ISP China Desk

တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ကို ၁၉၅၅ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ပင့်ဆောင်သည်။ ပင့်ဆောင်ရာတွင် မြန်မာနိုင်ငံဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ၊ တရားရုံးချုပ်ညွှန်ကြားရေးမှူ ဦးသိန်းမောင်က အဖွဲ့ခေါင်းဆောင်အဖြစ်ပြီး အဖွဲ့ဝင် ၁၂ ဦးပါရှိသည်။ အဆိုပါစွယ်တော်မြတ်သည် နောက်နှစ် ဇွန်လအထိ မြန်မာနိုင်ငံတွင် ကိန်းဝပ်စံပယ်ခဲ့သည်။ တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ကို တပ်မတော်အစိုးရလက်ထက် ၁၉၉၄ နှင့် ၁၉၉၆ ခုနှစ်တို့တွင် နှစ်ကြိမ်၊ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် တကြိမ်၊ စုစုပေါင်း လေးကြိမ် မြန်မာနိုင်ငံသို့ ပင့်ဆောင်ခဲ့သည်။

ကိုးကား –

  • တရုတ်-မြန်မာချစ်ကြည်ရေး နှစ်ပေါင်းနှစ်ထောင် – ဝင်းဝင်းသန်း(ဘာသာပြန်)