ISP China Desk

တရုတ်နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်း၏ဖိတ်ကြားချက်အရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းသည် ၁၉၆၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၄ ရက်မှ ၂၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့သွားရောက်သည်။

ခရီးစဥ်အတွင်း ‘တရုတ်-မြန်မာချစ်ကြည်ရေးနှင့် အပြန်အလှန်မကျူးကျော်ရေးစာချုပ်’ နှင့် ‘တရုတ်-မြန်မာ နယ်နိမိတ်ပြဿနာရေးရာ သဘောတူစာချုပ်’ တို့ကို ချူအင်လိုင်းနှင့် ဦးနေဝင်းတို့က လက်မှတ်ရေးထိုးခဲ့သည်။ တရုတ်-မြန်မာ နယ်နိမိတ်သဘောတူစာချုပ်အရ နယ်နိမိတ်တိုင်းထွာရေး၊ နယ်နိမိတ်မှတ်တိုင်စိုက်ထူရေး၊ နယ်နိမိတ်မြေပုံများ ရေးဆွဲခြင်းနှင့် တရုတ်-မြန်မာနယ်နိမိတ် သဘောတူစာချုပ်မူကြမ်းရေးဆွဲခြင်း စသည်တို့အား အကောင်အထည်ဖော်ရန်အတွက် လူဦးရေအညီအမျှပါရှိသော နှစ်နိုင်ငံပူးတွဲကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

ကိုးကား –

  • Modern China-Myanmar Relations by David I. Steinberg and Hongwei Fan