Subregional relation Archives - ISP Myanmar China Desk

ကြွေးမြီထောင်ချောက်ယုံတမ်းကို ဆန်းစစ်ခြင်း- ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကို အိမ်ရှင်နိုင်ငံများက ဘယ်လို လွှမ်းမိုးပုံဖော်သလဲ
စာတမ်းခေါင်းစဉ် – ကြွေးမြီထောင်ချောက်ယုံတမ်းကို ဆန်းစစ်ခြင်း- ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကို အိမ်ရှင်နိုင်ငံများက ဘယ်လို လွှမ်းမိုးပုံဖော်သလဲ

ရေးသားသူ – Lee Jones and Shahar Hameriri

ထုတ်ဝေသည့်အဖွဲ့ – CHATHAM HOUSE

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀၊ သြဂုတ်

စာတမ်းအပြည့်အစုံရယူရန် – Debunking the Myth of ‘Debt-Trap Diplomacy: How Recipient Countries Shape China’s Belt and Road Initiative

Disclaimer:  အချက်အလက်များသည် August 2020 ၏  အစောပိုင်းကာလများကိုသာ ထင်ဟပ်မည်ဖြစ်ပါသည်။

၂ဝ၁၃ ခုနှစ်က စတင်လာခဲ့သော တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်း အစီအမံ (BRI) သည် ယခုအခါတွင် ခုနစ်နှစ်ခန့် ရှိလာပြီဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၆ဝ ကျော်တွင် အကောင်အထည်ဖော်နေသည့် ဧရာမစီမံကိန်းတခုဖြစ်ပါသည်။ အဆိုပါ ခုနစ်နှစ်ခန့် အတွင်းတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ပထဝီနိုင်ငံရေး၊ အင်အားနှင့် ပါဝါလွှမ်းမိုးမှု၊ အရင်းအမြစ်များအား ထိန်းချုပ်ထားနိုင်မှုတို့အပေါ် အခြေခံချဉ်းကပ်ကာ အဆိုပါစီမံကိန်းအား တရုတ်နိုင်ငံအား ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံတခုအဖြစ် ဖော်ဆောင်ရေးဆိုသော ‘တရုတ်ပြည်အိပ်မက်’ ‘Chinese Dream’ အဖြစ် ရှုမြင်သည်များလည်း ရှိကြသည်။ အခြားတဖက်၌လည်း စီမံကိန်း၏ ကြီးမားလှသော အရွယ်အစားနှင့် တိကျသော အကောင်အထည် ဖော်ဆောင်မည့် မူဝါဒများ၊ မူဘောင်များ မရှိခြင်းနှင့် တတိယကမ္ဘာနိုင်ငံများတွင် ‘ကြွေးမြီထောင်ချောက်’ (Debt Trap Diplomacy) သဏ္ဌာန်မျိုး တွေ့မြင်လာရခြင်းတို့အပေါ် ဝေဖန်ချက် အများအပြား ရှိခဲ့ကြသည်။ အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရေးကို ဦးစားပေးသော ဤစီမံကိန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းကြီးများကို တရုတ်နိုင်ငံမှ အတိုးမြင့် ချေးငွေများဖြင့် ကနဦးထောက်ပံ့ကာ အကျိုးအမြတ်ကို ခွဲဝေယူသော ‘Loan Financing Model’ အဖြစ် အဓိကထား အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါစီမံကိန်းအား Host Country ဖြစ်သော တရုတ်နိုင်ငံဘက်သာမကဘဲ Recipient Country ဖြစ်သည့် ချေးငွေလက်ခံကာ စီမံကိန်း ဆောင်ရွက်ကြမည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခန်းကဏ္ဍကိုလည်း ဆန်းစစ်နားလည်ရန် လိုအပ်သည်။ အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ဆန်းစစ်လေ့လာထားသော သုတေသနအစီအရင်ခံစာတစောင်ကို မိတ်ဆက်ပေးလိုပါသည်။

CHATHAM HOUSE က ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်တွင် ထုတ်ဝေခဲ့သော “Debunking the Myth of ‘Debt-Trap Diplomacy’: How Recipient Countries Shape China’s Belt and Road Initiative”(ကြွေးမြီထောင်ချောက်ယုံတမ်းကို ဆန်းစစ်ခြင်း- ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကို အိမ်ရှင်နိုင်ငံများက ဘယ်လို လွှမ်းမိုးပုံဖော်သလဲ) ဟူသော အစီအရင်ခံစာဖြစ်ပါသည်။ ဤစာတမ်းက အဓိကထောက်ပြထားသည်မှာ ပထမအချက်အနေဖြင့် BRI စီမံကိန်းသည် ပထဝီနိုင်ငံရေးကို အခြေပြုကာ ဘေဂျင်းအစိုးရ၏ ဗဟိုချုပ်ကိုင်မှုဖြင့် မဟာဗျူဟာ၊ လုပ်ငန်းစဉ်များဖြင့် စနစ်တကျ လည်ပတ်နေသော စီမံကိန်းမျိုးမဟုတ်ဘဲ တရုတ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းကြီးများ၏ အကျိုးစီးပွားကို အဓိကဦးစားပေးစဉ်းစားသော စီမံကိန်းဖြစ်သည်။ ဒုတိယအချက်အနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုဆိုင်ရာ ငွေကြေးထောက်ပံ့မှုစနစ်သည် ကျယ်ပြန့်လွန်းကာ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းမှုရှိနေသည်။ တတိယအနေဖြင့် အဆိုပါ ငွေကြေးထောက်ပံ့စနစ်သည် အိမ်ရှင်တရုတ်နိုင်ငံထက် လက်ခံနိုင်ငံများ (recipient country)ကသာ အဓိကအရေးပါနေသည်ဖြစ်ပြီး ၎င်းလက်ခံနိုင်ငံများ၏ အစိုးရများ၏ နိုင်ငံရေးနှင့် စီးပွားရေးအကျိုးစီးပွားများသည် သက်ဆိုင်ရာနိုင်ငံရှိ BRI စီမံကိန်းများအပေါ် အဓိက အဆုံးအဖြတ်ဖြစ်နေသည်။

ယခုအစီအရင်ခံစာသည် သီရိလင်္ကာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ကို Case Study အနေဖြင့် လေ့လာထားပြီး စီးပွားရေးပိုင်းဆိုင်ရာ (Economic Drivers)နှင့် အုပ်ချုပ်မှုဆိုင်ရာ (Governance) အကြောင်းအရာများကို အဓိကဆွေးနွေးထားသည်။

စီးပွားရေးပိုင်းဆိုင်ရာ တွန်းအားများ

အခြေခံအားဖြင့်မူ တရုတ်နိုင်ငံသည် ချေးငွေကို အားပြုကာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကို ပြုလုပ်လာခဲ့ပြီး ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်းများကို တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ ပိုလျှံပို့ကုန်များဖြင့် ချေးငွေဆပ်ကာ ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ အဆိုပါမော်ဒယ်သည်လည်း အခြေခံအဆောက်အအုံများ အားကောင်းလာသည်နှင့်အမျှ ပြည်တွင်းဝယ်လိုအားကျဆင်းပြီး နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအနေဖြင့် ထိခိုက်မှုများရှိလာခဲ့သည်။  အဆိုပါအခက်အခဲကို ဖြေရှင်းနိုင်ရန် BRI စီမံကိန်းကို အကောင်အထည်ဖော်လာခြင်းဖြစ်သဖြင့် BRI စီမံကိန်းသည် တရုတ်ပြည်တွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမိုဒယ်၏ တွန်းအားဟု ဆိုသည်။ အဆိုပါစီမံကိန်းကို အဓိက ဦးဆောင်နေသော‌ ဘေဂျင်းအစိုးရ၏ ရုံးဌာနမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားကူးသန်းဝန်ကြီးဌာနတို့ မဟုတ်ကြဘဲ ‘အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲ‌ရေး ကော်မရှင်’ (National Development and Reform Commission) ဖြစ်နေခြင်းကို ကြည့်လျှင် စီးပွားရေးအရ စဉ်းစားချက်ကို ပိုမိုသိသာစေသည်ဖြစ်သည်။

အုပ်ချုပ်မှုပိုင်း

တရုတ်နိုင်ငံသည် စီးပွားရေးပရိယာယ် (Economic Statecraft)ကို အဓိက အသုံးပြုနေသည်ဟူ၍ လည်းကောင်း၊ ပိုးလမ်းမစီမံကိန်းသည် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများကို အဓိကအားပြုသည်ဟူ၍ လည်းကောင်း ဆိုသည်။ ထို့ကြောင့် မဟာဗျုဟာ၊ ရည်မှန်းချက်များအတွက် လျှောက်လှမ်းမည့် တိကျသော လုပ်ငန်းစဉ်များ မရှိသေးဘဲ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုပုံစံ (Development Financing Regime) သည်လည်း လျော့ရဲကာ စီမံကိန်းသည် မဟာဗျူဟာအဆင့်မျိုး မဆောင်ဘဲ နှစ်နိုင်ငံချင်း ညှိနိုင်းကာ စနစ်မကျသော ပုံသဏ္ဍာန်မျိုးဖြင့် တရုတ်နိုင်ငံထက် လက်ခံနိုင်ငံများကသာ အဓိကဦးဆောင်နေသော (Recipient-Driven) သဏ္ဌာန်မျိုး ရှိ‌နေသည်ဟု ဆိုသည်။ ဆိုလိုသည်မှာ BRI စီမံကိန်းတွင် ပါဝင်သော နိုင်ငံများ၏ စီးပွားရေး နိုင်ငံရေးအခြေအနေအရ လိုအပ်ချက်များ၊ ကြီးမားလှသော စီးပွားရေး အကျိုးအမြတ်များအား မက်မောမှုနှင့် ချို့ယွင်းနေသောအုပ်ချုပ်မှုစနစ်တို့သည် အဆိုပါစီမံကိန်းများကို မလိုလားအပ်သော အကျိုးဆက်များ ပေါ်ထွက်စေသည်ဟုဆိုသည်။ ၎င်းအချက်သည်ပင် ကြွေးမြီထောင်ချောက်ကို ဖြစ်ပေါ်လာစေခြင်းဟု ဆိုပါသည်။ ဆိုလိုသည်မှာ New Eurasian Land Bridge ခေါ် တရုတ်-ဥရောပ ကုန်ရထားလမ်းသည် ယခုအခါတွင် တင်ဆောင်နိုင်သော ကုန်ပမာဏ၏ ၄၅ ရာခိုင်နှုန်းခန့်မှာ လစ်လပ်လျက်ရှိပြီး ကုန်သေတ္တာတလုံးလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ မှ ၇၀၀၀ အထိ ဆုံးရှံးမှုရှိသည်ဟုဆိုသည်။ ချို့ယွင်းနေသော အုပ်ချုပ်မှုဟု ဆိုရာတွင် စီမံကိန်း တွက်ချက်မှုများ၌ လိုအပ်သည်ထက် များပြားမှုများ၊ အဂတိလိုက်စားမှုများ၊ အလွဲသုံးစားမှုများ စသည့် အကြောင်းအရာများသည်လည်း ပါဝင်မည်ဖြစ်မည်။

သီရိလင်္ကာနိုင်ငံ

ကြွေးမြီထောင်ချောက်နှင့် ပတ်သက်၍ နာမည်ကျော် သီရိလင်္ကာနိုင်ငံ၏ ဟမ်ဘမ်တိုတာဆိပ်ကမ်းအကြောင်းအား အသေးစိတ်ဆန်းစစ်လေ့လာထားသည်ကို တွေ့ရသည်။ အဓိကအချက်မှာ အဆိုပါဆိပ်ကမ်းစီမံကိန်းသည် တရုတ်နိုင်ငံဘက်မှ စတင်ခဲ့ခြင်းမဟုတ်ဘဲ သီရိလင်္ကာနိုင်ငံဘက်မှ ၎င်း၏ကြွေးမြီအကျပ်အတည်းကို ဖြေရှင်းရန်အတွက် အကြီးစား ရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်ရာမှ တရုတ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတခုဖြစ်သော CMPort က ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ဆိပ်ကမ်းကို အဓိကလုပ်ကိုင်နေသော CMPort သည် ၂၀၁၈ ခုနှစ်တွင် သီရိလင်္ကာဆိပ်ကမ်းအာဏာပိုင်(SLPA)ထံမှ ဆိပ်ကမ်းရှယ်ယာ ၈၅ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၉၇၃ ဒသမ ၇ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက် စက်မှုဇုန်တခု တည်ထောင်ရန်အတွက် တိုးချဲ့ဧက ၁၅ဝဝဝ ထပ်မံတောင်းခံခဲ့သည်ဟုဆိုသည်။ CMPort အနေဖြင့် မြေကို ကာလရှည်သိမ်းဆည်းထားခြင်းသက်သက် မဟုတ်ဘဲ ၎င်းလုပ်ကိုင်နေသော ပြင်သစ်၊ ဘရာဇီး၊ သြစတေးလျနှင့် ဂျီဘူတီနိုင်ငံများရှိ ဆိပ်ကမ်းများနှင့် ကွန်ရက်ပြုလုပ်ကာ စက်မှုဆိပ်ကမ်းမြို့တော်များအဖြစ် ပုံဖော်မည့် မဟာဗျူဟာမျိုး ရှိနေသည်ဟု သုံးသပ်ထားသည်။ စင်စစ်မှာမူ ၂၀၁၆ ခုနှစ်အတွက် သီရိလင်္ကာအစိုးရ၏ ပြည်ပအစိုးရများသို့ ပေးဆပ်ရမည့် ကြွေးမြီအရပ်ရပ်၏ ၃ ရာခိုင်နှုန်းသာ တရုတ်နိုင်ငံသို့ ပေးဆပ်ရန်ရှိပြီး ၁၂ ရာခိုင်နှုန်းသည် ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည်ဟု ဆိုသည်။ ထို့ကြောင့် အဆိုပါဆိပ်ကမ်းဖြစ်ရပ်မှာ တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့၏ အုပ်ချုပ်မှုဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ အလွဲအမှားများကြောင့် ဖြစ်သည်ဟု သုံးသပ်ထားသည်။

မလေးရှားနိုင်ငံ

မလေးရှားနိုင်ငံသည် ကြွေးမြီထောင်ချောက်၏ သားကောင်တခုအနေဖြင့် လည်းကောင်း၊ ပိုးလမ်းမစီမံကိန်းအား ပြန်လည်ဆန့်ကျင်ခဲ့သော နိုင်ငံတခုအနေဖြင့်လည်းကောင်း ပုံဖော်ခံရပြီး နှစ်မျိုးလုံးသည် မှန်ကန်မှုမရှိဟုဆိုသည်။ မလေးရှားစီးပွားရေးသည် ခရိုနီအရင်းရှင်စနစ်ကြီးစိုးသော သဘောမျိုးရှိပြီး အဆိုပါအချက်သည် စီမံကိန်းကြီးများတွင် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ထင်ရှားသလို မလေးရှားနိုင်ငံရေးတွင်ပါ သက်ရောက်သည်ဖြစ်သည်။ ထို့အပြင် BRI စီမံကိန်းကြီးများ တည်ရှိရာနေရာများသည်  နိုင်ငံရေးအရ အ‌ရေးပါသော မဲဆန္ဒနယ်မြေများဖြစ်သဖြင့်  မဲဆန္ဒနယ်မြေ အပြောင်းအလဲပြုခြင်း (Gerrymandering) နှင့် အခြားသော နိုင်ငံရေးအကျိုးစီးပွားများရှိကြသည်။ ၂ဝ၂ဝ ဖေဖော်ဝါရီလတွင် ‌UMNO ပါတီမှ ဒေါက်တာမဟာသီယာ၏ ဂိုဏ်းသည် Pakatan Harapan ညွန့်ပေါင်းအစိုးရမှ ခွဲထွက်ခဲ့ကာ UMNO ညွန့်ပေါင်းအစိုးရဖြစ်လာသဖြင့် မလေးရှားနိုင်ငံတွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုများသည် ယခင်အစိုးရထက် များစွာမြင့်တက်လာနိုင်မည်ဟု သုံးသပ်ထားသည်။

မူဝါဒအကြံပြုချက်များ

၁။ တရုတ်အစိုးရ၏ မူဝါဒချမှတ်သူများအနေနှင့် BRI စီမံကိန်း၏ အုပ်ချုပ်မှုပုံစံ (Project Governance)နှင့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းကြီးများ၏ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို တိုးတက်ရန် လုပ်ဆောင်ဖို့လိုသည်။

၂။ လက်ခံနိုင်ငံများ၏ အစိုးရများ၊ မူဝါဒချမှတ်သူများသည်လည်း BRIစီမံကိန်းများအား သုံးသပ်ဆုံးဖြတ်ရန်၊ ညှိနှိုင်းနိုင်ရန်နှင့် ထိန်းညှိနိုင်ဖို့ရန်အတွက် ၎င်းတို့၏ စွမ်းရည်ကို မြှင့်တင်ရန်လိုအပ်သည်။

၃။ ထို့အပြင် ဤစီမံကိန်းအား ပထဝီနိုင်ငံရေးမဟာဗျူဟာအနေဖြင့် ရှုမြင်ကာ တုံ့ပြန်မှုများ မပြုလုပ်ရန်လိုသည်။ စီမံကိန်းတခုလုံးသည် ပြန့်ကျဲနေကာ ဗဟိုထိန်းချုပ်မှုဖြင့် လည်ပတ်နေခြင်းဖြစ်သဖြင့် ပထဝီနိုင်ငံရေးအမြင်ဖြင့် တုံ့ပြန်လျှင် ကုန်သွယ်ရေးစစ် ကဲ့သို့သော အားပြိုင်မှုများအကြား ရောက်ရှိနိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အနောက်နိုင်ငံများ၏ ပံ့ပိုးကူညီမှုများကို ရပ်တန့်သွားစေနိုင်မည်ဖြစ်သည်။

၄။ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် အတိုက်အခံနိုင်ငံရေးအင်အားစုများ၏ အခန်းကဏ္ဍသည် အရေးပါသည်။ ပွင့်လင်းမြင်သာမှု အားကောင်းရန်နှင့်  ပါဝင်ဆောင်ရွက်မှု အားကောင်းသောပုံစံမျိုး (Participatory Approach) ဖော်ဆောင်ရန်အတွက် တွန်းအားပေးမှုများ လုပ်ဆောင်သင့်သည်။ သို့သော် အဆိုပါအင်အားစုအနေဖြင့်လည်း  စီမံကိန်းနှင့် သက်ဆိုင်သော ပဋိပက္ခများ၊ ပြဿနာများတွင် တရုတ်နိုင်ငံကိုသာ အပြစ်တင်၍ မရနိုင်ဘဲ လက်ခံနိုင်ငံများ၏ အစိုးရများကိုပါ စောကြောရန် လိုအပ်မည်ဖြစ်သည်။ အကြောင်းအရင်းမှာ BRI စီမံကိန်းသည် တရုတ်နိုင်ငံက မဟာဗျူဟာ၊ နည်းဗျူဟာများဖြင့် စနစ်တကျ လည်ပတ်နေခြင်းမဟုတ်ဘဲ လက်ခံနိုင်ငံတခုချင်းအပေါ် မူတည်ကာ ချေးငွေရရှိမှု၊ လုပ်ငန်းအောင်မြင်မှုတို့သည် ကွာခြားနေကြခြင်းကြောင့် ဖြစ်သည်။

လင်းထက်အောင်

The post ကြွေးမြီထောင်ချောက်ယုံတမ်းကို ဆန်းစစ်ခြင်း- ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကို အိမ်ရှင်နိုင်ငံများက ဘယ်လို လွှမ်းမိုးပုံဖော်သလဲ appeared first on ISP Myanmar China Desk.

မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲ – တရုတ်နှင့်အိန္ဒိယတို့၏ အကျိုးစီးပွားအားပြိုင်မှုများ
စာတမ်းခေါင်းစဉ် – မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲ – တရုတ်နှင့် အိန္ဒိယတို့၏ အကျိုးစီးပွားအားပြိုင်မှုများ

ရေးသားသူ – ဒေါက်တာရန်မျိုးသိမ်း

ထုတ်ဝေသည့်အဖွဲ့ – United States Institute of Peace (USIP)

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀၊ အောက်တိုဘာ

စာတမ်းအပြည့်အစုံရယူရန် – Myanmar’s 2020 Election: The Competing Interests of China and India

ကိုဗစ်-၁၉ ကပ်ရောဂါ အရှိန်ကောင်းနေဆဲ ယခုလ ၈ ရက်မှာ မြန်မာနိုင်ငံရဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်တော့ အရှိန်မလျော့ကျနိုင်သေးတဲ့ ပြည်တွင်းစစ်တွေ၊ တိုင်းရင်းသား နိုင်ငံရေး အင်အားစုများကြားက မကျေလည်မှုတွေ၊ ရွေးကောက်ပွဲ ကော်မရှင်အပေါ် အင်အားစုအမျိုးမျိုးရဲ့ ဝေဖန်မှုတွေနဲ့အတူ စိန်ခေါ်မှုများစွာ ရှိနေပါတယ်။ ဒါ့အပြင် ကိုယ်ကျိုးစီးပွားဆိုင်ရာ ရည်မှန်းချက်အသီးသီးရှိနေတဲ့ အိမ်နီးချင်း အင်းအားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအပေါ်မှာ ထားရှိတဲ့သဘောထားတွေဟာလည်း ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲလွန် ပထဝီနိုင်ငံရေးအခင်းအကျင်းအပေါ်မှာ သက်ရောက်မှုတွေရှိမှာဖြစ်ပါတယ်။ ဒါကြောင့် USIP က ၂၀၂၀ ခုနှစ် အောက်တိုဘာမှာ ထုတ်ဝေခဲ့တဲ့ “၂၀၂၀ မြန်မာ့ရွေးကောက်ပွဲ၊ တရုတ်နဲ့အိန္ဒိယ ကိုယ်ကျိုးစီးပွား ယှဉ်ပြိုင်မှု”ဆိုတဲ့ သုတေသနစာတမ်းတစောင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ယခုစာတမ်းကို အပိုင်း လေးပိုင်း ခွဲပြီး မိတ်ဆက်လိုပါတယ်။ အဆိုပါ အပိုင်း လေးပိုင်းကတော့

မြန်မာ့ရွေးကောက်ပွဲများနဲ့ တရုတ်

မြန်မာ့ရွေးကောက်ပွဲများနဲ့ အိန္ဒိယ

တရုတ်-အိန္ဒိယ အားပြိုင်မှုနဲ့ ၂၀၂၀ မြန်မာ့ရွေးကောက်ပွဲ

လေ့လာတွေ့ရှိချက်များနဲ့ အကြံပြုချက်များ ဖြစ်ပါတယ်။

မြန်မာ့ရွေးကောက်ပွဲများနဲ့ တရုတ်

ဒီအပိုင်းမှာတော့ စာတမ်းရှင်ဟာ မြန်မာ့သမိုင်းတလျှောက် ကျင်းပခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲတွေအပေါ် တရုတ်နိုင်ငံရဲ့ သဘောထားနဲ့ အဆိုပါရွေးကောက်ပွဲများမှတဆင့် အာဏာရလာတဲ့ အစိုးရများအပေါ် တရုတ်ရဲ့ သံတမန်ဆက်ဆံရေး မူဝါဒများအကြောင်းကို အသေးစိတ် ဖော်ပြရေးသားထားပါတယ်။ တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ၁၉၅၄ ခုနှစ်မှာ စတင်ပြောင်းလဲလာပြီး ကွန်မြူနစ်မဟုတ်တဲ့နိုင်ငံတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ကြိုးစားလာခဲ့ပါတယ်။ အဲဒီကာလတဝိုက်မှာပဲ တရုတ်ဟာ ဗမာပြည်ရဲ့ ပါလီမန်ဒီမိုကရေစီအစိုးရဖြစ်တဲ့ ဝန်ကြီးချုပ်ဦးနုဦးဆောင်တဲ့ အစိုးရ အဖွဲ့နဲ့လည်း ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို စတင်ထူထောင်ခဲ့ပါတယ်။ ဗမာပြည်မှာ ကျင်းပတဲ့ ၁၉၅၆    ရွေးကောက်ပွဲမှာတော့ လက်ဝဲယိမ်းပါတီတွေဖြစ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု(ပမညတ)၊ ဗမာပြည်အလုပ်သမားနှင့် လယ်သမားပါတီတို့ဟာ ဦးနု ဦးဆောင်တဲ့ ဖဆပလအစိုးရအတွက် အဓိက အတိုက်အခံအင်အားစုတွေဖြစ်လာကြပါတယ်။ အဆိုပါ လက်ဝဲယိမ်းပါတီတွေကို တရုတ်သံရုံးက ထောက်ပံ့မှုတွေ ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ တရုတ်အစိုးရဟာ အဆိုပါ ရွေးကောက်ပွဲမတိုင်မီက လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပေမဲ့ နိုင်ငံခြားရေး မူဝါဒတွေ အပြောင်းအလဲ ဖြစ်လာတဲ့ ၁၉၅၆ရွေးကောက်ပွဲမှာတော့ မြေပေါ်လက်ဝဲယိမ်းပါတီတွေအတွက် အထောက်အပံ့တွေ ပေးခဲ့တယ်ဆိုတာကို ငြင်းဆိုခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ရွေးကောက်ပွဲအပြီး ဩဂုတ်မှာ တရုတ်နိုင်ငံဆိုင်ရာ ဗမာသံအမတ် ဦးလှမောင်နဲ့ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

အဲဒီနောက် ၁၉၆၀ ရွေးကောက်ပွဲမှာလည်း တရုတ်ရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိခဲ့တယ်လို့ စာတမ်းရှင်က ရေးသားထားပါတယ်။ အဲဒီကာလမှာ ဖဆပလဟာ သန့်ရှင်းနဲ့ တည်မြဲ နှစ်ခြမ်းကွဲနေချိန် ဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ ဝန်ကြီးချုပ်ချူအင်လိုင်းနဲ့ ဦးနုတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်အစိုးရက ဦးနု ဦးဆောင်တဲ့ သန့်ရှင်းဖဆပလကို အထောက်အပံ့ပေးခဲ့ပါတယ်။အပြန်အလှန်အနေနဲ့ ဦးနုကလည်း ဗမာပြည်အတွင်းမှာ ရှိတဲ့ တရုတ်နိုင်ငံသားဖြစ်စေ မြန်မာနိုင်ငံသားဖြစ်စေ တရုတ်လူမျိုး လုပ်ငန်းရှင်များကို အကာအကွယ် အထောက်အပံ့များပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ ရန်ကုန်မှာ ရှိနေတဲ့ တရုတ်ဘဏ်ဟာလည်း ဦးနုရဲ့ မဲဆွယ်စရိတ်တွေကို ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲချက်တွေ ပေါ်ထွက်လာခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲမှာ ဦးနုရဲ့ သန့်ရှင်းဖဆပလ အနိုင်ရခဲ့ပါတယ်။

၁၉၉၀ ခုနှစ် အရောက်မှာတော့ ဗမာပြည် ရွေးကောက်ပွဲအပေါ် တရုတ်ရဲ့ချဉ်းကပ်ပုံဟာ ပုံစံတမျိုး ပြောင်းလာပြန်ကြောင်း စာတမ်းမှာ ဖော်ပြထားပါတယ်။ အဆိုပါရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပြတ်အသတ်အနိုင်ရပြီးနောက် ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ရိတ်ရှန်ဟာ NLD ရုံးချုပ်ဆီ သွားရောက်ပြီး ဂုဏ်ပြုစကားဆိုခဲ့တဲ့ ပထမဆုံး သံအမတ်ဖြစ်တာကို ထောက်ပြထားပါတယ်။  ၂၀၁၀ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာချိန်မှာလည်း တရုတ်သံအမတ် လီကျန်းဟွာဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီဝင်များနဲ့ တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမီကလည်း တရုတ်သံအမတ် ဟုန်းလျန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့  NLD အကြား ပါတီချင်းဆက်ဆံရေး ထူထောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။  ရွေးကောက်ပွဲအပြီး NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့  အာဏာရလာပြီးနောက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ဆက်လက်တည်မြဲရေး ဆွေးနွေးခဲ့ကြကြောင်း စာတမ်းရှင်က ဖော်ပြထားပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်းမှာလည်း မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ကို တရုတ်နိုင်ငံဆီ အလည်အပတ်ဖိတ်ခေါ်ပြီး တရုတ်ရဲ့ ရွေးကောက်ပွဲစနစ်နဲ့ ဥပဒေပြုရေးစနစ်တွေကို လေ့လာစေခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ယခုနှစ် ဇန်နဝါရီလမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း (CMEC) အကြောင်း၊ နှစ်နိုင်ငံလူထုချင်း ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့အကြောင်းတွေ ဆွေးနွေးခဲ့တဲ့ ဒီခရီးစဉ်ဟာ တရုတ်ရဲ့ NLD အစိုးရအပေါ် ဆက်လက်ထောက်ခံဆဲ ဆိုတဲ့ သဘောတရားနဲ့ ရခိုင်အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာစင်မြင့်မှာ တရုတ်က မြန်မာအပေါ် ကာကွယ်ပေးထားတယ် ဆိုတဲ့ အခြေအနေတွေကို ထင်ဟပ်စေတယ်လို့ ယခုစာတမ်းမှာ ရေးသားထားပါတယ်။

တရုတ်ဟာ လက်ရှိအာဏာရပါတီနဲ့သာမက အခြားအတိုက်အခံပါတီများ၊ တိုင်းရင်းသားပါတီများနဲ့လည်း ဆက်ဆံရေး မပျက်ကွက်ခဲ့ကြောင်း စာတမ်းမှာဖော်ပြထားပါတယ်။ ဟိုယခင် ၁၉၆၂ ခုနှစ်မှ ၁၉၈၅ ခုနှစ် ကာလတွေ  ကတည်းက တရုတ်ဟာ မြန်မာအစိုးရနဲ့ ဆက်ဆံရေးတည်ဆောက်ထားသလို တဖက်မှာလည်း လက်နက်ကိုင် အတိုက်အခံ အင်အားစုဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့လည်း ပါတီချင်းဆက်ဆံရေး မပျက်ခဲ့ပါဘူး။ ၂၀၁၁ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့ကြား နားလည်မှုစာချွန်လွှာရေးထိုးထားပြီး ၂၀၁၉ အောက်တိုဘာမှာလည်း တရုတ်ရဲ့ နိုင်ငံတကာဌာနဥက္ကဋ္ဌ မစ္စစွန်းဟိုင်ယန်နဲ့  NLD၊ USDP၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရခိုင်အမျိုးသားပါတီ (ANP)၊ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ ဘာအကြောင်းအရာတွေ ဆွေးနွေးခဲ့သလဲဆိုတာတော့ တရားဝင်ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

အစိုးရ၊ နိုင်ငံရေးပါတီများနဲ့သာမက တရုတ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကြားမှာလည်း နီးစပ်တဲ့ ဆက်ဆံရေး ရှိနေပါတယ်။ NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ စုစည်းထားတဲ့ FPNCC အဖွဲ့ရဲ့ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်က တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးမှာ တရုတ်ရဲ့ အာရှရေးရာဝန်ကြီး စွန်းကော်ရှန်းက FPNCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်များကို တရုတ်-မြန်မာ နယ်စပ်တလျောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ထိန်းသိမ်းဖို့၊ ၂၀၂၀ မှာ မျှတတဲ့ ရွေးကောက်ပွဲပေါ်ပေါက်ရေး အားပေးကြဖို့ အကြံပြုခဲ့ပါတယ်။  အဲဒီလထဲမှာပဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အစိုးရအနေနဲ့ ပွင့်လင်းမြင်သာပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်ရေးကို အာရုံစိုက်ဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။ ။

၁၉၄၈ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ ကာလအတွင်း မြန်မာနိုင်ငံ ရွေးကောက်ပွဲတွေအပေါ် တရုတ်ရဲ့ဝင်ရောက်စွက်ဖက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေ့ ရှိခဲ့သလို အခုအချိန်မှာလည်း တရုတ်ဟာ မြန်မာပြည်တွင်းက အစိုးရ၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အင်အားစု စသဖြင့် အလွှာစုံနယ်ပယ်စုံ ဆက်ဆံရေးကို ထူထောင်ထားပါတယ်။ ဒီလို အလွှာစုံဆက်ဆံရေးရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာလူထုကြား စိမ့်ဝင်အားကောင်းနေတဲ့ တရုတ်မလိုလားမှုစိတ်ထားများကို အတတ်နိုင်ဆုံး လျော့ချပြီး တိုင်းရင်းသားပြည်နယ်တွေရဲ့ ဒေသတကြောမှာ အခြေစိုက်ထားတဲ့ တရုတ်စီမံကိန်းတွေ ချော့မွေအဆင်ပြေစေဖို့ဖြစ်ကြောင်း ယခုစာတမ်းမှာ ဖော်ပြထားပါတယ်။

အစိုးရအချင်းချင်း၊ ပါတီအချင်းချင်း၊ တပ်မတော်အချင်းချင်း စသည်ဖြင့် အလွှာစုံဆက်ဆံရေးကို ထူထောင်ထားပေမဲ့ တရုတ်ဟာ လူထုချင်း ဆက်ဆံရေးထူထောင်ဖို့ အားနည်းနေသေးကြောင်းကို ဒေသခံလူထုတွေရဲ့ အသံတွေ ထည့်သွင်းစဉ်းစားထားခြင်းမရှိတဲ့ မြန်မာပြည်တွင်း တရုတ်စီမံကိန်းတွေက သက်သေဖြစ်ကြောင်း စာတမ်းက ဆိုထားပါတယ်။ ဒီစီမံကိန်းတွေအပေါ် NLD အစိုးရအနေနဲ့ ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းအချို့ ရှိခဲ့ပြီး စီမံကိန်းအချို့လည်း ကြန့်ကြာနေခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာလူထုကြားက တရုတ်မလိုလားစိတ်ကို ဖြေလျော့နိုင်ဖို့ တရုတ်အတွက် လူထုထောက်ခံအား ပိုများတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျော်ဇော်မှုနဲ့ ဩဇာတိက္ကမကို လိုအပ်နေတာကြောင့် NLD ပါတီနဲ့ ဆက်ဆံရေးကို ခိုင်မြဲအောင် တည်ဆောက်ထားကြောင်းလည်း ဒီစာတမ်းမှာ ရေးသားထားပါတယ်။ သမိုင်းကြောင်းအရ တရုတ်ဟာ မြန်မာအပေါ် နိုင်ငံရေးအရ လွှမ်းမိုးနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ ယခုအချိန်မှာတော့ စီးပွားရေးဗဟိုပြု သံတမန်ဆက်ဆံရေးကိုသာ အာရုံစိုက်နေတယ်လို့ စာတမ်းရှင်က သုံးသပ်ထားပါတယ်။

မြန်မာ့ရွေးကောက်ပွဲများနဲ့ အိန္ဒိယ

အိန္ဒိယနဲ့ မြန်မာဟာ အင်္ဂလိပ်ကိုလိုနီကို တော်လှန်ခဲ့တာချင်း တူညီတာကိုအကြောင်းပြုလို့ ရင်းနှီးကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ ခေတ်အဆက်ဆက် အစိုးရထိပ်သီးခေါင်းဆောင်များရဲ့ အပြန်အလှန် သံတမန်ခရီးစဉ်များအကြောင်းကိုလည်း ယခုစာတမ်းမှာ ဖော်ပြထားပါတယ်။ ၁၉၈၈ လူထုအရေးအခင်း ဖြစ်ပေါ်ချိန်မှာ အိန္ဒိယဟာ ဒီမိုကရေစီလိုလားသူ အတိုက်အခံများဘက်က ရပ်တည်ခဲ့ပါတယ်။ ထိုစဉ်က ရန်ကုန်မှာရှိတဲ့ အိန္ဒိယသံရုံးဟာ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးနုတို့နဲ့ အဆက်အသွယ်မပျက်ရှိခဲ့ပြီး စစ်အာဏာသိမ်းချိန်မှာတော့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ အိန္ဒိယ-မြန်မာနယ်စပ်ကို ရှောင်တိမ်းဖို့ ငွေကြေးဆိုင်ရာ အထောက်အပံ့တွေနဲ့ ကူညီခဲ့သလို နယ်စပ်တလျောက်မှာလည်း ခိုလုံဖို့အတွက် စခန်းအချို့ ဖွင့်ပေးခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ ဒီမူဝါဒဟာ ပြောင်းလဲလာပါတယ်။

ဒီလိုပြောင်းလဲလာတာဟာ မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံတွေအပေါ် တရုတ်ရဲ့လွှမ်းမိုးမှု ကြီးထွားလာခြင်း၊ အိန္ဒိယအရှေ့မြောက် နယ်စပ်ဒေသနဲ့ ဘင်္ဂလားပင်လယ်အော်ရဲ့ လုံခြုံရေး ခြိမ်းခြောက်ခံရခြင်းအပြင် အိန္ဒိယရဲ့ အရှေ့အရပ်သို့မျှော်(look east)မူဝါဒတို့ကြောင့် ဖြစ်တယ်လို့ စာတမ်းရေးသူက ဖော်ပြထားပါတယ်။ ၂၀၀၆ ခုနှစ်မှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဟာ အိန္ဒိယအနေနဲ့ အိမ်နီးနားချင်းနိုင်ငံတွေဆီကို ဒီမိုကရေစီ တင်သွင်းလို့မရနိုင်လို့ သူတို့ရဲ့ဖြစ်တည်မှုအတိုင်းပဲ လက်ခံပြီး ဆက်ဆံသွားရမယ်လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ် ဧပြီမှာ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေး အိန္ဒိယကို သွားရောက်ပြီး ၂၀၀၈ အခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၊ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲများအရေး ဆွေးနွေးခဲ့ပါတယ်။ အိန္ဒိယရဲ့ အရှေ့အရပ်သို့မျှော်ခြင်းမူဝါဒနဲ့ အိမ်နီးချင်းတို့ဦးစားပေးရေးမူဝါဒတွေမှာ မြန်မာဟာ အရေးကြီးတဲ့ ကဏ္ဍက ပါဝင်နေတာကြောင့် ကာကွယ်ရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးတို့ အပါအဝင် ကဏ္ဍစုံမှာ သံတမန်ဆက်ဆံရေးကို မြှင့်တင်ခဲ့တယ်လို့ ယခုစာတမ်းမှာ ရေးသားထားပါတယ်။  ဒါ့အပြင် လက်ရှိအာဏာပါတီဖြစ်တဲ့ NLD နဲ့လည်း နီးစပ်တဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့ကြိုးစားခဲ့တာတွေကို ရေးသားဖော်ပြထားပါတယ်။ ၂၀၁၆ ခုနှစ် NLDပါတီ အာဏာရအပြီးမှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ဒီမိုကရေအပြောင်းအလဲနဲ့အတူ ပိုကြီးမားတဲ့ စီးပွားရေး၊ ဖွံဖြိုးရေးတွေအတွက် မျှတတဲ့ရွေးကောက်ပွဲကနေ တက်လာတဲ့ အရပ်သားအစိုးရနဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ပွင့်လင်းမြင်သာပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေးအတွက် အပြန်အလှန် အထောက်အကူပေးဖို့  အိန္ဒိယရွေးကောက်ပွဲကော်မရှင်နဲ့ မြန်မာရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ကြား နားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ်မှာ ရေးထိုးခဲ့ပါတယ်။ အိန္ဒိယရဲ့ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ စီမံခန့်ခွဲရေး နိုင်ငံတကာ အင်စတီကျုကလည်း မဲဆန္ဒရှင်ပညာပေးသင်ရိုးများ အပြင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သင်ရိုးများ ပြုစုပြီး မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကော်မရှင်က အရာရှိများစွာကို လေ့ကျင်ဝေမျှခဲ့တဲ့ အကြောင်းလည်း ယခုစာတမ်းမှာ ဖော်ပြထားပါတယ်။

တရုတ်နည်းတူပဲ အိန္ဒိယဟာလည်း ၎င်းရဲ့ နယ်စပ်ဒေသတလျောက်က မြန်မာပြည်နယ်တွေမှာရှိတဲ့ အတိုက်အခံအင်အားစုတွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့လည်း ဆက်ဆံရေးထူထောင်ထားပါတယ်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီမှာ USDP ပါတီရဲ့ ဥက္ကဋ္ဌအပါအဝင် ပါတီဝင်များဟာ အိန္ဒိယကို သွားရောက်ပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် သံတမန်ရေးရာအကြောင်း ဆွေးနွေးခဲ့ပါတယ်။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌကလည်း အဆိုပါလထဲမှာပဲ အိန္ဒိယနိုင်ငံ မစ်ဇိုရမ်ပြည်နယ်မှာ ချင်းအမျိုးသားနေ့ကို ဆင်နွဲခဲ့ပါတယ်။ ကိုယ်တိုင်လည်း ဖယ်ဒရယ်ဒီမိုကရေစနစ်ကိုကျင့်သုံးတဲ့ အိန္ဒိယဟာ မြန်မာနိုင်ငံကိုလည်း ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် တရုတ်ရဲ့လွှမ်းမိုးမှုအောက်က ကင်းလွတ်ဖို့ ရည်မှန်းပြီး အိန္ဒိယရဲ့အကူအညီတွေဟာလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးဖြစ်စဉ်အတွက် အရေးပါလာနိုင်တယ်လို့ ယခုစာတမ်းမှာ သုံးသပ်ထားပါတယ်။

တရုတ်-အိန္ဒိယ အားပြိုင်မှုနဲ့  ၂၀၂၀ မြန်မာ့ရွေးကောက်ပွဲ

မြန်မာနိုင်ငံဟာ အကျိုးစီးပွားခြင်းပြိုင်ဆိုင်နေကြတဲ့ အင်အားကြီး နိုင်ငံနှစ်နိုင်ငံရဲ့ အကြားမှာရှိတာကြောင့် ဒီနှစ်နိုင်ငံအကြား သံတမန်ရေးရာမျှချေကို ထိန်းနိုင်ရေးဟာ အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးတို့အတွက် အရေးကြီးတယ်လို့ထောက်ပြထားပါတယ်။

တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးဟာ ၎င်းတို့ရဲ့ စီးပွားရေး၊ ပထဝီနိုင်ငံရေး အကျိုးစီးပွားအသီးသီးအတွက် မြန်မာ့ရွေးကောက်ပွဲဖြစ်စဉ်ကို နည်းလမ်းအဖုံဖုံနဲ့ ပါဝင်ပတ်သက်တာတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနဲ့ ဆက်ဆံရေးတည်ဆောက်တာတွေရှိပေမယ့် ရွေးကောက်ပွဲမှာ သိသိသာသာဝင်ရောက်စွက်ဖက်တယ်လို့ စွပ်စွဲမခံရအောင် ကြိုးစားနေပုံရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီက အများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်တယ်ဆိုတာ ကို နှစ်နိုင်ငံလုံးက များစွာ စိုးရိမ်မှုရှိကြပုံမပေါ်ပါဘူး။ နှစ်နိုင်ငံလုံးကလည်း အကြောင်းပြချက်ကိုယ်စီကြောင့် ရွေးကောက်ပွဲအလွန်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှုမြင့်မားနေဖို့ အလိုရှိကြပေမယ့် အိန္ဒိယကာ ဒီမိုကရေစီနည်းကျ တိုက်တွန်းနိုင်တယ် တယ်လို့ စာတမ်းရေးသူ သုံးသပ်ထားပါတယ်။ အိန္ဒိယဟာ NLD ပါတီဦးဆောင်ပြီး တိုင်းရင်းသား ဒီမိုကရက်တစ်ပါတီတွေလည်းပါဝင်တဲ့ အစိုးရတရပ်ကို လိုလားမှာဖြစ်ပြီး တရုတ်ကတော့ NLD ပါတီ ဦးဆောင်ပြီး တိုင်းရင်းသားပါတီတွေ အများအပြားနဲ့ တပ်မတော်တို့ ပေါင်းစပ်ဖွဲ့စည်းထားမယ့်ညွန့်ပေါင်းအစိုးရကို လိုလားလိမ့်မယ်လို့ စာတမ်းရှင်က သုံးသပ်ထားပါတယ်။ အိန္ဒိယကတော့ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ပိုမိုအထောက်အကူပြုလျက်ရှိပြီး တရုတ်နိုင်ငံဟာ ကုလသမဂ္ဂမှာရှိတဲ့ သူ့ရဲ့ ဗီတိုအာဏာကို သုံးပြီး မြန်မာနိုင်ငံကို နိုင်ငံတကာဖိအားတွေက ကာကွယ်ပေးရင်း အလွှာစုံဆက်ဆံရေးကို ထူထောင်ထားပါတယ်။

လေ့လာတွေ့ရှိချက်များနဲ့ အကြံပြုချက်များ

စာတမ်းရဲ့ နောက်ဆုံးအပိုင်းမှာတော့ လေ့လာတွေ့ရှိချက် လေးချက်နဲ့အတူ မြန်မာအစိုးအရအတွက် အကြံပြုချက် ခုနစ်ချက်၊ တရုတ်အတွက် အကြံပြုချက် လေးချက်၊ အိန္ဒိယအတွက် အကြံပြုချက် နှစ်ချက်နဲ့ နိုင်ငံတကာအသိုင်းအဝန်းအတွက် အကြံပြုချက် တချက်တို့ ပါဝင်ပါတယ်။ ဒီအချက်တွေထဲ စိတ်ဝင်စားဖွယ်ရာ၊ သတိပြုဖွယ်ရာ အချက်အချို့ကို ထုတ်နုတ်မိတ်ဆက်ပေးချင်ပါတယ်။

လေ့လာတွေ့ရှိချက် အချို့အနေနဲ့ တရုတ်နဲ့မြန်မာဟာ နယ်နိမိတ်ရှည်လျားစွာ ထိဆက်နေတဲ့အပြင် အကြောင်းကြောင်းတွေကြောင့် မြန်မာကလည်း တရုတ်နဲ့ ဆက်ဆံရေးအဆင်ပြေဖို့လိုသလို တရုတ်အနေနဲ့လည်း မြန်မာကို လိုအပ်တယ်လို့ ရေးသားထားပါတယ်။ တရုတ်ရဲ့ အလွှာစုံဆက်ဆံရေး တည်ဆောက်ခြင်းဟာ သူ့ရဲ့ စီးပွားရေးအကျိုးလိုလားမှုကြောင့် အဓိကဖြစ်ပြီး မြန်မာပြည်အပေါ်သာမက ဒေသတွင်းမှာ တရုတ်ရဲ့ လွှမ်းမိုးမှုကြီးမားလာတာကို ထောက်ရှုရင် မြန်မာနိုင်ငံရဲ့ ၂၀၂၀ ရွေးကောက်ပွဲဖြစ်စဉ်နဲ့ ရွေးကောက်ပွဲအလွန်အခြေအနေတွေအပေါ် တရုတ်ရဲ့ အရိပ်ထိုးမှုဟာ သွယ်ဝိုက်သော်လည်းကောင်း တိုက်ရိုက်သော်လည်းကောင်း ရှိလိမ့်မယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

အကြံပြုချက်တွေထဲမှာတော့ တရုတ်ဟာ မြစ်ဆုံစီမံကိန်းမှာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို လိုက်လျောပေးပြီး လူထုချင်းဆက်ဆံရေးကို အခိုင်အမာတည်ဆောက်နိုင်တယ်လို့ အကြံပြုထားပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း အိန္ဒိယနဲ့ ဆက်ဆံရေး ကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး တရုတ်လွှမ်းမိုးမှုကို မျှချေမှာရှိအောင် ထိန်းထားသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဥရောပနဲ့ အမေရိကတကြောက နိုင်ငံတွေရဲ့ ရွေးကောက်ပွဲစနစ်တွေကို ကျေလည်အောင် လေ့လာဖို့ မြန်မာအစိုးရက ဆောင်ရွက်သင့်တယ်လို့ အကြံပြုထားပါတယ်။ မြန်မာပြည်တွင်းက ပွင့်လင်းမြင်သာမှု အားနည်းတဲ့ တရုတ်စီမံကိန်းများနဲ့ ပတ်သက်လို့လည်း ရွေးကောက်ခံလွှတ်တော်ထဲမှာ ကောင်းကျိုးဆိုးပြစ်တွေ အကျေအလည်ဆွေးနွေးငြင်းခုံတဲ့ အလေ့အထ အားကောင်းလာအောင် ကြိုးပမ်းသင့်တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။ အိန္ဒိယအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေးတွေမှာ အလွှာစုံဆက်ဆံရေးကို အခိုင်အမာတည်ထောင်ပြီး ပိုမိုမဟာဗျူဟာကျတဲ့ သံတမန်ဆက်ဆံရေးတွေ တည်ဆောက်သင့်တယ်လို့ အကြံပြုထားပါတယ်။ နိုင်ငံတကာအဝန်းအဝိုင်းကလည်း မြန်မာနိုင်ငံမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့နဲ့ ဒီမိုကရေစီဖြစ်စဉ် ရှေ့ဆက်နိုင်ဖို့ နိုင်ငံရေးအင်စတီကျူးရှင်းတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို စွမ်းရည်မြှင့်တင်ရေးမှာ အထောက်အကူပေးသင့်တယ်လို့ ယခုစာတမ်းမှာ အကြံပြုဖော်ပြထားပါတယ်။

ထက်ရှိန်လင်း

The post မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲ – တရုတ်နှင့်အိန္ဒိယတို့၏ အကျိုးစီးပွားအားပြိုင်မှုများ appeared first on ISP Myanmar China Desk.

တရုတ်၏ ဗဟို-ဒေသန္တရဆက်ဆံရေးမူဘောင်
စာတမ်းခေါင်းစဉ် – တရုတ်၏ ဗဟို-ဒေသန္တရဆက်ဆံရေးမူဘောင်/တရုတ်-မြန်မာနယ်စပ်ရေးရာကိစ္စရပ်များတွင် ဘေဂျင်း ပြန်လည်နေရာယူလာမှုအား ပုံဖော်ကြည့်ခြင်း

ရေးသားသူ – ခင်ခင်ကျော်ကြီး

ထုတ်ဝေသည့်အဖွဲ့အစည်း – ISP-Myanmar

ထုတ်ဝေသည့်ကာလ – ၂၀၁၉ ဒီဇင်ဘာ

စာတမ်းအပြည့်အစုံရယူရန် – မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေဖြန့်ချိထားသည့် စာတမ်းအပြည့်အစုံကို အင်းဝစာအုပ်ဆိုင်(ပန်းဆိုးတန်း၊ လှည်းတန်း)၊ ရာပြည့်စာအုပ်ဆိုင်(ပန်းဆိုးတန်း)၊ မျိုးဆက်သစ်စာပေ၊ လူထုစာအုပ်ဆိုင်(မန္တလေး) တို့တွင် ဝယ်ယူနိုင်သလို စာတိုက်မှတဆင့် အိမ်အရောက်ဝန်ဆောင်မှု ရယူလိုပါက ဖုန်း – ၀၉ ၂၆၃၉၁၆၆၃၃ သို့ ဆက်သွယ်နိုင်ပါသည်။

စာတမ်းအကျဉ်းချုပ်

ယခုစာတမ်းသည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)မှ ထုတ်ဝေသော တရုတ်-မြန်မာဆက်ဆံရေး သုတေသနစာတမ်းတွဲများအနက် ဒုတိယမြောက်စာတမ်းဖြစ်သည်။

၂၀၀၉ ခုနှစ်နောက်ပိုင်းမှစ၍ တရုတ်-မြန်မာဆက်ဆံရေးအခန်းကဏ္ဍတွင် တရုတ်နိုင်ငံ၏ ဗဟိုအစိုးရက ပို၍ ထဲထဲဝင်ဝင်နှင့် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာမှုကို ဤစာတမ်း၌ လေ့လာထားသည်။ ထို့အတူ ဘေဂျင်း၏ မူဝါဒဆုံးဖြတ်ချက်များအပေါ်တွင် ယူနန်ပြည်နယ်အစိုးရ၏ အကျိုးစီးပွားစဉ်းစားချက်တို့က မည်သို့သက်ရောက်လွှမ်းမိုးမှုများ ရှိနေသနည်းဆိုသည်ကိုလည်း သုံးသပ်ဆွေးနွေးထားသည်။

မြန်မာနိုင်ငံနှင့်သက်ဆိုင်သော မူဝါဒများချမှတ်ရာတွင် ဘေဂျင်းနှင့် ယူနန်သည် အပြိုင်သဘောဆောင်နေခြင်းမျိုးမဟုတ်ဘဲ နှစ်ဖက်စလုံး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားကြကြောင်း စာရေးသူ ခင်ခင်ကျော်ကြီးက လက်တွေ့အထောက်အထားများနှင့် တင်ပြထားပါသည်။

မြန်မာ့တပ်မတော့်နှင့် ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(MNDAA) တို့အကြား တိုက်ပွဲများဖြစ်ပွားပြီး ယူနန်ဒေသသို့ ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ဝင်‌ရောက်စေခဲ့သည့် ၂၀၀၉ ခုနှစ် ကိုးကန့်ဖြစ်စဉ်နှောင်းပိုင်းမှ စတင်ကာ ဘေဂျင်းသည် တရုတ်-မြန်မာ နယ်စပ်ရေးရာကိစ္စရပ်များကို ပိုမိုအလေးထားလာခဲ့သည်။ ၂၀၁၃ ခုနှစ်မှ စတင်ကာ ဘေဂျင်း(ဗဟိုအစိုးရ)မှ အထူးသံတမန်ခန့်အပ်ပြီး မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံမှုများ ဆောင်ရွက်လာခဲ့ရာ နယ်စပ်ရေးရာကိစ္စရပ်များတွင် ယူနန်အခြေစိုက်အာဏာပိုင်များ၏ လွှမ်းမိုးသက်ရောက်နိုင်မှုများကို လျော့နည်းသွားစေခဲ့သည်။

ဘေဂျင်းသည် နယ်စပ်ရေးရာလုံခြုံရေးကိစ္စရပ်များနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ကဏ္ဍအတော်များများတွင် ပါဝင်ခဲ့သော်လည်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများကိုင်တွယ်ဖြေရှင်းခြင်း စသည့် အရေးပါသော အခြားနယ်စပ်ရေးရာကိစ္စရပ်များတွင်  ဒေသန္တရအစိုးရများဖြစ်သော ပြည်နယ်၊ ပြည်နယ်ခွဲများ၊ ကောင်တီအစိုးရတို့မှ အဓိကကိုင်တွယ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။

ဘေဂျင်းသည် နယ်စပ်ရေးရာကိစ္စများတွင် ပိုမိုလွှမ်းမိုးချုပ်ကိုင်လာခဲ့သော်လည်း ယူနန်အခြေစိုက် ဒေသန္တရအာဏာပိုင်များသည်လည်း ထိုယန္တရားတွင် ပါဝင်လျက်ရှိရာ ဗဟိုအစိုးရသည် မူဝါဒများချမှတ်ရာတွင် ဒေသန္တရအစိုးရများ၏ အကျိုးစီးပွားများကို လျစ်လျူရှုမထားကြောင်း တွေ့ရသည်။ တရုတ်နိုင်ငံ၏ ဗဟိုအစိုးရအနေဖြင့် နယ်စပ်ရေးရာကိစ္စရပ်များသည် ဒေသန္တရအကျိုးစီးပွားများနှင့် သက်ဆိုင်နေကြောင်း နားလည်လက်ခံထားပုံရသည်ဖြစ်ရာ တရုတ်နိုင်ငံ၏ နယ်စပ်ရေးရာမူဝါဒများသည် ဗဟိုနှင့် ဒေသန္တရအစိုးရများ၏ အကျိုးစီးပွားမျှခြေကို ထင်ဟပ်လျက်ရှိသည်။

The post တရုတ်၏ ဗဟို-ဒေသန္တရဆက်ဆံရေးမူဘောင် appeared first on ISP Myanmar China Desk.

Gambling as Development: A Case Study of Myanmar’s Kokang Self-administered Zone
စာတမ်းအမည် – Gambling as Development: A Case Study of Myanmar’s
Kokang Self-administered Zone

စာတမ်းရေးသားသူ – Myint Myint Kyu

ထုတ်ဝေသည့်အဖွဲ့အစည်း – Regional Center for Social Science
and Sustainable Development (RCSD)

ထုတ်ဝေသည့်ရက်စွဲ – ၂၀၁၈၊ ဖေဖော်ဝါရီ

စာတမ်းအကျဉ်းချုပ်

ဤစာတမ်းသည် မြန်မာနိုင်ငံအရှေ့မြောက်ဘက်၊ နယ်စပ်ဒေသဖြစ်သော
ကိုးကန့်ဒေသတွင် လွှမ်းမိုးပျံ့နှံ့လျက်ရှိသည့် ကာစီနိုလောင်းကစားလုပ်ငန်းများကို လေ့လာဆန်းစစ်ထားခြင်း
ဖြစ်ပါသည်။

ကိုးကန့်သည် မြန်မာနိုင်ငံ၏ဗဟိုအစိုးရမှ
တရားဝင်အသိအမှတ်ပြုထားသော တရုတ်စကားပြောသည့် လူနည်းစုတိုင်းရင်းသားဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်
လူသိများသော ကိုးကန့်ဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တည်ရှိပြီး တချိန်က
ဘိန်းထုတ်လုပ်မှုနှင့်ပတ်သက်၍ နာမည်ကြီးခဲ့သည်။

ကာစီနိုလုပ်ငန်းများသည် ၁၉၈၉
ခုနှစ်နောက်ပိုင်းတွင်  ပေါ်ပေါက်ခဲ့ပြီး ထိုလုပ်ငန်းများအနေနှင့်
ဒေသ၏ စီးပွားရေး၊ လူမှုရေးကဏ္ဍတို့တွင် မည်သို့သက်ရောက်နေသည်ကို လေ့လာရန်
ကာစီနိုရုံအလုပ်သမားများနှင့် ကိုးကန့်ဒေသခံများအား ဤစာတမ်းအတွက်တွေ့ဆုံမေးမြန်းထားသည်။

The post Gambling as Development: A Case Study of Myanmar’s Kokang Self-administered Zone appeared first on ISP Myanmar China Desk.

China and Myanmar’s Peace Process
စာတမ်းအမည် – China and Myanmar’s Peace Process

ရေးသားသူ – Yun Sun

ထုတ်ဝေသည့်အဖွဲ့ – United States Institute of Peace

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၇၊ မတ်

စာတမ်းအပြည့်အစုံ – China and Myanmar’s Peace Process

စာတမ်းအကျဉ်းချုပ်

မြန်မာ့နိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်ရှိ
အကျိုးစီးပွားကို တရုတ်နိုင်ငံ၏ စိတ်ဝင်စားမှုများသည် ကချင်နှင့်
ရှမ်းပြည်နယ်များရှိ တိုင်းရင်းသားလက်နက်ကိုင်များ၊ အထူးသဖြင့်
ကချင်လွက်မြောက်ရေးတပ်မတော်(KIA)၊ ဝ(UWSA)နှင့် ကိုးကန့်(MNDAA) လက်နက်ကိုင်တပ်ဖွဲ့တို့နှင့်
အဓိကဆက်စပ်လျက်ရှိသည်။

ယင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်
တရုတ်နိုင်ငံအတွင်းတွင် နေထိုင်ကြသော တိုင်ရင်းသားများနှင့် သမိုင်းနှင့်
ယဉ်ကျေးမှုချင်း နီးစပ်သည်သာမက နိုင်ငံရေးနှင့် စီးပွားရေး ချိတ်ဆက်မှုများပါ
ရှိသည်။

တရုတ်နိင်သည်
အခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေးနှင့်
ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများကို ပံ့ပေးပေးခြင်းဟူသော
နိုင်ငံခြားရေးမှုဝါဒကို တရားဝင်ကိုင်စွဲထားသည်။ သို့သော် လက်တွေ့တွင်
တရုတ်နိုင်ငံ၏ လုပ်ရပ်များမှာ ချမှတ်ထားသည့် မူဝါဒများနှင့် ကိုက်ညီမှုရှိ၊ မရှိ
ဆိုသည်မှာ ဒွိဟဖြစ်စေသည်။

လက်တလောတွင် မြန်မာနိုင်ငံ၌
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကြား ငြိမ်းချမ်းရေး ရရှိနိုင်မည်ဟု
တရုတ်နိုင်ငံအနေနှင့် မယုံကြည်ပါ။ ထို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း
တရုတ်နိုင်ငံ၏ ပါဝင်မှုများသည် မရေရာသော အခြေအနေများစွာအတွက်
ကြိုတင်ပြင်ဆင်ရန်နှင့်
လူးသာလွန့်သာရှိစေရန် ဦးစားပေးစဉ်းစားသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းများသို့ အထူးအကျိုးစီးပွားများရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏
ငွေကြေးအထောက်အပံ့များပေးမှုများသည် မြန်မာ့ငြိမ်းချမ်းရေးတွင် တရုတ်နိုင်ငံ၏
ပါဝင်ပတ်သတ်မှုအခန်းကဏ္ဍကို ပိုမိုရူပ်ထွေးသွားစေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့(NLD) အစိုးရလက်ထက်တွင်
တရုတ်-မြန်မာဆက်ဆံရေးမှာ တိုးတက်လာသည်။ ၂၀၁၆ ခုနှစ်တွင် ကျင်းပသော ငြိမ်းချမ်းရေး
ညီလာခံတက်ရောက်ရန် တရုတ်နိုင်ငံသည် တိုင်းရင်းသား လက်နက်ကိုင်များကို
ဖျောင်းဖျတိုက်တွန်းခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ အနာဂတ်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံ၏ ပါဝင်မှုသည်
နှစ်နိုင်ငံဆက်ဆံရေး၏လားရာနှင့် တရုတ်နိုင်ငံ၏ မိမိ၏အကျိုးစီးပွားကို
အဓိပ္ပာယ်ဖွင့်၊ ရှုမြင်ပုံ ပြောင်းလဲမှုများအပေါ်တွင် အခြေခံမည်ဖြစ်ပါသည်။

The post China and Myanmar’s Peace Process appeared first on ISP Myanmar China Desk.

Geopolitics, Ethnic Conflicts along the Border, and Chinese Foreign Policy Changes toward Myanmar
စာတမ်းအမည် – Geopolitics,
Ethnic Conflicts along the Border, and Chinese Foreign Policy Changes toward
Myanmar

ရေးသားသူ – Enze Han

ထုတ်ဝေသည့်အဖွဲ့ – Routledge

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၇၊ ဖေဖော်ဝါရီ

စာတမ်းအပြည့်အစုံ – Geopolitics, Ethnic Conflicts along the Border, and Chinese Foreign Policy Changes toward Myanmar

စာတမ်းအကျဉ်းချုပ်

ဒီမိုကရေစီနိုင်ငံသို့ စတင်အသွင်ကူးပြောင်းချိန်၊ ၂၀၁၀ ခုနှစ်မှစတင်ပေါ်ပေါက်ခဲ့သော
မြန်မာ့နိုင်ငံခြားရေးမူဝါဒပြောင်းလဲမှုများအကြားတွင် မြန်မာနှင့် အနောက်နိုင်ငံတို့အကြားဆက်ဆံရေးမှာ
တိုးတက်လာသည်။

တရုတ်နှင့် အမေရိကန်တို့၏ ပထဝီနိုင်ငံရေး အားပြိုင်မှုတွင် တရုတ်အစိုးရအနေနှင့်
မြန်မာနိုင်ငံအပေါ် မည်သို့ ပြောင်းလဲချဉ်းကပ်မည်နည်း၊ တရုတ်နိုင်ငံ၏မဟာဗျူဟာနှင့်
စီးပွားရေးအကျိုးအပေါ်  မထင်မှတ်ထားသော
ဖိအားပေးမှုများကို မည်သို့ ရင်ဆိုင်မည်နည်း။

ယခုစာတမ်းတွင် မြန်မာနိုင်ငံ၏ မူဝါဒပြောင်းလည်းမှုအလိုက် တရုတ်-မြန်မာနယ်စပ်ဒေသရှိ
လက်နက်ကိုင်ပဋိပက္ခများကို တရုတ်နိုင်ငံ၏ တုံ့ပြန်ပုံသည် မည်သို့ပြောင်းလဲခဲ့သည်ကို
လေ့လာထားခြင်းဖြစ်ပါသည်။

တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်နှင့် ၂၀၀၉ နှင့် ၂၀၁၅ တို့တွင်
ဖြစ်ပွားခဲ့သည့် ကိုးကန့် ဒေသစစ်ပွဲများနှင့် ၂၀၁၁ နှင့် ၂၀၁၃ ခုနှစ်တို့တွင်
ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်စစ်ပွဲများကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံသတင်းမီဒီယာများမှ
သတင်းအရ မြန်မာနိုင်ငံအပေါ် တရုတ်၏ မူဝါဒပြောင်းလဲ ချဉ်းကပ်ပုံကို
ပထဝီနိုင်ငံရေးအပြောင်းအလဲနှင့် ပြည်တွင်းရှိ အမျိုးသားရေးဝါဒ ရူထောင့်များမှ
နားလည်နိုင်ပါသည်။

ဤစာတမ်းသည်  တရုတ်နှင့် အမေရိကန် ပထဝီနိုင်ငံရေးအားပြိုင်မှုတွင်
အရှေ့တောင်အာရှသို့ တရုတ်၏ မူဝါဆိုင်ရာချဉ်းကပ်မှုများကို နားလည်နိုင်ရန်
အထောက်ပံ့ဖြစ်စေနိုင်ပါသည်။

The post Geopolitics, Ethnic Conflicts along the Border, and Chinese Foreign Policy Changes toward Myanmar appeared first on ISP Myanmar China Desk.

Repositioning Yunnan: security and China’s geoeconomic engagement with Myanmar
စာတမ်းအမည် – Repositioning Yunnan: security and China’s geoeconomic
engagement with Myanmar

ရေးသားသူ – Xiaobo Su

ထုတ်ဝေသည့်အဖွဲ့ – Routledge

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၆၊ ဇွန်

စာတမ်းအပြည့်အစုံ – Repositioning Yunnan: security and China’s geoeconomic engagement with Myanmar

စာတမ်းအကျဉ်းချုပ်

မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ပထဝီစီးပွားရေး ဆက်ဆံမှုသည် တရုတ်-ယူနန်
နယ်စပ် လူမှုလုံခြုံရေး၊  ကမ္ဘာလုံးဆိုင်ရာ
ဖြန့်ကျက်လျက်ရှိသော တရုတ်ရင်းနှီးမြုပ်နှံမှုများ၏ စီးပွားရေးလုံခြုံရေးနှင့်
စွမ်းအင်လုံခြုံရေးအပေါ် အခြေခံသည်။

ယင်းဆက်ဆံရေးတွင် ယူနန်ပြည်နယ်သည် မဟာဗျူဟာမြောက် ပေါင်းကူးတံတားသဖွယ် ပါဝင်လျက်ရှိသည်။
ထရုတ်-မြန်မာပထဝီစီးပွားရေး ဆက်စပ်မှုများကို နားလည်ရန် နိုင်ငံဖြတ်ကျော်အဓိက
စီမံကိန်း နှစ်ခုဖြစ်သော မြန်မာနိုင်ငံမြောက်ပိုင်း၌ ယူနန်ပြည်နယ်၏
စိုက်ပျိုးရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုနှင့် တရုတ်-မြန်မာ ရေနံနှင့် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းအကြောင်းကို
ယခုစာတမ်းတွင် လေ့လာသုံးသပ်ထားပါသည်။

ယူနန်ပြည်နယ်ကို ပေါင်းကူးတံတကားသဖွယ် မဟာဗျူဟာမြောက်စဉ်းစားချက်များသည်
အရေးပါသော အနေအထားကောင်းရှိသည့် နေရာအဖြစ် ဦးတည်လာခြင်းသည် တရုတ်တို့က
မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပထဝီနိုင်ငံရေးသာမက စီးပွားရေးသဘောတရားအရပါ
ထည့်သွင်းစဉ်းစားလာကြောင်းကို ပြသနေသည်။ ထိုမှတဆင့် ယူနန်ပြည်နယ်၏ ပထဝီစီးပွားရေး
အခန်းကဏ္ဍကို အလေးစဉ်းစားခြင်းဖြင့် တရုတ်နိုင်ငံသည်
အိမ်နီးချင်းနိုင်ငံများပါဝင်သော တရုတ်နိုင်ငံဗဟိုပြု ကုန်ထုတ်လုပ်မှုနှင့်
စားသုံးမှုကွန်ရက် တည်ဆောက်ရန်ရည်ရွယ်သည်။

The post Repositioning Yunnan: security and China’s geoeconomic engagement with Myanmar appeared first on ISP Myanmar China Desk.