၁။ စီမံကိန်းအကျဉ်းချုပ်‘တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်ဝန်း’ သို့မဟုတ် ‘တရုတ်-မြန်မာ ရေကြောင်းခါးပတ်လမ်း’ စီမံကိန်းသည် အိန္ဒိယသမုဒ္ဒရာကို လက်လှမ်းမီရန် ကြိုးပမ်းသည့် တရုတ်၏ စီမံကိန်းများအနက်မှ တစ်ခုဖြစ်သည်။ ဘေဂျင်းက ကျောထောက်နောက်ခံပြုပေးထားပြီး ယူနန်ပြည်နယ်မှ တာဝန်ယူအကောင်အထည်ဖော်ရန် စီမံထားသော စီမံကိန်းလည်း ဖြစ်သည်။မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်ပြီး နိုင်ငံ၏ မြောက်မှ တောင်သို့ ဖြတ်သန်းစီးဆင်းနေသော ဧရာဝတီမြစ်ပေါ်တွင် ဆိပ်ကမ်းများတည်ဆောက်ကာ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများနှင့် ဒေသတွင်းနိုင်ငံများမှ ထွက်ကုန်ပစ္စည်းများအား အပြန်အလှန်တင်ပို့ရန် စီစဉ်ထားသည်။ စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ တရုတ်နိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကမ္ဘာ့တွင် ကုန်စည်သင်္ဘောအဝင်အထွက်အများဆုံးဆိပ်ကမ်းမြို့ဖြစ်သည့် ရှန်ဟိုင်းမှ ကုန်စည်များကို ကုန်းလမ်းကြောင်းမှတဆင့် ယူနန်ပြည်နယ်၏မြို့တော်ဖြစ်သော ကူမင်းမြို့သို့ တင်ပို့မည်ဖြစ်သည်။ ကူမင်းမြို့မှတဆင့် ကုန်ပစ္စည်းများကို တရုတ်-မြန်မာနယ်စပ်မြို့ လုံချွန်းခရိုင်မှတဆင့် ကျန်းဖုန်း/လွယ်ဂျယ် နယ်စပ်ဂိတ်ကို ဖြတ်သန်းကာ ဗန်းမော်မြို့သို့ ရထားလမ်း သို့မဟုတ် ကုန်လမ်းကြောင်းမှ တင်ပို့မည်။ ထိုမှတဆင့် ဗန်းမော်မြို့ဆိပ်ကမ်းမှ မကွေးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့တို့ကို ဖြတ်သန်း၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ အက်ဒမန်ပင်လယ်ပြင်၊ ထို့မှတဆင့် အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ်မည်ဖြစ်သည်။ကနဦးအစီအစဉ်မှာ ကူမင်းနှင့် ဗန်းမော်မြို့တို့ကို ကုန်လမ်းကြောင်း၊ ရထားလမ်းကြောင်း နှစ်သွယ်ဖြင့် ဆက်သွယ်ရန်ဖြစ်သည်။ ကုန်စည်များကို ကျန်းဖုန်းနှင့် ဗန်းမော်မြို့သို့ တင်ပို့ ချိတ်ဆက်နိုင်မည့် နယ်စပ်ပူးပေါင်းစီးပွားဇုန်တစ်ခုတည်ဆောက်ရန်ကိုလည်း မြန်မာကို တရုတ်က အဆိုပြု ထားသည်။ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏အရေးကြီးဆုံး ရေလမ်းကြောင်းဖြစ်ကာ ဧရာဝတီမြစ်ဝကျွန်းပေါ်မှတဆင့် အက်ဒမန်ပင်လယ်ထဲသို့ စီးဝင်သည်။ မြစ်သည် မြန်မာနိုင်ငံ၏ အဓိကျသော မြို့ပေါင်း ၆၀ နီးပါးနှင့် ချိတ်ဆက်နေပြီး မြစ်ကြောင်းတလျောက်တွင် လူသန်းပေါင်း ၃၀ ခန့် နေထိုင် အသက်မွေးဝမ်းကြောင်း ပြုလျက်ရှိမည်ဟု ခန့်မှန်းထားသည်။လက်ရှိအချိန်တွင် ထိုစီမံကိန်းကို တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်ရှိ အထူးဦးစားပေးစီမံကိန်းစာရင်းတွင် ထည့်သွင်းရန် တရုတ်နိုင်ငံဘက်မှ ကြိုးပမ်းလျက်ရှိသည်။၂။ စီမံကိန်းဖြစ်စဉ်ယူနန်ပြည်နယ်နှင့် အိန္ဒိယသမုဒ္ဒရာကို ချိတ်ဆက်သည့် မဟာဗျူဟာကျကုန်သွယ်မှုလမ်းကြောင်းကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံသည် လွန်ခဲ့သည့် နှစ်၂၀ ကျော်ကတည်းက ကြိုးပမ်းမှုများရှိခဲ့သည်။ ဧရာဝတီမြစ်ကိုအသုံးပြု၍ ကုန်ပစ္စည်းများတင်ပို့တင်သွင်းသည့် ရေလမ်းကြောင်းဖောက်ရန် ယူနန်ပြည်နယ်အစိုးရသည် ၁၉၈၉ ခုနှစ်ကပင် မြန်မာ့တပ်မတော်အစိုးရနှင့် ဆွေးနွေးချက်များရှိခဲ့သည်။ထိုအချိန်က တရုတ်သမ္မတ ကျန်းကျိရိ မြန်မာနိုင်ငံသို့လာရောက်သည့်ခရီးစဉ်တွင် တပ်မတော်အစိုးရခေါင်းဆောင်များ နှင့်တွေ့ဆုံပြီးနောက် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန် နှစ်ဖက်သဘောတူခဲ့သည်။၎င်းစီမံကိန်းမှာ လက်ရှိတွင် ယခုအကောင်အထည်ဖော်ရန်ကြိုးပမ်းနေသည့် တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်ဝန်းလမ်းကြောင်းနှင့် အတူတူပင်ဖြစ်သည်။ တပ်မတော်အစိုးရလက်ထက်တွင် ထိုစီမံကိန်းကို အကောင်အထည်ဖော်ရန် နှစ်ဖက်အကြား အကြိမ်ကြိမ်အစည်းအဝေးပြုလုပ်ခဲ့ကြသည်။ထိုကာလက စီမံကိန်း၏ အမည်မှာ ‘တရုတ်၊ ကူမင်း-မြန်မာ၊ ရန်ကုန် ဧရာဝတီမြစ်ကြောင်းသယ်ယူပို့ဆောင်ရေး စင်္ကြံ’(China Kunming-Myanmar Yangon-Ayeyarwaddy[Irrawaddy] River Portage Passage) ဖြစ်သည်။ ထို့အပြင် ‘တရုတ်-မြန်မာ ကုန်းလမ်းရေလမ်းကြောင်းသယ်ယူပို့ဆောင်ရေးစင်္ကြံ’(Sino-Myanmar Land and Water Transportation Passage) အဖြစ်လည်း ခေါ်ဆိုကြသည်။တရုတ်အစိုးရနှင့် မြန်မာအစိုးရအကြား အကျေအလည်ဆွေးနွေးပြီးနောက် အချောသတ် လက်မှတ်ထိုးရန်ပြင်ဆင်ခဲ့သည်။ အချောသတ်လက်မှတ်ထိုးမည့်အဆင့်တွင် နှစ်ဖက်အကြား သဘောထားကွဲလွဲခဲ့သောကြောင့် စီမံကိန်းအကောင်အထည်ဖော်ရေးဆွေးနွေးမှုအားလုံးကို ၂၀၀၄ ခုနှစ်တွင် ရပ်ဆိုင်းလိုက်သည်။ သဘောထားကွဲလွဲမှုများနှင့်ပတ်သတ်ပြီး နှစ်ဖက်စလုံးမှ ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ပေ။ထိုစီမံကိန်းအကောင်အထည်ဖော်ရေးအစီအမံသည် တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီ၏ အခြေခံအဆောက်အအုံ ဆက်သွယ်တည်ဆောက်ခြင်းမဟာအစီအမံ(၂၀၁၄-၂၀၃၅ ခုနှစ်)တွင် ထည့်သွင်းထားသည်။ ထို့အပြင် ယူနန်ပြည်နယ်၏ ရေလမ်းကြောင်းသယ်ယူပို့ဆောင်ရေးဖွံ့ဖြိုးမှုစီမံကိန်း(၂၀၁၄-၂၀၂၀ ခုနှစ်)၊ ယူနန်ပြည်နယ်နယ်စပ်ဒေသများဖွံ့ဖြိုးမှုအစီအမံ(၂၀၁၄-၂၀၂၀ ခုနှစ်)တွင်လည်း ထည့်သွင်းထားသည်။ ဒဲဟုန်(တက်ဟုန်း)ပြည်နယ်ခွဲသည် ထိုအစီအမံကို လုံချွန်းဒေသဖွံ့ဖြိုးရေးအစီအမံ(၂၀၁၉ ခုနှစ်) တွင်လည်း ထည့်သွင်းထားသည်။ကာလကြာရှည်ရပ်ဆိုင်းနေသောစီမံကိန်းကို ‘ဧရာဝတီ စီးပွားရေးရပ်ဝန်း’ သို့မဟုတ် ‘ရေကြောင်းခါးပတ်လမ်းစီမံကိန်း’ အဖြစ် အသက်သွင်းရန် ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံဘက်က တဖန်ကြိုးပမ်းလာခဲ့သည်။၂၀၁၈ ခုနှစ်၊ မတ်လတွင် မြန်မာဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့သည် ဗီယက်နမ်နိုင်ငံတွင်ကျင်းပသည့် မဲခေါင်အစည်းအဝေးတွင် ထိုစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် ဆွေးနွေးခဲ့ကြသည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် ယူနန်ပြည်နယ်အစိုးရဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်သည် ထိုစီမံကိန်းကို အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များပြန်လည်စတင်ရန် ၁၂ ကြိမ်မြောက် ယူနန်ပြည်နယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအကြံပေး အစည်းအဝေးတွင် တင်ပြခဲ့သည်။ယူနန်အစိုးရ၏ထောက်ပံ့မှု၊ တရုတ်အမျိုးသားဖွံ့ဖြိုးမှုနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့၏ ထောက်ခံမှုတို့ဖြင့် ယူနန်အခြေစိုက် တောင်အာရှနှင့်အရှေတောင်အာရှပို့ဆောင်ရေးသုတေသနအင်စတီကျုသည် ဧရာဝတီမြစ်နှင့်ပတ်သတ်သော သုတေသနစာတမ်းများကို ကွင်းဆင်းပြုလုပ်ခဲ့သည်။တရုတ်-မြန်မာစီးပွားရေးစင်္ကြ့၏ မူဘောင်အောက်တွင် ‘ဧရာဝတီမြစ် ကုန်းလမ်းရေလမ်းကြောင်းစင်္ကြံဖွံဖြိုးရေးသုတေသနစာတမ်း’(The development of the Irrawaddy River Land-water transport corridor under the framework of China-Myanmar Economic Corridor)နှင့် ‘တရုတ်-မြန်မာ ကုန်းလမ်းရေလမ်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွင် ပုဂ္ဂလိကလုပ်ငန်းများပါဝင်လာရန် သုတေသနစာတမ်း’(Private Enterprises’ Participating in the operation of China-Myanmar Land-water Intermodal Transport Channel) နှစ်ခုကို ၂၀၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။၂၀၁၉ ခုနှစ်တွင် ‘ဧရာဝတီမြစ်ဝှမ်း စီးပွားရေးခါးပတ်လမ်းဖွံ့ဖြိုးမှု(Irrawaddy River Basin Economic Belt Development)သုတေသနစာတမ်း’ ကို ပြုလုပ်ခဲ့သည်။ ထိုသုတေသနစာတမ်းများကို တရုတ်ပြည်သူသမ္မတနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနနှင့် တရုတ်အမျိုးသားဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့သို့ တင်သွင်းခဲ့သည်။ဧရာဝတီမြစ်ဝှမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များ အတွင်းတွင် ပိုမိုတွန်းအားပေးလုပ်ဆောင်လာခဲ့သည်။ ထိုစီမံကိန်းအကောင်အထည်ဖော်ခြင်းကို အားပေးရန် နှစ်နိုင်ငံအကြားပြုလုပ်သော တရုတ်-မြန်မာစီးပွားရေးစင်္ကြံအစည်းအဝေးများတွင် မြန်မာဘက်မှတက်ရောက်သူများအား အလွတ်သဘောဖြင့် တိုက်တွန်းမှုများ ရှိခဲ့သည်။ဧရာဝတီမြစ်အပေါ်တွင် စီမံကိန်းများတည်ဆောက်ခြင်းဖြင့် ပထမအချက်မှာ ကုန်ကျစရိတ်သက်သာခြင်း၊ ဒုတိယအချက်မှာ တိုက်ပွဲများကြောင့် ကြန့်ကြာပြီး အန္တရာယ်များသော ရှမ်းပြည်နယ်မြောက်ပိုင်းကိုဖြတ်သန်းသွားမည့် ကုန်းလမ်းခရီးကြောင်းအား အသုံးပြုရမှုကို လျော့ချကာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှတဆင့် အိန္ဒိယသမုဒ္ဒရာကို လွှမ်းမိုးနိုင်ရန်ကြိုးစားသည့် ယခုလမ်းကြောင်းသည် ပဋိပက္ခများမရှိခြင်းကြောင့် အနှောင့်အယှက်များကင်းကာ ပိုမိုလွယ်ကူပြီး အချိန်တိုတွင်း အကောင်အထည်ဖော်နိုင်ခြင်း စသည့်အကြောင်းအချက်များရှိနေခြင်းတို့ကြောင့် ဧရာဝတီစီးပွားရေးရပ်ဝန်းစီမံကိန်းကို ဖော်ဆောင်ရန် စီစဉ်လာခြင်းဖြစ်သည်။‘တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်ဝန်း’ သို့မဟုတ် ‘တရုတ်-မြန်မာ ရေကြောင်းခါးပတ်လမ်း’ စီမံကိန်း၏ ကုန်စည်စီးဆင်းမည့် အဓိက အစိတ်အပိုင်းများဖြစ်သော ဧရာ၀တီမြစ်ကြောင်းရှိ မကွေးဆိပ်ကမ်းကို အမေရိကန်ဒေါ်လာ ၃၃ သန်း၊ ပခုက္ကူဆိပ်ကမ်းကို ၄၇ သန်းနှင့် ဗန်းမော်ဆိပ်ကမ်းကို ၃၄သန်း အကုန်အကျခံကာ နိုင်ငံတကာအဆင့်မီဆိပ်ကမ်းများ ဖြစ်လာစေရန် ဆောင်ရွက်မည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူမှ ၂၀၂၀ စက်တင်ဘာ ၇ ရက်က ဆိုသည်။ လက်ရှိတွင် ၎င်းဆိပ်ကမ်း သုံးခုသည် ၊ ကြီးမားသော ကုန်သေတ္တာများကို အတင်အချပြုလုပ်ရန် ခေတ်မှီစက်ကိရိယာများမရှိခြင်းနှင့် နည်းပညာလိုအပ်ခြင်း စတဲ့ ဆိပ်ကမ်းဆိုင်ရာ အခြေခံအဆောက်အဦများ အားနည်းနေသည်။ ထိုစီမံကိန်းများကို အစိုးရ၏စီမံကိန်းဘဏ် (Project Bank) တွင် ထည့်သွင်းကြေညာထားပြီး အစိုးရ၊ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) ပုံစံဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း စတင်အကောင်အထည်ဖော်ကာ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်တွင် ပြီးစီးရန် လျာထားသည်ဟု ဆိုသည်။ သို့သော် ‘တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်ဝန်း’ သို့မဟုတ် ‘တရုတ်-မြန်မာ ရေကြောင်းခါးပတ်လမ်း’ စီမံကိန်း၏ ကုန်စည်စီးဆင်းမည့် အဓိက အစိတ်အပိုင်းတခုဖြစ်သော ရန်ကုန်ဆိပ်ကမ်းနှင့် ပတ်သက်သော စီမံကိန်းအချက်အလက်များကိုမူ မသိရှိရသေးပေ။ ၃။ စီမံကိန်းအသေးစိတ်အချက်အလက်များစီမံကိန်းအရှည်၂၁၆၁ ကီလိုမီတာ(မိုင် ၁၃၀၀ ကျော်)(ကူမင်း-ရန်ကုန်)ဆက်သွယ်မည့်မြို့များကူမင်းမြို့၊ ကျန်းဖုန်း/လွယ်ဂျယ်ဂိတ်မှ ဗန်းမော်မြို့၊ မကွေးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့ကနဦးအဆင့်မြှင့်တင့်မည့်ဆိပ်ကမ်းနှင့် ကုန်ကျစရိတ်ဗန်းမော်ဆိပ်ကမ်း- အမေရိကန်ဒေါ်လာ ၃၄ သန်းပခုက္ကူဆိပ်ကမ်း- အမေရိကန်ဒေါ်လာ ၄၇ သန်းမကွေးဆိပ်ကမ်း- အမေရိကန်ဒေါ်လာ ၃၃ သန်းအဆင့်မြှင့်တင်ရမည့်ကုန်းလမ်းအရှည်စုစုပေါင်း၁၀၄၀ ကီလိုမီတာ(မိုင် ၆၄၀ ကျော်)မြစ်ကြောင်းတလျောက်ရှင်းလင်းရမည့်အရှည်၄၁၀ ကီလိုမီတာ(မိုင် ၂၅၀ ကျော်)တည်ဆောက်မည့်ရထားလမ်းအရှည်၉၂ ကီလိုမီတာ(၅၇ မိုင်ကျော်)(လုံချွန်း-ဗန်းမော်)ရင်းနှီးမြုပ်နှံမည့်ငွေပမာဏစုစုပေါင်းမသိရသေး၄။ ပါဝင်ပတ်သက်သည့်အဖွဲ့အစည်းများ‘တရုတ်-မြန်မာ ဧရာဝတီစီးပွားရေးရပ်ဝန်း’ (သို့) ‘တရုတ်-မြန်မာ ရေကြောင်းခါးပတ်လမ်း’ စီမံကိန်း နှင့်ပတ်သတ်ပြီး ရင်းနှီးမြုပ်နှံရန် ကျောထောက်နောက်ခံပြုသူမှာ ယူနန်ပြည်နယ်နှင့် တရုတ်အမျိုးသားဖွံ့ဖြိုးမှု နှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့ ဖြစ်သည်။လက်ရှိအချိန်တွင် မည်သည့်တရုတ်နိုင်ငံပိုင်ကော်ပိုရှင်းကမျှ ရင်းနှီးမြုပ်နှံမည်ဟု ထုတ်ဖော်ပြောဆို ထားခြင်းမရှိသေးပါ။စီမံကိန်း၏အစိတ်အပိုင်းဖြစ်သည့် မြန်မာနိုင်ငံသို့ဆက်သွယ်မည့်လမ်းများအား အဆင့်မြှင့်တင့်ရေးအတွက် လုံချွန်းခရိုင်က စုစုပေါင်း တရုတ်ယွမ် သန်း၂၀ ကျော်သုံးစွဲရန် လျာထားပြီး လမ်းပိုင်းအချို့ကို စတင်အဆင့်မြှင့်နေပြီဖြစ်သည်။ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းကို အဆင့်မြှင့်တင်ရန်အတွက် ၂၀၁၉ ခုနှစ်တွင် ဟုန်ရှင်းကျားဖန်းကုမ္ပဏီကို ကချင်ပြည်နယ်အစိုးရက နှစ်၃၀ ဘီအိုတီစနစ်ဖြင့် ခွင့်ပြုခဲ့သည်။ဒဲဟုန်(တက်ဟုန်း)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် အဓိကလိုအပ်သော တရုတ်ကော်ပိုရေးရှင်းများကို ညှိနိူင်းရန် တာဝန်ယူထားသည်။ထိုစီမံကိန်းနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံဘက်မှ တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။ ၂၀၁၈ ခုနှစ်တွင် အကောင်အထည်ဖော်ရန်စိုင်းပြင်းခဲ့သော မြန်မာနိုင်ငံသယ်ယူပို့ဆောင်ရေးမဟာဗျုဟာအရ ဧရာဝတီမြစ်ပေါ်တွင် ဆိပ်ကမ်းများတည်ဆောက်ရန် ရည်ရွယ်ထားသော်လည်း ဗန်းမော်ဆိပ်ကမ်းကို အဆင့်မြှင့်တင်တည်ဆောက်ရန် ထည့်သွင်းထားခြင်းမရှိပါ။သို့သော် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင်ပြုလုပ်ခဲ့သော နိုင်ငံတော်အဆင့်ရင်းနှီးမြုပ်နှံမှု ထိပ်သီးညီလာခံ၌ထုတ်ပြန်ခဲ့သည့် အထူးဦးစားပေးဆိပ်ကမ်းများအဆင့်မြှင့်တင်ခြင်းအတွက် တည်ဆောက်ရန် လိုအပ်သောစာရင်းတွင် မကွေးဆိပ်ကမ်းနှင့်အတူ ဗန်းမော်ဆိပ်ကမ်းကိုလည်း နိုင်ငံတကာ အဆင့်မီအဆင့်မြှင့်တင်တည်ဆောက်ရန် ထည့်သွင်းထားသည်။၅။ လေ့လာစဉ်းစားချက်များစီမံကိန်းအတွက် ဖြစ်နိုင်ချေဆန်းစစ်မှုပြုလုပ်ရန် ယူနန်အစိုးရက မြန်မာအစိုးရကို ၂၀၁၇ ခုနှစ်တွင် တင်ပြခဲ့သော်လည်း တုံ့ပြန်မှုမရရှိခဲ့ပေ။ သို့သော် ယူနန်အစိုးရပညာရှင်များသည် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်လာရောက်ကာ အလွတ်သဘော ဖြစ်နိုင်ချေလေ့လာစမ်းစစ်မှုကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။၎င်းတို့၏လေ့လာတိုင်းထွာချက်များအရ ဧရာဝတီမြစ်၏ရေအနက်သည် ကုန်တင်သင်္ဘော များသွားလာရန် သင့်လျော်သောရေအနက်ရှိကြောင်း၊ မြစ်၏ ၈၀ ရာခိုင်နှုန်းသောရေအနက်သည် ၅ မီတာ(၁၆ ပေကျော်) ထက် နက်ကြောင်း၊ ကုန်တင်သင်္ဘောများသွားလာနိုင်ရန် ဖြစ်နိုင်ချေအများဆုံးရှိကြောင်းတို့ကို တွေ့ရှိထားသည်။ တစ်နှစ်တာလုံး တန်ချိန် ၃၀၀၀ ခန့်ရှိသော သင်္ဘောများသွားလာနိုင်ကြောင်းကိုလည်း တွေ့ရှိထားသည်ဟုဆိုသည်။ထို့အပြင် ဧရာဝတီမြစ်သည် သဘာဝဘေးအန္တရာယ်ကြုံတွေ့နိုင်ချေ အလွန်နည်းပြီး မြစ်ရေမှာ ငြိမ်သောကြောင့် တရုတ်ကုန်စည်များအတွက် ဆုံးရှုံးနိုင်ချေနည်းသည်ဟု ဆိုသည်။ ဧရာဝတီမြစ်ကြောင်းကို အသုံးပြုပါက အခြားကုန်လမ်းမှ ကုန်စည်တင်ပို့သည့်ကုန်ကျစရိတ်ထက် ၃၂ ရာခိုင်နှုန်းသက်သာမည်ဖြစ်ကြောင်းကိုလည်း ရေးသားထားသည်။၆။ လူမှုသဘာဝန်းကျင်သက်ရောက်မှုများဧရာဝတီမြစ်ကြောင်းစီမံကိန်းသည် လူသိနည်းသောစီမံကိန်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ပညာရှင်များက ဧရာဝတီမြစ်သည် ရွှေတူးဖော်ခြင်းလုပ်ငန်းများ၊ သဲကျောက်တူးဖော်ခြင်းလုပ်ငန်းများ၊ စက်ရုံများ၏စွန့်ပစ်ပစ္စည်းများနှင့် မြစ်ကြောင်းကိုရှင်းလင်းရန် နှစ်ကာလပေါင်းများစွာပျက်ကွက်ခဲ့သောကြောင့် ကမ်းပါးပြိုမှုများနှစ်စဉ်ဖြစ်ပွားနေသလို မြစ်ကြောင်းတွင် အနယ်များ၊ အမှိုက်များနှင့် ပြည့်နှက်လာနေသည်ဟု သတိပေးထားသည်။ ဆိပ်ကမ်းများတည်ဆောက်ခြင်း၊ ကုန်တင်သင်္ဘောကြီးများသွားလာခြင်းနှင့် စီမံကိန်းကြောင့် မြစ်ကြောင်းချဲ့ရခြင်း၊ မြစ်ကမ်းပါးတွင်နေထိုင်သူများအား နေရပ်မှရွေ့ပြောင်းပေးရခြင်း၊ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဆုံးရူံးခြင်း၊ ကုန်တင်သင်္ဘော ကြီးများကြောင့် သဘာဝပတ်ဝန်းကျင်ပိုမိုညစ်နွမ်းစေခြင်းများ ဖြစ်ပွားစေနိုင်ကြောင်းကိုလည်း သတိပေးထားသည်။အာရှဖွံ့ဖြိုးရေးဘဏ်က ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်သည့် ‘မြန်မာမြစ်ကြောင်းသယ်ယူပို့ဆောင်ရေးမူဝါဒ’ စာတမ်းတွင် ဗန်းမော်-မန္တလေးတလျောက်ရှိ မြစ်ကြောင်းကို ချဲ့ခြင်းသည် အဆမတန်ကုန်ကျနိုင်ရာ ပြန်ရမည့် အကျိုးအမြတ်နှင့် မကာမိသောကြောင့် မြန်မာနိုင်ငံအနေနှင့် မပြုလုပ်သင့်ကြောင်း အကြံပေးထားသည်။ ReferenceChina Kunming South Asia & Southeast Asia International Logistics Reaserach Institute in 2019. reporthttps://www.adb.org/sites/default/files/publication/189076/mya-reform-transport-institutions.pdfhttps://www.irrawaddy.com/opinion/analysis/china-quietly-pushing-myanmar-back-development-plan-irrawaddy-river.htmlhttp://www.yn.gov.cn/yn_zwlanmu/qy/wj/yzf/201607/ t20160713_26079.html.http://www. dehong.gov.cn/dehong/zw/content-35-136-1.html.http://news.cri.cn/gb/ 42071/2015/08/24/8171s5077577.htm.http://www.dhlc.gov.cn/hgx/Web/_ F0_0_04NRTXYRDW3OQUJ6CHY440PZSG.htm.https://www.mhwmm. com/ch/NewsView.asp?ID=31465.https://myanmar.mmtimes.com/news/143325.htmlThe First Session of the 12th Session of the Political Consultative Conference of Yunnan Province report in 2018.Categories: Security Society BRI CMEC Economic တရုတ်နိုင်ငံနှင့် မြန်မာ့ငြိမ်းချမ်းရေးရန်ကုန်မြို့သစ်စီမံကိန်း