ISP China Desk

စာတမ်းခေါင်းစဉ် – Sino-Myanmar Relations: Is Pauk-Phaw Pragmatic or Rhetoric?

ရေးသားသူ – Ricky Wai-Kay Yue

ထုတ်ဝေသည့်အဖွဲ့ – Journal of Comparative Asian Development

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၄ သြဂုတ်

စာတမ်းအပြည့်အစုံရယူရန်Sino-Myanmar Relations: Is Pauk-Phaw Pragmatic or Rhetoric?

စာတမ်းအကျဉ်းချုပ်

ယခုစာတမ်း၏ရည်ရွယ်ချက်မှာ အနောက်တိုင်းနိုင်ငံတကာဆက်ဆံရေးသီအိုရီများ၏ သရုပ်မှန်ဝါဒ၊ လစ်ဘရယ်ဝါဒနှင့် တည်ဆောင်ပြုပြင်ဝါဒတို့ကိုကျော်လွန်ပြီး ပေါက်ဖော်ဆက်ဆံရေးကို အကျယ်ချဲ့ပြထားခြင်းဖြစ်သည်။

ပေါက်ဖော်သည် ဗမာစကားဖြစ်ပြီး ဆွေမျိုးရင်းချာဆက်ဆံရေး၊ အထူးအားဖြင့် တရုတ်-မြန်မာ အချိုးမညီဆက်ဆံရေးကို ဖော်ပြလိုခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏သမိုင်းကြောင်းအစဉ်အလာအရ ကမ္ဘာကြီးကို ရှုမြင်ချက်သည် တရုတ်ဗဟိုပြုပဏ္ဍာဆက်စနစ်အပေါ် အခြေခံရာ ယနေ့အချိန်ထိ နိုင်ငံခြားရေးမူဝါဒ ချမှတ်ရာတွင်လည်း အနောက်တိုင်းနိုင်ငံတကာဆက်ဆံရေးသီအိုရီများနှင့် မကိုက်ညီသည့် ထိုအခြေခံစဉ်းစားချက်ကို ထည့်သွင်းစဉ်းစားလျက်ရှိခြင်းသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာယဉ်ကျေးမှုတရပ်ပင် ဖြစ်သည်။ နိုင်ငံအချင်းချင်းဆက်ဆံရာ၌ ကွန်ဖြူးရှပ်ယဉ်ကျေးမှုနှင့် အယူဝါဒများကို အခြေခံထားသည့် ပေါက်ဖော်အယူအဆကို ဆန်းစစ်လေ့လာခြင်းဖြင့် အနောက်တိုင်း၏ သမားရိုးကျအစဉ်အလာများမှ ဖောက်ထွက်ကာ  တရုတ်နိုင်ငံနှင့် ယခင်ပဏ္ဍာဆက်နိုင်ငံများ၏ဆက်ဆံရေးအား နားလည်ရန် အထောက်အပံ့ဖြစ်စေနိုင်ပါသည်။