ISP China Desk

စာတမ်းခေါင်းစဉ် - ကြွေးမြီထောင်ချောက်ယုံတမ်းကို ဆန်းစစ်ခြင်း- ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကို အိမ်ရှင်နိုင်ငံများက ဘယ်လို လွှမ်းမိုးပုံဖော်သလဲ

ဤစာတမ်းက အဓိကထောက်ပြထားသည်မှာ ပထမအချက်အနေဖြင့် BRI စီမံကိန်းသည် ပထဝီနိုင်ငံရေးကို အခြေပြုကာ ဘေဂျင်းအစိုးရ၏ ဗဟိုချုပ်ကိုင်မှုဖြင့် မဟာဗျူဟာ၊ လုပ်ငန်းစဉ်များဖြင့် စနစ်တကျ လည်ပတ်နေသော စီမံကိန်းမျိုးမဟုတ်ဘဲ တရုတ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းကြီးများ၏ အကျိုးစီးပွားကို အဓိကဦးစားပေးစဉ်းစားသော စီမံကိန်းဖြစ်သည်။ ဒုတိယအချက်အနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုဆိုင်ရာ ငွေကြေးထောက်ပံ့မှုစနစ်သည် ကျယ်ပြန့်လွန်းကာ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းမှုရှိနေသည်။ တတိယအနေဖြင့် အဆိုပါ ငွေကြေးထောက်ပံ့စနစ်သည် Read more...

စာတမ်းခေါင်းစဉ် - မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲ – တရုတ်နှင့်အိန္ဒိယတို့၏ အကျိုးစီးပွားအားပြိုင်မှုများ

၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီက အများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်တယ်ဆိုတာကို နှစ်နိုင်ငံစလုံးက များစွာ စိုးရိမ်မှုရှိကြပုံ မပေါ်ပါဘူး။ နှစ်နိုင်ငံလုံးကလည်း အကျိုးစီးပွားကိုယ်စီကြောင့် ရွေးကောက်ပွဲအလွန်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှုမြင့်မားနေဖို့ အလိုရှိကြပေမယ့် အိန္ဒိယကာ ဒီမိုကရေစီနည်းကျ တိုက်တွန်းနိုင်တယ်လို့ စာတမ်းရေးသူက သုံးသပ်ထားပါတယ်။ အိန္ဒိယဟာ NLD ဦးဆောင်ပြီး တိုင်းရင်းသား ဒီမိုကရက်တစ်ပါတီတွေလည်းပါဝင်တဲ့ အစိုးရတရပ်ကို လိုလားမှာဖြစ်ပြီး တရုတ်ကတော့ NLD ဦးဆောင်ပြီး Read more...

စာတမ်းခေါင်းစဉ် - China-Myanmar Cooperation to Combat Illegal Timber Trade and Promote Sustainable Forestry Investment

မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၁၅ နှစ်အတွင်း သစ်တောပြုန်းတီးမှု၏ ၁၅% မှာ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင် တရားမဝင်သစ်ကုန်သွယ်မှုကြောင့် ဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ သစ်တောရေးရာဝန်ကြီးဌာနက သစ်အကြမ်းထည်အလုံးလိုက် တရားမဝင်တင်ပို့မှုကို တားမြစ်ချက်ထုတ်ပြန်ခဲ့သော်လည်း ထိရောက်သောလုပ်ဆောင်မှုဖြစ်ရန်မှာ တရုတ်နိုင်ငံ၏ ပူးပေါင်းပါဝင်မှုနှင့် အထောက်အပံ့လိုအပ်သည်။ Read more...