ISP China Desk

စာတမ်းအမည် – The Logic of Myanmar’s China Policy

ရေးသားသူ – Maung Aung Myoe

ထုတ်ဝေသည့်အဖွဲ့ – Asian Journal of Comparative Politics

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၆

စာတမ်းအပြည့်အစုံ The Logic of Myanmar’s China Policy

စားတမ်အကျဉ်းချုပ်

မြန်မာနိုင်ငံအစိုးရအဆက်ဆက်သည် အချိုးမညီဖြစ်နေသော တရုတ်-မြန်မာဆက်ဆံရေး၏ ပကတိအနေအထားတွင်  မိမိနိုင်ငံ၏ လွတ်လပ်ရေး၊ နိုင်ငံရေးအခွင့်အာဏာ၊ အချုပ်ခြာအာဏာနှင့် နယ်မြေပေါင်းစည်းမှုကို ထိန်းသိမ်းရန် တရုတ်-မြန်မာဆက်ဆံရေးကို မည်သို့ကိုင်တွယ်မည်ကို စဉ်းစားကြသည်။ ၁၉၅၀ ခုနှစ်များတွင် မြန်မာအစိုးရသည် တရုတ်-မြန်မာဆက်ဆံရေးကို ဆွေမျိုးပေါက်ဖော်ဟု စတင်အသုံးပြုခဲ့သည်။ မြန်မာအစိုးရသည် ပေါက်ဖော်ဟူသော အသုံးအနှုန်းအောက်တွင်  နှစ်နိုင်ငံအကြား ပေါ်ပေါက်ခဲ့သော ပြသနာများကို ကိုင်တွယ်ဖြေရှင်ခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပြေလည်တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံအနေနှင့် တရုတ်အပေါ် မည်သည့်ပုံစံဖြင့် ချဉ်းကပ်သည်ကို နားလည်ရန် ယခုစာတမ်းတွင် အောက်ပါမေးခွန်းတချို့ကို အဖြေရှာကြည့်ပါမည်။

မြန်မာနိုင်ငံသည် မိမိ၏တရုတ်မူဝါဒကို မည်သို့ ချဉ်းကပ်စဉ်းစားသနည်း။ တနည်းဆိုသော် ဤစာတမ်းတွင် ပေါက်ဖော်ဟူသော အယူအဆ၏ အနှစ်သာရကို မီးမောင်းထိုးလေ့လာနိုင်ရန် ကြိုးပမ်းထားပါသည်။ နှစ်နိုင်ငံ တရားဝင်သံတမန်ဆက်ဆံရေး ထူထောင်ပြီးချိန်မှစ၍ တရုတ်နိုင်ငံအပေါ် ထားရှိသည့် မြန်မာနိုင်ငံ၏  မူဝါဒစဉ်းစားချက်သည်  မြန်မာနိုင်ငံ၏ သမိုင်း၊ ပြည်တွင်းလုံခြုံရေး စိန်ခေါ်ချက်များ၊ ပထဝီနိုင်ငံရေးနှင့် ဒေသတွင်းလုံခြုံရေးအခြေအနေများအပေါ် အခြေခံထားသည်။ တရုတ်အပေါ် မြန်မာနိုင်ငံ၏ မူဝါဒသည် အခါအားလျှော်စွာ မည်သို့ပင် ပြောင်းလဲစေကာမူ အထက်တွင် ဖော်ပြထားသော အခြေခံအချက်များမှာ မပြောင်းလဲပေ။