ISP China Desk

စာတမ်းခေါင်းစဉ် - ပူးပေါင်းကြံစည်မှုနောက်ကွယ်မှ လျှို့ဝှက်အစီအစဉ် သို့မဟုတ် ကယား(ကရင်နီ)ပြည်နယ်တွင် အကောင်အထည်ဖော်ရန်လျာထားသည့် Myanmar-Global South Industrial Park စက်မှုဥယျာဉ်စီမံကိန်း

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ရပ်ဝန်းလမ်းကြောင်း(BRI)စီမံကိန်းများကို ပူးပေါင်းအကောင်အထည်ဖော်ရန် အတွက် သဘောတူညီမှုများရရှိထားပြီး ထိုမူဘောင်အောက်တွင် စီမံကိန်းများစွာကို ဆွေးနွေးအကောင်အထည် Read more...

စာတမ်းခေါင်းစဉ် - မြန်မာ့ သတင်းအချက်အလက် ရပ်ဝန်းကို ပုံဖော်ရန် တရုတ်၏ အားထုတ်မှုများ

တရုတ်သမ္မတ ရှီကျင့်ဖျင် ရေးထားတဲ့ ဆောင်းပါးကို နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြတာကစလို့ မြန်မာ-တရုတ်မီဒီယာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဆက်သွယ်ရေးကဏ္ဍမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုတွေကို Facebook လူမှုကွန်ရက်အပါအဝင် မီဒီယာမျိုးစုံမှာ အကောင်းမြင် ဖော်ပြစေတာတွေအပြင် အခုနောက်ဆုံး ကိုဗစ်-၁၉ ကပ်ရောဂါဟာ အမေရိကန် သုတေသနစခန်းမှ စတင်တယ်လို့ တရုတ် CRI Facebook စာမျက်နှာကနေ မြန်မာဘာသာနဲ့ ဖော်ပြချက်တွေအထိ ထဲထဲဝင်ဝင် သုတေသနပြု လေ့လာထားပါတယ်။ တဆက်ထဲမှာပဲ ဒီလို Read more...

စာတမ်းခေါင်းစဉ် - ကုန်သွယ်မှုနှင့် ပဋိပက္ခများ " မြန်မာ-တရုတ် ဆက်ဆံရေးကို ပုံဖော်ခြင်း"

ပဋိပက္ခဒေသတွေမှာ ဆောင်ရွက်နေတဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေဟာ အသွားနှစ်ဖက်ပါတဲ့ ဓားလိုပါပဲ။ ဒေသခံတွေရဲ့ ဘ၀ကို တိုးတက်ကောင်းမွန်ဖို့အတွက် စီးပွားရေးအခွင့်အလမ်းသစ်တွေ ဖော်ဆောင်ပေးဖို့လိုပေမဲ့ လုပ်ပုံလုပ်နည်း မမှန်ခဲ့ရင် ပြည်သူလူထုရဲ့အကျိုးစီးပွားထက် လက်နက်ကိုင်တွေနဲ့ ၎င်းတို့နဲ့ အကျိုးစီးပွားချင်းထိစပ်နေတဲ့ သူတွေရဲ့ အကျိုးစီးပွားကိုပဲ ဖော်ဆောင်သလိုဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခတွေကိုလည်း ပိုမိုကြီးထွားလာစေနိုင်ပါတယ်။ Read more...

စာတမ်းခေါင်းစဉ် - တို့မြေများကို လောင်းကစားပစ်ခြင်း

ရွှေကုက္ကိုလ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသော ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စုသည် တရုတ်အစိုးရက အားပေးထောက်ခံသော တရားဝင်မှုရှိသည့် စီးပွားရေးအဖွဲ့အစည်းတခုအဖြစ် ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်မြှင့်တင်နေသလို၊ စီမံကိန်းအား တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း၏ အစိတ်အပိုင်းတခု အဖြစ်ပုံဖော်နေသည်။ သို့သော် လက်တွေ့တွင်မူ ရာထိုက်ကုမ္ပဏီ၏ နောက်ခံအချက်အလက်များမှာ ဝေဝါးနေသလို အဆိုပါစီမံကိန်းအား တရုတ်အစိုးရ၏ အောက်းပေးထောက်ခံမှုရှိသည်ဟူသည့် ခိုင်မာသော သက်သေအထောက်အထားမရှိဘဲ Read more...

စာတမ်းခေါင်းစဉ် - မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများနှင့် ပဋိပက္ခတို့အကြား ဆုံမှတ်

ပွင့်လင်းမြင်သာမှု အားနည်းနေဆဲဖြစ်တဲ့ တရုတ်-မြန်မာ စီးပွား ရေးစင်္ကြံလမ်းတလျှောက် စီမံကိန်းတွေ ပိုမို ပွင့်လင်းမြင်သာလာဖို့ အတွက် အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဒေသခံပြည်သူလူထု၊ အစိုးရတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အရပ်ဘက်အဖွဲ့အစည်း တွေဟာ ပဋိပက္ခနယ်ပယ်များစွာမှာ ဆောင်ရွက်နေတဲ့အတွက် ရင်းနှီး မြှုပ်နှံမှု အဟန့်အတားတွေကို တခြားဒေသတွေက အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ဒေသခံတွေအပေါ် ထိခိုက်မှု အနည်းဆုံးနဲ့ အကျိုးရှိအောင် ကူညီဆောင်ရွက်ပေးနိုင်တယ်လို့ Read more...

စာတမ်းခေါင်းစဉ် - မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန် စီမံကိန်း

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC) ၏ အစိတ်အပိုင်းတခုဖြစ်ပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် လုပ်ဆောင်မည့် MEDZ စီမံကိန်းသည် ကချင်ပြည်နယ်၊ မြစ်ကြီးနား၏ မြေဧရိယာ ၂၀၀၀ ဟက်တာခန့်ကို အသုံးပြုမည်ဟု ခန့်မှန်းထားသောကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးကို အတိုင်းအတာတခုအထိ သက်ရောက်နိုင်မည်ဖြစ်ရာ သတိထားရမည့်ကိစ္စတခု Read more...