ISP China Desk
Mr. Sun Guoxiang(ဆွန်းကော်ရှန်) Photo - unanyc.org

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် ဖြစ်သည်။ ၂၀၁၅ ခုနှစ်မှစတင်ကာ အဆိုပါတာ၀န်ကို ပေးအပ်ခံခဲ့ရခြင်းဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ကြား၀င်စေ့စပ်ပေးနေသူ ဖြစ်သည်။ ထို့မတိုင်မီက အမေရိကန်နိုင်ငံ၊ နယူး‌ယောက်မြို့တွင် ကောင်စစ်၀န်ချုပ်၂၀၁၁-၂၀၁၄)၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး(၂၀၀၈-၂၀၁၁)နှင့် တူရကီနိုင်ငံဆိုင်ရာ သံအမတ်ကြီး(၂၀၀၆-၂၀၀၈)နှင့် သီရိလင်္ကာနှင့် မော်လ်ဒိုက်နိုင်ငံဆိုင်ရာ သံအမတ်ကြီး(၂၀၀၂-၂၀၀၆) တို့အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သည်။

‌ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(National Reconciliation and Peace Centre-NRPC) တာ၀န်ရှိသူများ၊ တပ်မတော်ခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စသည့် မြန်မာ့ငြိမ်းချမ်းရေးကိစ္စတွင် အဓိကပါ၀င်ပတ်သက်နေသူများနှင့် မကြာခဏ တွေ့ဆုံလျက်ရှိသလို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်‌မြောက်လာစေရေးအတွက် လုပ်ဆောင်နေသူ ဖြစ်သည်။

မစ္စတာ ဆွန်းကော်ရှန်သည် သံတမန်ရေးရာကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသူ ဝါရင့်သံအမတ်ကြီးဟောင်းလည်း ဖြစ်သည်။ အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်(Johns Hopkins University)တွင် နိုင်ငံတကာဆက်ဆံရေးပညာကို သင်ယူခဲ့သူလည်း ဖြစ်သည်။

မစ္စတာ ဆွန်းကော်ရှန်၏ မြန်မာနိုင်ငံခရီးစဥ်များ

၂၀၁၅ နို၀င်ဘာ မြန်မာနိုင်ငံရွေးကောက်ပွဲကို လာရောက်လေ့လာ
၂၀၁၆ ဇူလိုင် ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင်ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးဆွေး‌နွေးပွဲတွင် အမှာစကားပြောကြား
  သြဂုတ် ၀(UWSP)အဖွဲ့နှင့် ရှမ်းပြည်နယ်၊ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းတွင် တွေ့ဆုံ
  သြဂုတ် မိုင်းလားအဖွဲ့နှင့် ရှမ်းပြည်နယ်၊ မိုင်းလားအထူးဒေသတွင် တွေ့ဆုံ
၂၀၁၇ ဇန်နဝါရီ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ လေးဖွဲ့(KIA, AA, TNLA, MNDAA)နှင့် ကူမင်းတွင် တွေ့ ဆုံ
  မေ မြောက်ပိုင်း ၇ ဖွဲ့(FPNCC) နှင့် ကူမင်းတွင် တွေ့ဆုံ
  စက်တင်ဘာ မြန်မာ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် နေပြည်တော်တွင်တွေ့ဆုံ
  စက်တင်ဘာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံ
  အောက်တိုဘာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံ
  နိုင်၀င်ဘာ မြောက်ပိုင်း ၇ ဖွဲ့(FPNCC) နှင့် ကူမင်းတွင် တွေ့ဆုံ
  ဒီဇင်ဘာ ငြိမ်းချမ်းရေးအလှူငွေကို နေပြည်တော်တွင် ပေးအပ်
  ဒီဇင်ဘာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံ
၂၀၁၈ မေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံ
  ဇူလိုင် ၂၁ ရာစု-ပင်လုံ တတိယအစည်းအ‌ဝေးသို့ တက်ရောက်
  နို၀င်ဘာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံ
  နိုင်၀င်ဘာ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌနှင့် နေပြည်တော်တွင် တွေ့ဆုံ
၂၀၁၉ ဇန်နဝါရီ ကချင်ပြည်နယ်၊ လိုင်ဇာတွင် KIO ခေါင်းဆောင်များနှင့် တွေ့
  ဇန်နဝါရီ မြောက်ပိုင်းမဟာမိတ်အဖွဲ့(FPNCC)နှင့် တရုတ်နယ်စပ်တွင် တွေ့ဆုံ
  ဇန်နဝါရီ တပ်မတော်နှင့် နေပြည်တော်တွင် တွေ့
  ဇန်နဝါရီ မြန်မာငြိမ်းချမ်းရေးကော်မရှင်နှင့် ရန်ကုန်တွင် တွေ့ဆုံ
  ဖေဖော်ဝါရီ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံ
  ဖေဖော်ဝါရီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံ
  ဧပြီ ငြိမ်းချမ်းရေးကော်မရှင်နှင့် ရှမ်းပြည်နယ်၊ မူဆယ်တွင် တွေ့ဆုံ
  ဧပြီ ပန်ဆန်းတွင်ပြုလုပ်သည့် ၀(UWSP)၏ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအနားတက်ရောက်
  ဇွန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံ
  ဇွန် ငြိမ်းချမ်းရေးကော်မရှင်နှင့် ရန်ကုန်တွင် တွေ့ဆုံ
  သြဂုတ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံ