ISP China Desk
Mr. Qie Yingcai(ချဲရင်းချိုင်) Photo - amyothar hluttaw Facebook

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ရှန်းယန်မြို့(Xiangyang, Hubei Province)မြို့တော်ဝန် ဖြစ်သည်။ မြန်မာနှင့် တရုတ်နိုင်ငံတို့ရှိ လွှတ်တော်များအကြား ဆက်ဆံရေးတိုးမြှင့်ရေးကိစ္စတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသူ ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်းက မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကျိုးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ရေး၊ နှစ်နိုင်ငံ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

အလားတူပင် အဆိုပါခရီးစဉ်အတွင်း မြန်မာ-တရုတ် လွှတ်တော်ချင်းရင်းနှီးချစ်ကြည်ရေးအသင်းနှင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။