ISP China Desk
Mr. Liu Ying(လျုန်ရင်) Photo - xinhua

မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေးဆိုင်ရာ တရုတ်စီးပွားရေးလုပ်ငန်းရှင်များအသင်း(China Enterprises Chamber of Commerce in Myanmar (CECCM)နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရုံး၏ ဥက္ကဋ္ဌ ဖြစ်သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ လူမှုဆက်ဆံရေးကဏ္ဍနှင့် တရုတ်စီးပွား‌ရေးလုပ်ငန်းရှင်များအနေနှင့် မြန်မာအစိုးရ၏ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်ရေး စသည်တို့တွင် ၄င်းက အရေးပါသည်။ ယင်းအပြင် မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် ခါးပတ်နှင့် လမ်းကြောင်းစီမံကိန်း(BRI)နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC) တို့၏ အခန်းကဏ္ဍကို ကူညီမြှင့်တင်ပေးနေသူလည်း ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှုများ ပိုမိုထိရောက်ရေးနှင့် BRI စီမံကိန်းများတွင် ပါ၀င်သည့် ကုမ္ပဏီများကို အကျိုးဖြစ်ထွန်းလာစေရေးအတွက်လည်း ၄င်းက အကူအညီပေးလျက်ရှိသည်။