စာတမ်းခေါင်းစဉ် – China and Myanmar: Beijing’s Conflicting Role in the Kachin Peace Processရေးသားသူ – Loreen Tsin(Qin Liwen)ထုတ်ဝေသည့်အဖွဲ့ – Mercator Institute for China Studiesထုတ်ဝေသည့်ခုနှစ် – ၂၀၁၄ ဇွန်စာတမ်းအပြည့်အစုံ – China and Myanmar: Beijing’s Conflicting Role in the Kachin Peace Processစာတမ်းအကျဉ်းချုပ်မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုအောင်မြင်ရေးကို အဆုံးအဖြတ်ပေးနိုင်ပြီး ပြဿနာများစွာရှိသည့် မြန်မာအစိုးရနှင့် ကချင်ပြည်နယ်တို့အကြား ဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍသည် အငြင်းပွားစရာတရပ် ဖြစ်နေသည်။၂၀၁၂ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၁၃ အစောပိုင်းကာလများအတွင်း တရုတ်-မြန်မာ နယ်စပ်တွင်ဖြစ်ပွားသည့် တင်းမာမှုများသည် တရုတ်နိုင်ငံ၏ နယ်စပ်လုံခြုံရေးကို ခြိမ်းခြောက်လာသည်နှင့်အမျှ တရုတ်နိုင်ငံသည် နှစ်များစွာကြာအောင် ကျင့်သုံးလာခဲ့သော ဝင်ရောက်မစွက်ဖက်ရေးမူဝါဒမှသွေဖယ်ကာ ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တရားဝင်လက်ခံကျင်းပကာ စေ့စပ်ညှိနှိုင်းပေးခဲ့သည်။ဘေဂျင်းရှိ မဟာဗျူဟာမြောက်စဉ်းစားသောဗဟိုအစိုးရမှသည် အကျိုးအမြတ်ရှာဖွေမှုကို ဦးစားပေးသည့် ယူနန်ပြည်နယ်အစိုးရများအထိပါဝင်သည့် မြောက်မြားစွာသော တရုတ်နိုင်ငံမ်ပါဝင်ပတ်သတ်သူများသည် မြန်မာပြည်နှင့်ပတ်သက်၍ ကွဲပြားသောအကျိုးစီးပွားများကို မျှော်မှန်းလျက်ရှိသည်။ယင်းအကျိုးစီးပွားများ၏အချို့မှာ တခုနှင့် တခု ပဋိပက္ခဖြစ်လျက်ရှိရာ အကျိုးဆက်သည် ကချင်ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်၏ တသမတ်တည်းမဟုတ်သောမူဝါဒပင် ဖြစ်သည်။Categories: Peace Foreign policy Bilateral relations Armed Conflict China, the United States and the Kachin ConflictSino-Myanmar Relations: Is Pauk-Phaw Pragmatic or Rhetoric?