ISP China Desk
Mr. Ouyang Weimin(အိုးရန်ဝေမင်) Photo - Xinhua Mynamar Website

ကွမ်တုန်း(ဂွမ်ဒေါင်း)ပြည်နယ်အစိုးရအဖွဲ့၊ ဒုတိယအုပ်ချုပ်ရေးမှူး ဖြစ်သည်။ ကွမ်တုန်းပြည်နယ်သည် ခါးပတ်တကွင်းလမ်းတစင်း(BRI) စီမံကိန်းအောက်ရှိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC)စီမံကိန်းလေးခုကို မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်ရှိသည့် ပြည်နယ်ဖြစ်သည်။

ကွမ်တုန်းအစိုးရအနေနှင့် ခါးပတ်တကွင်းလမ်းတစင်း(BRI) စီမံကိန်းအောက်တွင် မြန်မာအစိုးရနှင့် ပူးပေါင်း၍ ကဏ္ဍလေးခု ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ် အစောပိုင်းက ပြုလုပ်ခဲ့သည့် ကွမ်တုန်း-မြန်မာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုညီလာခံတွင် သဘောတူထားသလို ရန်ကုန်-မြဝတီ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ဖွံ့ဖြိုးရေးအတွက်လည်း မြန်မာအစိုးရထံ အဆိုပြုထားသည်။

၎င်းသည် ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာရပ်များ၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် မော်တော်ယာဉ်လုပ်ငန်းများ၊ ရေထွက်ပို့ကုန်နှင့် စိုက်ပျိုးရေး ဆက်စပ်လုပ်ငန်းများ၊ ချည်မျှင်နှင့် အထည်ချုပ်လုပ်ငန်းများ၊ ခရီးသွား၊ အိမ်ခြံမြေ၊ အကြံပေးနှင့် ဘဏ်ဝန်ဆောင်မှုများ၊ လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ၊ ဆောက်လုပ်ရေးနှင့် အိမ်တွင်းအလှဆင်ခြင်းလုပ်ငန်း စသည့်လုပ်ငန်းများမှ တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ဖြစ်သည့် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် တွေ့ဆုံခဲ့သည်။ ၎င်းသည် ၁၉၆၃ ခုနှစ်ဖွားဖြစ်ပြီး တရုတ်စီးပွားရေးအတွေးအခေါ်သမိုင်းဆိုင်ရာ ပါရဂူတဦး ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ၊ ကွမ်တုန်းပြည်နယ်ကော်မတီတွင် ဒုတိယအတွင်းရေးမှူးချုပ်၊ ကွမ်ကျိုးမြို့၏ ဒုတိယမြို့တော်ဝန်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။