ISP China Desk
Mr. Deng Xijun (မစ္စတာတိန့်ရှီကျွန်း) Photo - Xinhua

မစ္စတာတိန့်ရှီကျွန်းကို ၁၉၆၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်အဖြစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ခန့်အပ်ခံခဲ့ရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည်  အာရှရေးရာအထူးကိုယ်စားလှယ်ရာထူးကို ၂၀၁၃ ခုနှစ်က စတင်ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ကိစ္စရပ်များကို အဓိကတာဝန်ယူဆောင်ရွက်ရသည့် ရာထူးဖြစ်သည်။ မစ္စတာတိန့်ရှီကျွန်းမှာ အဆိုပါရာထူးတွင် ခန့်အပ်ခံရသည့် သုံးဦးမြောက်သံတမန်ဖြစ်သည်။

မစ္စတာတိန့်ရှီကျွန်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး၊ မြန်မာ့နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသတလျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီအကြား တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အထူးကိုယ်စားလှယ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် အမေရိကန်အပါအဝင် အနောက်နိုင်ငံများနှင့် နီးကပ်သည့်ဆက်ဆံရေးမပြုလုပ်ရန်၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ရန်၊ နယ်စပ်တလျှောက် တိုက်ပွဲများ မဖော်ဆောင်ရန်နှင့် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို အနှောက်အယှက်မပြုရန် စသည့်အချက်များကို အဓိကတောင်းဆိုခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသနှင့် တရုတ်နိုင်ငံနယ်စပ်အကြား တိုက်ပွဲများရပ်တန့်စေရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များ ပိတ်ချခြင်းနှင့် ကုန်စည်အဝင်အထွက် ကန့်သတ်ခြင်းများ ပြုလုပ်ပြီး ဖိအားပေးရာတွင်လည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သူ ဖြစ်သည်။ 

မစ္စတာတိန့်ရှီကျွန်း၏ တာဝန်ထမ်းဆောင်မှုအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။ 

ခုနှစ်ရာထူး
၁၉၈၃တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စတင်ဝင်ရောက်
၁၉၈၅ မှ ၁၉၈၈ အထိမြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူး
၁၉၈၈ မှ ၁၉၉၂ အထိတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန  အာရှရေးရာဌာန စစ်သံမှူး တတိယအတွင်းဝန်
၁၉၉၂ မှ ၁၉၉၅ အထိတတိယအတွင်းဝန်၊ ဒုတိယအတွင်းဝန်၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်
၁၉၉၅ မှ ၁၉၉၇ အထိတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာန ဒုတိယအတွင်းဝန် ဌာနခွဲညွှန်ကြားရေးမှူး
၁၉၉၇ မှ ၁၉၉၉ အထိမလေးရှားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ပထမအတွင်းဝန်
၁၉၉၉ မှ ၂၀၀၁ အထိစင်ကာပူနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ပထမအတွင်းဝန်
၂၀၀၁တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပါတီရေးရာဌာန ပထမအတွင်းဝန်
၂၀၀၁ မှ ၂၀၀၄ အထိအာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံမှူး (Counselor)
၂၀၀၄ မှ ၂၀၀၆ အထိတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာန သံမှူး (Counselor)
၂၀၀၆ မှ ၂၀၀၉ အထိဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံမှူး (Counselor)
၂၀၀၉ မှ ၂၀၁၁ အထိတရုတ်နိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့ နိုင်ငံခြားရေးရာရုံး လက်ထောက်ညွှန်ကြားရေးမှူး
၂၀၁၁ မှ ၂၀၁၃ အထိအိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံမှူး (Minister Counselor)
၂၀၁၃ မှ ၂၀၁၅ အထိအာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်
၂၀၁၅ မှ ၂၀၂၀ အထိတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်
၂၀၂၀ မှ ၂၀၂၂ အထိအာဆီယံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်
၂၀၂၂ မှ ယနေ့အထိတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်