ISP China Desk
Admiral Sun Jianguo(ရေတပ်ဗိုလ်ချုပ်ကြီး ဆွန်းကျန်းကော်) Photo - Military.com

တရုတ်နိုင်ငံ၊ နိုင်ငံတကာမဟာဗျူဟာလေ့လာရေးအဖွဲ့(China Institute for International Strategic Studies-CIISS) ဥက္ကဋ္ဌလည်းဖြစ်၊ ရေပ်တပ်ဗိုလ်ချုပ်ကြီးလည်း ဖြစ်သည်။

တရုတ်နှင့် မြန်မာတို့အကြား ဆက်စပ်နေသည့် လုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် အကြံပေးလျက်ရှိသူ ဖြစ်သည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံကာ ဒေသတွင်းလုံခြုံရေး၊ အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ဖလှယ်ကာ ကြိုတင်ကာကွယ်နိုင်ရေး၊ ရခိုင်ပြည်နယ်အရေးတို့အပါအဝင် နှစ်နိုင်ငံ နယ်စပ်ပြဿနာအရေးတို့ကို ဆွေးနွေးခဲ့သည်။ ဆွန်းသည် တရုတ်နိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းပြည်နယ်တခုဖြစ်သည့် ဟီဘိုင်း(Hebei) ပြည်နယ်၊ Wuqiao ဇာတိဖြစ်ပြီး ၁၉၅၂ ခုနှစ် ဖွားဖြစ်သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်ကြီးလည်း ဖြစ်သည်။