ISP China Desk
Mr. Yang Shouzheng (ရန်ရှို့ကျိန်း) Photo - Chinese Embassy in Myanmar Facebook Page

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ နိုင်ငံရေးသံမှူးဖြစ်သည်။ မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများနှင့် ထိတွေ့ဆက်ဆံ၊ စေ့စပ်ညှိနှိုင်းမှုတို့ကို အဓိကလုပ်ဆောင်နေသူဖြစ်သည်။

သဘာဝဘေးဒဏ်ကာကွယ်ရေး၊ ပြန်လည်ထူးထောင်ရေး၊ ငြိမ်းချမ်းရေး စသည့် လူမှုရေးကဏ္ဍများအတွက် တရုတ်နိုင်ငံ၏ အလှူငွေနှင့် အခြားကူညီထောက်ပံ့မှုများကိုလည်း ၎င်းကတဆင့် လုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုတို့အပါအဝင် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ အသင်းအဖွဲ့များ၏ လှုပ်ရှားမှုများ၊ အခမ်းအနားများတွင် ပါဝင်တက်ရောက်လေ့ရှိသည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင့်တို့အကြား ဆက်စပ်လျက်ရှိသည့် အခမ်းအနားများစွာတွင် ၎င်းကို တွေ့ရမည်ဖြစ်သည်။ ရန်သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်းက ရန်ကုန်မြို့တွင်ကျင်းပသည့် လန်ချန်း-မဲခေါင်နိုင်ငံများ ဝါးအသုံးပြုမှု၊ ဈေးကွက်အလားအလာနှင့် ဝါးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ (Workshop on Bamboo Utilization, Market Potential and Bamboo Industry) ဖွင့်ပွဲအခမ်းအနားကို ၎င်း တက်ရောက်ခဲ့သသလို ပညာရေးဝန်ကြီးဌာနသို့ ကျောင်းသုံးလွယ်အိတ်နှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းရာတွင်လည်း ပါဝင်ခဲ့သည်။ အလားတူပင် ၂၀၁၉ ခုနှစ်၊ မေလအတွင်းက မြန်မာနိုင်ငံ၊ ငြိမ်းချမ်းရေးကော်မရှင်သို့ မော်တော်ယာဥ်များလှူဒါန်းသည့်အခမ်းအနားသို့လည်း ၎င်း တက်ရောက်ခဲ့သည်။