ISP China Desk

ရာနှင့်ချီသောတရုတ်တပ်ဖွဲ့များသည် မြန်မာပြည်ထဲကို ကျုးကျော်ဝင်ရောက်နေပြီး စတုရန်းအမိုင် ၅၀၀ ခန့်ရှိသော မြန်မာပိုက်နက်ကိုသိမ်းယူခဲ့သည်ဟု ရန်ကုန်နေးရှင်းသတင်းစာက ၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ရေးသားခဲ့သည်။

ဝန်ကြီးချုပ် ဦးဗဆွေက ဝန်ကြီးများအစည်းအဝေးခေါ်ကာ အရေးပေါ်အခြေအနေအဖြစ် ဆွေးနွေးခဲ့သည်။ သတင်းထွက်သည့်နေ့တွင် မြန်မာအစိုးက ရှင်းရှင်းလင်းလင်းပြောဆိုခြင်းမရှိသော်လည်း နောက်ပိုင်းတွင် တရုတ်တပ်များ မြန်မာနိုင်ငံအတွင်းသို့ကျုးကျော်ကြောင်း ဝန်ခံခဲ့သည်။

တရုတ်-မြန်မာနယ်စပ်အနီး ဝဒေသတွင် ပြည်သူလွတ်မြောက်ရေးတပ်မတော်က အခြေစိုက်စခန်းတခု ထူထောင်ထားကြောင်း မြန်မာဘက်မှ ထုတ်ဖော်ပြောဆိုခဲ့သည်။ မြန်မာဘက်ကပြောဆိုချက်များနှင့်ပတ်သတ်ပြီး ချူအင်လိုင်းက  နှစ်ဘက်အကြားဆွေးနွေးမှု မပြုခင်တွင် တဖက်ကို အပြစ်မတင်ထိုက်ကြောင်း မြန်မာကိုဝေဖန်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထောက်လှမ်းရေးနှင့်သုတေသနဗျူရိုက ဖြစ်ရပ်အပေါ်သုံးသပ်ရာတွင် မြန်မာအစိုးရက သတင်းကိုမထုတ်ပြန်ချင်သောကြောင့် နေရှင်းသတင်းစာကို အသုံးချခြင်းဖြစ်သည်။ သို့မှသာ တရုတ်ကျုးကျော်မှုကို ကမ္ဘာကသိပြီး တရုတ်ကိုကျူးကျော်သူအဖြစ် စွပ်စွဲပြောဆိုကြလိမ့်မည်ဟု ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက်ပေါ်တွင် သံသယဖြစ်လာသည်။ ထိုအချိန်တွင် နှစ်နိုင်ငံအကြားဆက်ဆံရေးပြန်လည်တင်းမာလာပြန်သည်။

ကိုးကား –

  • Modern China-Myanmar Relations by David I. Steinberg and Hongwei Fan