ISP China Desk
Mr. Wang Weiguang(ဝမ်ဝေကွမ်း) Photo - Pyithu Hluttaw

တရုတ်နိုင်ငံ၊ လူမှုရေးသိပ္ပံအကယ်ဒမီ(Chinese Academy of Social Science-CASS)၏ ဥက္ကဋ္ဌ ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ဝါဒဖြန့်ချိရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံရှိ ပညာရှင်များ၊ နိုင်ငံရေးပါတီများကို အဓိကထား၍ ဆက်ဆံရေးများ တည်ဆောက်ထားသည်။၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံလုံးဆိုင်ရာညီလာခံမှ ချမှတ်ခဲ့သော မျှော်မှန်းချက်များ၊ မဟာဗျူဟာများကို ကိုရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြှင့်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သလို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးအပါအဝင် အခြားနိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့ကာ နှစ်နိုင်င်ချစ်ကြည်ရေး၊ နှစ်ပါတီဆက်ဆံရေးတိုးမြှင့်ရေး တို့ကိုဆွေးနွေးပြောဆိုခဲ့သည်။

ဝမ်သည် ရှန်ဒေါင်းပြည်နယ်၊ ဟိုင်ယန်ဇာတိဖြစ်ပြီး ၁၉၅၀ ပြည့်နှစ်ဖွား ဖြစ်သည်။ ၂၂ နှစ်အရွယ်တွင် တရုတ်ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး ဘေဂျင်းတက္ကသိုလ်တွင် ဒနိကဗေဒဘာသာရပ်ကို သင်ကြားခဲ့သူလည်း ဖြစ်သည်။ တရုတ်နိုင်ငံ လူမှုရေးသိပ္ပံအကယ်ဒမီတွင် တာဝန်အဆင့်ဆင်ထမ်းဆောင်ခဲ့ကာ ၂၀၁၃ ခုနှစ်မှ စတင်၍ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။