ISP China Desk

၁၉၅၅ ခုနှစ်၊ ဧပြီလတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်း၌ ကျင်းပမည့် အာရှ-အာဖရိက ထိပ်သီးအစည်းအဝေး(ဘန်ဒေါင်းညီလာခံ)သို့ တရုတ်နိုင်ငံကို တက်ရောက်ခွင့်ရရှိစေရန် မြန်မာအစိုးရက ကမကထပြုပေးခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံကို နိုင်ငံတချို့က ကန့်ကွက်နေခဲ့ရာ ညီလာခံသို့ တရုတ်နိုင်ငံအား တက်ရောက်ခွင့်မပြုလျှင် ၎င်းအနေဖြင့်လည်း တက်ရောက်မည်မဟုတ်ကြောင်း မြန်မာဝန်ကြီးချုပ် ဦးနုက ပြောဆိုခဲ့သည်။ ထိုမှသာ တရုတ်နိုင်ငံအား တက်ရောက်ခွင့်ပြုခဲ့ကြသည်။ ညီလာခံသို့ မသွားရောက်မီ တရုတ်နိုင်ငံဝန်ကြီးချုပ် ချူအင်လိုင်းသည် မြန်မာနိုင်ငံသို့ ခရီးတထောက် ဝင်ရောက်ခဲ့သည်။ ဘန်ဒေါင်းညီလာခံသို့ နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး တရုတ်၊ အိန္ဒိယနှင့် မြန်မာ သုံးနိုင်ငံ သဘောတူညီထားသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူငါးချက်ကို ဝိုင်းဝန်းအတည်ပြုခဲ့ကြသည်။

ကိုးကား –

  • Modern China-Myanmar Relations by David I. Steinberg and Hongwei Fan
  • တရုတ်-မြန်မာ ချစ်ကြည်ရေးမှတ်တမ်း – ချစ်ကြည်ရေးကြည်ညွန့်