ISP China Desk

မြန်မာအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးနုသည် အဖွဲ့ဝင် ၄ဝဝ ကျော်ပါ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်နိုင်ငံ အမျိုးသားနေ့ အခမ်းအနားတက်ရောက်ရန် ၁၉၆၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၁၃ ရက်နေ့တွင် တရုတ်နိုင်ငံသို့ သွားရောက်သည်။

ခရီးစဉ်တွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ် နေဝင်းလည်း အတူလိုက်ပါခဲ့သည်။ အောက်တိုဘာ ၁ နေ့တွင် တရုတ်နှင့် မြန်မာအကြား နယ်နိမိတ်ပဋိဉာဉ်စာချုပ်ကို ဘေဂျင်းတွင် ချူအင်လိုင်းနှင့် ဦးနုတို့က လက်မှတ်ရေးထိုးသည်။ ၁၉၆၀ ပြည့်နှစ်အား တရုတ်-မြန်မာချစ်ကြည်ရေးနှစ်အဖြစ် နိုင်ငံတကာဆက်ဆံရေးသမိုင်းတွင် ပထမဆုံးထည့်သွင်းမှတ်သားခဲ့သည်။ ဝန်ကြီးချုပ် ချူအင်လိုင်းသည် မြန်မာနိုင်ငံသို့ သံတမန်ခရီးစဉ် ၉ ကြိမ်လာရောက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးနေဝင်းသည်လည်း တရုတ်နိုင်ငံသို့ သံတမန်ခရီးစဉ် ၁၂ ကြိမ်သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်သည် အောက်တိုဘာလ ၁၃ ရက်နေ့အထိ ကြာမြင့်ခဲ့သည်။

ကိုးကား –

  • Modern China-Myanmar Relations by David I. Steinberg and Hongwei Fan
  • Burma-China Chronology by Burma Library
  • တရုတ်-မြန်မာချစ်ကြည်ရေး နှစ်ပေါင်းနှစ်ထောင် – ဝင်းဝင်းသန်း(ဘာသာပြန်)