ISP China Desk
Mr. Li Zuocheng(လီဇော်ချိန်) Photo - eng.chinamil.com.cn

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့၀င်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၀င်လည်း ဖြစ်ပြီး ချန်ဒူးတပ်မတော်၏ စီဦးချုပ်ဟောင်းလည်း ဖြစ်သည်။

၄င်းသည် မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့တွင် အရေးပါသည့် အရာရှိတစ်ဦးဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက ၄င်း၏ဖိတ်ကြားချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။  ယင်းအပြင် ၂၀၁၇ ခုနှစ်၊ နို၀င်ဘာလကလည်း ဗိုလ်ချုပ်မှူးကြီး၏ တရုတ်နိုင်ငံခရီးစဥ်တွင် ၄င်းနှင့် တွေ့ဆုံလေ့ရှိသည်။

လီသည် လက်ရှိ အခြားတရုတ်အကြီးအကဲများနည်းတူ ၁၉၅၃ ခုနှစ်ဖွား တစ်ဦးဖြစ်သည်။ ၁၉၇၀ ခုနှစ်၊ အသက် ၁၇ နှစ်အရွယ်တွင် တရုတ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PLA) တွင် ၀င်ရောက်အမှုထမ်းခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ကွန်မြူနစ်ပါတီသို့ ၀င်ရောက်သည်။ ၁၉၉၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ဗိုလ်ချုပ်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပြီး ယင်းနောက်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရသည်။ ၂၀၁၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် စစ်ဦးချုပ်၊ ပါတီဗဟိုကော်မတီအဖွဲ့၀င်နှင့် ဗဟိုစစ်ကော်မရှင်အဖွဲ့၀င်တို့အဖြစ် အဆင့်ဆင့် တာ၀န်ပေးအပ်ခြင်းခံရသည်။

ဗဟိုစစ်ကော်မရှင်သည် တရုတ်နိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ အခေါင်အချုပ်ဖြစ်ပြီး ဥက္ကဋ္ဌမှာ လက်ရှိသမ္မတ ရှီကျင့်ဖျင် ဖြစ်သည်။