်းတွင် ထိုစီမံကိန်းများအနက်မှ အဓိကစီမံကိန်းတခုဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းစိမံကိန်းကို လေ့လာထားပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စင်္ကြံလမ်း၏ သက်ရောက်နိုင်မှုအား ဆန်းစစ်ထားသည်။

တရုတ်နိုင်ငံသည် ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကို ‘ငြိမ်းချမ်းရေးသို့ သွားရာလမ်း’ အဖြစ် ထုတ်ဖော်ပြောဆိုလေ့ရှိသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးကာ ငြိမ်းချမ်းရေးတည်ဆောက်မှုအား အထောက်အပံ့ဖြစ်စေမည်ဟု ဆိုပါသည်။ ယင်းကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရေးအခြေပြုသည့် ငြိမ်းချမ်းရေးဆောင်ရွက်မှုသည် လက်တွေ့တွင် မည်သည့်အတိုင်းအတာအထိ အကျိုးဖြစ်ထွန်းမှုရှိသနည်းဆိုသည်ကို သုတေသီ ခင်ခင်ကျော်ကြီးက စာတမ်း၌ ပိုင်းခြားဆန်းစစ်ထားသည်။

တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှ တရုတ်၏အခန်းကဏ္ဍနှင့်ဆက်စပ်ပြီး မူဝါဒအသိုင်းအဝိုင်းအတွင်းတွင် ပြောလေ့ပြောထရှိသော ယေဘုယျယူဆချက် အမြင်နှစ်ခုရှိသည်။ ပထမယူဆချက်မှာ တရုတ်သည် မိမိ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း အောင်မြင်စေရန်အတွက် မြန်မာ့ငြိမ်းချမ်းရေးကို လိုလားသည်ဖြစ်ရာ ထိုစီမံကိန်းသည် မြန်မာ့ငြိမ်းချမ်းရေးကို အထောက်အကူပြုလိမ့်မည်။ ဒုတိယတချက်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းသည် ပဋိပက္ခ၏ အဓိကအရင်းခံတခု ဖြစ်သောကြောင့် ရပ်ဝန်းလမ်းကြောင်းစီမံကိန်းမှပေးမည့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်လိမ့်မည်။

တရုတ်၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း၏ အမှတ်လက္ခဏာစီမံကိန်းတခုဖြစ်သော တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းသည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးမထားသော တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့ အခြေစိုက်သည့် တည်ငြိမ်မှုမရှိသော မြန်မာနိုင်ငံမြောက်ပိုင်းဒေသအား ဖြတ်သန်းသွားမည်ဖြစ်သည်။ တရုတ်သည် ရပ်ဝန်းလမ်းကြောင်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပိုမိုတက်ကြွစွာ ပါဝင်လာကာ တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) တွင် ပါဝင်လက်မှတ်ထိုးလာစေရန် တိုက်တွန်းအားပေးလာခဲ့သည်။

တရုတ်သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ လက်နက်ကိုင်များကို အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်ထိုးရန် တွန်းအားပေးလာခဲ့သော်လည်း ထိုတွန်းအားပေးမှုသည် နယ်စပ်တွင် တိုက်ပွဲများရပ်ရေးအတွက် တရားဝင်စေသော အပစ်ရပ်စာချုပ်တခုရရှိရေးအပေါ်တွင်သာ အခြေခံသော စဉ်းစားချက်မျိုးဖြစ်ပြီး ရေရှည်ငြိမ်းချမ်းရေးတည်ဆောက်ရေး အလားအလာများအား ထည့်သွင်းစဉ်းစားရန် အားနည်းနေသေးသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်တွင် များစွာသက်ရောက်မှု ရှိမည်ဖြစ်သည်။ လက်ရှိ လက်နက်ကိုင်ပဋိပက္ခများကို ကြီးမားလာစေနိုင်သလို ပဋိပက္ခအသစ်များကိုလည်း ပေါ်ပေါက်လာစေနိုင်သည်။ အဓိကတွေ့ရနိုင်သော စိန်ခေါ်မှုတချို့မှာ ပဋိပက္ခနယ်မြေများတွင် စစ်ရေးအရချဲ့ထွင်မှုများ ဖြစ်လာနိုင်ခြင်း၊ စီမံကိန်း၏ သက်ရောက်မှုများက ဒေသခံပြည်သူတို့အား နစ်နာစေခြင်းဖြင့် မကျေနပ်မှုများ ကြီးမားလာစေခြင်းများနှင့် စီမံကိန်းနှင့်ပတ်သက်လျက်ရှိသော အကျိုးစီးပွားအသစ်များကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်အား ပိုမိုရှုပ်ထွေးသွားစေနိုင်ခြင်းတို့ပါဝင်သည်။ သို့ဖြစ်ရာ ရေတိုအကျိုးစီးပွားအတွက် ရေရည်အကျိုးဆက်များကို စဉ်းစားရန် ပျက်ကွက်ခြင်းသည် ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည်။

The post တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းတလျှောက် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း appeared first on ISP Myanmar China Desk.

Security and Economy on the Belt and Road: Three Country Case Study
စာတမ်းအမည် – Security
and Economy on the Belt and Road: Three Country Case Study

ရေးသားသူ – Henrik Hallgren and Richard Ghiasy

ထုတ်ဝေသည့်အဖွဲ့ – SIPRI Insights on Peace and Security

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၇၊ ဒီဇင်ဘာ

စာတမ်းအပြည့်အစုံ – Security and Economy on the Belt and Road: Three Country Case Study

စာတမ်းအကျဉ်းချုပ်

ရပ်ဝန်းနှင့် လမ်းကြောင်း(BRI)စီမံကိန်း အဆိုပြုချက်သည်
တရုတ်နိုင်ငံအနေနှင့်  ၎င်း
ကြုံတွေ့ရနေရသည့် ပြည်တွင်းနှင့် ပြည်ပ တွန်းအားများအား တုန့်ပြန်မှု
တစ်ခုဖြစ်သည်။ ထိုစီမံကိန်းသည် စီမံကိန်းတွင်ပါဝင်သော နိုင်ငံများအကြား
နီးကပ်စွာချိတ်ဆက်ရေးနှင့် တည်ငြိမ်မှုများကို ဖန်တီးပေးနိုင်မည့်
အလားအလာများရှိသည်။

သို့သော် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်နှင့် အပြုသဘောမဆောင်သော
တုန့်ပြန်မှုများကို လျော့ပါးစေရန်အတွက် များပြားသောဒေသခံများနှင့်
နိုင်ငံတကာမှပါဝင်ပတ်နိုင်သည့် သူများအား ပိုမိုကျယ်ပြန့်စွာ ထည့်သွင်းစဉ်းစာရန် လိုအပ်သည်။

ဤစာတမ်းမှ ထောက်ပြထားသည်မှာ ရပ်ဝန်းနှင့် လမ်းကြောင်း(BRI)အဆိုပြုချက်အောက်တွင်ရှိသော စီမံကိန်းများသည် စီမံကိန်းဒေသများနှင့်
နယ်စပ်ဖြတ်ကျော်လုံခြုံရေးတွင် သက်ရောက်မှုများရှိလာမည်ဖြစ်သည်။
ထိုစီမံကိန်းများသည် အိမ်ရှင်နိုင်ငံများရှိ ယန္တရားများ၊ အဖွဲ့အစည်းများ၏ အားနည်းချက်များကို
ပိုမိုသိသာလာစေသလို ဘယ်လာရု၊ မြန်မာနှင့် ဥဇဘက်ကစ္စတန် နိုင်ငံများ၏ ဥပမာများတွင် တွေ့ရှိနိုင်သည်။

ရပ်၀န်းနှင့် လမ်းကြောင်း(BRI)အဆိုပြုချက်
အောင်မြင်ရေးအတွက်  လိုအပ်ချက်များနှင့်အတူ
တရုတ်နိုင်ငံသည် လုံခြုံရေးရာပူးပေါင်းဆောင်ရွက်မှုများတွင်
ပိုမိုတက်ကြွစွာပါဝင်လာသည်။ တရုတ်နိုင်ငံ၏ဆောင်ရွက်မှုများသည်
ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ခြင်းဟူသည့် ၄င်း၏ မူဝါဒများ တစတစပြောင်းလဲလာမှုများကို
ထင်ဟပ်လျက်ရှိသည်။ သို့သော် မျက်မှောက်အချိန်အထိ လေ့လာချက်များအရ တရုတ်နိုင်ငံ၏ ရပ်၀န်းနှင့်
လမ်းကြောင်း(BRI)စီမံကိန်းများနှင့်
စပ်လျဉ်းသည့် လုံခြုံရေးရာကိစ္စရပ်များကို ကိုင်တွယ်ပုံသည် တသတ်မတ်ထဲမရှိသေးသည်ကို
တွေ့ရသည်။

ယခု စာတမ်းတွင် တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်းတွင်ပါဝင်သော နိုင်ငံရေး၊
စီးပွားရေးနှင့် လုံခြုံရေး အနောက်ခံ မတူညီသည့် ဘယ်လာရု၊ မြန်မာနှင့် ဥဇဘက်ကစ္စတန်
နိုင်ငံတို့တွင် မည်သို့သော စီးပွားရေးနှင့် လုံခြုံရေးရှုထောင့်များကို
အသုံးပြုသည်ကို ရေးသားထားပါသည်။

The post Security and Economy on the Belt and Road: Three Country Case Study appeared first on ISP Myanmar China Desk.

China and Myanmar’s Peace Process
စာတမ်းအမည် – China and Myanmar’s Peace Process

ရေးသားသူ – Yun Sun

ထုတ်ဝေသည့်အဖွဲ့ – United States Institute of Peace

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၇၊ မတ်

စာတမ်းအပြည့်အစုံ – China and Myanmar’s Peace Process

စာတမ်းအကျဉ်းချုပ်

မြန်မာ့နိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်ရှိ
အကျိုးစီးပွားကို တရုတ်နိုင်ငံ၏ စိတ်ဝင်စားမှုများသည် ကချင်နှင့်
ရှမ်းပြည်နယ်များရှိ တိုင်းရင်းသားလက်နက်ကိုင်များ၊ အထူးသဖြင့်
ကချင်လွက်မြောက်ရေးတပ်မတော်(KIA)၊ ဝ(UWSA)နှင့် ကိုးကန့်(MNDAA) လက်နက်ကိုင်တပ်ဖွဲ့တို့နှင့်
အဓိကဆက်စပ်လျက်ရှိသည်။

ယင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်
တရုတ်နိုင်ငံအတွင်းတွင် နေထိုင်ကြသော တိုင်ရင်းသားများနှင့် သမိုင်းနှင့်
ယဉ်ကျေးမှုချင်း နီးစပ်သည်သာမက နိုင်ငံရေးနှင့် စီးပွားရေး ချိတ်ဆက်မှုများပါ
ရှိသည်။

တရုတ်နိင်သည်
အခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေးနှင့်
ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများကို ပံ့ပေးပေးခြင်းဟူသော
နိုင်ငံခြားရေးမှုဝါဒကို တရားဝင်ကိုင်စွဲထားသည်။ သို့သော် လက်တွေ့တွင်
တရုတ်နိုင်ငံ၏ လုပ်ရပ်များမှာ ချမှတ်ထားသည့် မူဝါဒများနှင့် ကိုက်ညီမှုရှိ၊ မရှိ
ဆိုသည်မှာ ဒွိဟဖြစ်စေသည်။

လက်တလောတွင် မြန်မာနိုင်ငံ၌
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကြား ငြိမ်းချမ်းရေး ရရှိနိုင်မည်ဟု
တရုတ်နိုင်ငံအနေနှင့် မယုံကြည်ပါ။ ထို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း
တရုတ်နိုင်ငံ၏ ပါဝင်မှုများသည် မရေရာသော အခြေအနေများစွာအတွက်
ကြိုတင်ပြင်ဆင်ရန်နှင့်
လူးသာလွန့်သာရှိစေရန် ဦးစားပေးစဉ်းစားသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းများသို့ အထူးအကျိုးစီးပွားများရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏
ငွေကြေးအထောက်အပံ့များပေးမှုများသည် မြန်မာ့ငြိမ်းချမ်းရေးတွင် တရုတ်နိုင်ငံ၏
ပါဝင်ပတ်သတ်မှုအခန်းကဏ္ဍကို ပိုမိုရူပ်ထွေးသွားစေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့(NLD) အစိုးရလက်ထက်တွင်
တရုတ်-မြန်မာဆက်ဆံရေးမှာ တိုးတက်လာသည်။ ၂၀၁၆ ခုနှစ်တွင် ကျင်းပသော ငြိမ်းချမ်းရေး
ညီလာခံတက်ရောက်ရန် တရုတ်နိုင်ငံသည် တိုင်းရင်းသား လက်နက်ကိုင်များကို
ဖျောင်းဖျတိုက်တွန်းခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ အနာဂတ်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံ၏ ပါဝင်မှုသည်
နှစ်နိုင်ငံဆက်ဆံရေး၏လားရာနှင့် တရုတ်နိုင်ငံ၏ မိမိ၏အကျိုးစီးပွားကို
အဓိပ္ပာယ်ဖွင့်၊ ရှုမြင်ပုံ ပြောင်းလဲမှုများအပေါ်တွင် အခြေခံမည်ဖြစ်ပါသည်။

The post China and Myanmar’s Peace Process appeared first on ISP Myanmar China Desk.

Repositioning Yunnan: security and China’s geoeconomic engagement with Myanmar
စာတမ်းအမည် – Repositioning Yunnan: security and China’s geoeconomic
engagement with Myanmar

ရေးသားသူ – Xiaobo Su

ထုတ်ဝေသည့်အဖွဲ့ – Routledge

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၆၊ ဇွန်

စာတမ်းအပြည့်အစုံ – Repositioning Yunnan: security and China’s geoeconomic engagement with Myanmar

စာတမ်းအကျဉ်းချုပ်

မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ပထဝီစီးပွားရေး ဆက်ဆံမှုသည် တရုတ်-ယူနန်
နယ်စပ် လူမှုလုံခြုံရေး၊  ကမ္ဘာလုံးဆိုင်ရာ
ဖြန့်ကျက်လျက်ရှိသော တရုတ်ရင်းနှီးမြုပ်နှံမှုများ၏ စီးပွားရေးလုံခြုံရေးနှင့်
စွမ်းအင်လုံခြုံရေးအပေါ် အခြေခံသည်။

ယင်းဆက်ဆံရေးတွင် ယူနန်ပြည်နယ်သည် မဟာဗျူဟာမြောက် ပေါင်းကူးတံတားသဖွယ် ပါဝင်လျက်ရှိသည်။
ထရုတ်-မြန်မာပထဝီစီးပွားရေး ဆက်စပ်မှုများကို နားလည်ရန် နိုင်ငံဖြတ်ကျော်အဓိက
စီမံကိန်း နှစ်ခုဖြစ်သော မြန်မာနိုင်ငံမြောက်ပိုင်း၌ ယူနန်ပြည်နယ်၏
စိုက်ပျိုးရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုနှင့် တရုတ်-မြန်မာ ရေနံနှင့် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းအကြောင်းကို
ယခုစာတမ်းတွင် လေ့လာသုံးသပ်ထားပါသည်။

ယူနန်ပြည်နယ်ကို ပေါင်းကူးတံတကားသဖွယ် မဟာဗျူဟာမြောက်စဉ်းစားချက်များသည်
အရေးပါသော အနေအထားကောင်းရှိသည့် နေရာအဖြစ် ဦးတည်လာခြင်းသည် တရုတ်တို့က
မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပထဝီနိုင်ငံရေးသာမက စီးပွားရေးသဘောတရားအရပါ
ထည့်သွင်းစဉ်းစားလာကြောင်းကို ပြသနေသည်။ ထိုမှတဆင့် ယူနန်ပြည်နယ်၏ ပထဝီစီးပွားရေး
အခန်းကဏ္ဍကို အလေးစဉ်းစားခြင်းဖြင့် တရုတ်နိုင်ငံသည်
အိမ်နီးချင်းနိုင်ငံများပါဝင်သော တရုတ်နိုင်ငံဗဟိုပြု ကုန်ထုတ်လုပ်မှုနှင့်
စားသုံးမှုကွန်ရက် တည်ဆောက်ရန်ရည်ရွယ်သည်။

The post Repositioning Yunnan: security and China’s geoeconomic engagement with Myanmar appeared first on ISP Myanmar China Desk.

The March 2015 Bombings of Yunnan and the Decline in Sino- Myanmar Relations 2015
စာတမ်းအမည် – The March 2015 Bombings of Yunnan and the Decline in Sino-

Myanmar Relations 2015

ရေးသားသူ – Alvin Cheng-Hin Lim

ထုတ်ဝေသည့်အဖွဲ့ – The Asia Pacific Journal

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၅၊ ဧပြီ

စာတမ်းအပြည့်အစုံ – The March 2015 Bombings of Yunnan and the Decline in Sino- Myanmar Relations 2015

စာတမ်းအကျဉ်းချုပ်

၂၀၁၅ ခုနှစ်၊ မတ်လ ၈ ရက်နှင့် ၁၃ ရက်နေ့တို့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းသို့ မြန်မာနိုင်ငံဘက်မှ မတော်တဆဗုံးကြဲချခဲ့ခြင်းသည် လက်ရှိတရုတ်-မြန်မာဆက်ဆံရေးကို လျော့ကျသွားစေသည့် ရှေ့ပြေးလက္ခဏာ ဖြစ်သည်။

ယခုစာတမ်းတွင် ပထမဦးစွာ ယူနန်ပြည်နယ်ဘက်သို့ ဗုံးကြဲချမှုကို ဦးတည်စေသော မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသဘက်က လက်ရှိမငြိမ်မသက်မှုကို လေ့လာထားသည်။ ကိုးကန့်ဒေသတွင်ဖြစ်ပေါ်ခဲ့သည့် မငြိမ်မသက်မှုများကို တရုတ်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့ကြား ဆက်ဆံရေးများကြောင့် တရုတ်နိုင်ငံအပေါ်တွင် ကာလရှည်ကြာရှိနေခဲ့သော မြန်မာအစိုးရ၏ သံသယတို့နှင့် ချိတ်ဆက်ထားသည်။ ထို့နောက်တွင် ၁၉၈၈ မှ စတင်ကာ ၂၀၁၁ မတိုင်မီအထိ နိုင်ငံတကာမှ ပိတ်ဆို့ထားခဲ့သောကြောင့် တရုတ်နိုင်ငံနှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေးတည်ဆောက်ရန်မှာ မြန်မာနိုင်ငံအတွက် လိုအပ်ချက်တစ်ခုဖြစ်လာခဲ့သည်။

သို့သော် ထိုရင်းနှီသောဆက်ဆံရေးသည်  ၂၀၁၁ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန်နှင့် ဆက်ဆံရေးတို့  ပြန်လည်နီးကပ်မလာခင်အချိန်အထိသာ ဖြစ်သည်။

နောက်ဆုံးပိုင်း၌ ၂၀၁၁ ခုနှစ်တွင် မြန်မာအစိုးရက တရုတ်၏ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပြီးနောက်ပိုင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများပြိုလဲခြင်းကို ထောက်ပြထားပြီး အိန္ဒိယသမုဒ္ဒရာမှ ယူနန်ပြည်နယ်သို့ ချိတ်ဆက်ထားသော ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရေရှည်စွမ်းအင်လုံခြုံရေးအတွက် မရှိမဖြစ် အရေးပါခြင်းကိုလည်း ပြောဆိုထားသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ခြင်းမှာ တရုတ်နိုင်ငံခြားရေးမူဝါဒ အသိုင်းအဝိုင်းအတွက် အရေးပါသည်ကို တွေ့ရသည်။

The post The March 2015 Bombings of Yunnan and the Decline in Sino- Myanmar Relations 2015 appeared first on ISP Myanmar China Desk.

China’s Myanmar Policy: Dilemma or Strategic Ambiguity?
စာတမ်းခေါင်းစဉ် – China’s Myanmar Policy: Dilemma or Strategic Ambiguity?

ရေးသားသူ – Bernt Berger

ထုတ်ဝေသည့်အဖွဲ့ – Institute for Security and Development Policy

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၅၊ မတ်

စာတမ်းအပြည့်အစုံ – China’s Myanmar Policy: Dilemma or Strategic Ambiguity?

စာတမ်းအကျဉ်းချုပ်

မြန်မာ့တိုင်းရင်းသားပဋိပက္ခများနှင့် တရုတ်နိုင်ငံအကြား တိုက်ရိုက်ရော၊ သွယ်ဝိုက်၍ပါ ပတ်သက်ဆက်နွယ်မှုများရှိသည်ဖြစ်ရာ မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်ရှိတိုက်ပွဲများတွင် ပါဝင်ပတ်သတ်လျက်ရှိသော တရုတ်မျိုးနွယ်ဝင် တိုင်းရင်းသားလက်နက်ကိုင်များအား မည်သို့ဆက်ဆံရမည်ဆိုသည်မှာ တရုတ်နိုင်ငံအတွက် အကျပ်တွေ့စရာ စဉ်းစားချက်တစ်ခုဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အဆိုပါအဖွဲ့များအား ထောက်ပံ့နေသည်၊ ကြိုးကိုင်ထားသည်ဟူသော သံသယများကို လျော့နည်းသွားအောင် မဖြေရှင်းနိုင်ခြင်းသည် တရုတ်-မြန်မာဆက်ဆံရေးနှင့် အိမ်နီးနားချင်းများနှင့် ပတ်သက်သည့် တရုတ်၏မူဝါဒတို့မှာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

The post China’s Myanmar Policy: Dilemma or Strategic Ambiguity? appeared first on ISP Myanmar China Desk.