ISP China Desk
Mr. Zhao Kezhi (ကျောက်ခဲ့ကျိ) Photo - global new light of myanmar Website

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီးလည်းဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီဝင်လည်းဖြစ်၊ နိုင်ငံတော်ကောင်စီဝင်လည်း ဖြစ်သည်။

ပေါက်ဖော်ဆက်ဆံရေးကို အခြေတည်၍ တရုတ်-မြန်မာ အပြန်အလှန်ဆက်ဆံရေးကို တိုးမြှင့်ရန်၊ နယ်စပ်လုံခြုံရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူမှုနှင့် အကြမ်းဖက်မှုများကို ကာကွယ်ရေး စသည့်ကိစ္စတို့တွင် အရေးပါသူ ဖြစ်သည်။ ယင်းအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကူညီဖြည့်ဆည်းပေးခြင်း၊ တရားဥပဒေစိုးမိုးရေး၊ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို ကာကွယ်ရေးတို့အတွက်လည်း ၎င်းက အရေးပါသူ ဖြစ်သည်။

မြန်မာနိုင်ငံ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်းက ၎င်း၏ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံသို့ သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် ဝန်ထမ်းများအား နှစ်စဉ်သင်တန်း ပေးခြင်း၊ နှစ်နိုင်ငံနယ်စပ်အကြား တရားမဝင် ဝင်/ထွက် မှုများ ထိန်းချုပ် နိုင်ရေး၊ တရားမဝင် ဝင်ရောက်သည့် နှစ်ဖက်နိုင်ငံသားများအား စိစစ် လွှဲပြောင်း လက်ခံရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်း ကျူးလွန်သူများ၏ ကိုယ်ရေးအချက်အလက်များဖလှယ်နိုင်ရေး၊ သတင်းအချက်အလက် နည်းပညာဖြင့် ပြစ်မှုကျူးလွန် သူများအား နှစ်နိုင်ငံပူးပေါင်း ဖော်ထုတ်နိုင်ရေး၊ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါးတရားမဝင် သယ်ဆောင်ခြင်းနှင့် တရားမဝင် လက်နက်မှောင်ခို ရောင်းဝယ်မှုများတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့သည်။

၎င်းသည် ၂၀၁၈ ခုနှစ်၊ မေလက မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။ ယင်းနှစ်  ဇူလိုင်လတွင်  ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေသည်လည်း ၎င်း၏ဖိတ်ကြားချက်ဖြင့်ပင် တရုတ်နိုင်ငံသို့သွားရောက် တွေ့ဆုံခဲ့သည်။

ကျောက်သည် ၁၉၅၃ ခုနှစ်ဖွားဖြစ်ပြီး ရှန်ဒေါင်းပြည်နယ်ဇာတိ ဖြစ်သည်။