ISP China Desk

တရုတ်နိုင်ငံဝန်ကြီးချုပ် ချူအင်လိုင်းသည် ၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှ ၉ ရက်နေ့အထိ မြန်မာနိုင်ငံသို့  အလည်အပတ်လာရောက်သည်။ အဆိုပါခရီးစဥ်အတွင်း ဇန်နဝါရီလ ၄ ရက်နေ့(လွတ်လပ်ရေးနေ့)တွင် နယ်ခြားစာချုပ်အပြန်အလှန်လဲလှယ်ကာ  အတည်ပြုခဲ့သလို တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ထုတ်ချေးရန်အပါအဝင်  စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ၉ ရက်နေ့တွင် လက်မှတ်ထိုးသည်။ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းကို မြန်မာနိုင်ငံသမ္မတက ‘အဂ္ဂမဟာမေတ္တာသီရိဓရ’ ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ချူအင်လိုင်းသည် ၁၉၅၄ မှ ၁၉၆၅ ခုနှစ်အထိ ၁၁ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ ကိုးကြိမ်တိုင် လာရောက်ခဲ့သည်။

ကိုးကား –

  • Modern China-Myanmar Relations by David I. Steinberg and Hongwei Fan
  • တရုတ်-မြန်မာချစ်ကြည်ရေး နှစ်ပေါင်းနှစ်ထောင် – ဝင်းဝင်းသန်း(ဘာသာပြန်)