ISP China Desk
Mr. Ren Jun Hao(ရန်ကျွင်းဟောက်) Photo - ga.yn.gov.cn

ယူနန်ပြည်နယ်၊ ရဲချုပ်ဖြစ်သည်။

တရုတ်နှင့် မြန်မာအကြား နယ်စပ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေး၀ါးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး စသည့် ကိစ္စတို့ ပူးပေါင်းဆောင်ရွက်ရေးတွင် ၄င်းသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါ၀င်နေသူ ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက မြန်မာနိုင်ငံ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး ဦးဆောင်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဆက်သွယ်ရေးနှင့် သတင်းနည်းပညာဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေး၀န်ကြီးဌာန၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ အဆိုပါခရီးစဥ်တွင် ယူန်ပြည်နယ်၊ ကူမင်းမြို့သို့လည်း သွားရောက်ခဲ့ပြီး ၄င်းနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးပူးပေါင်း ဆောင်ရွက်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးတို့ကို ဆွေးနွေးခဲ့သည်။