ISP China Desk

တရုတ်နိုင်ငံ SGCC လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း(State Grid Corporation of China) မှ တာဝန်ယူတည်ဆောက်ပေးခဲ့သော  ကချင်ပြည်နယ်အတွင်းရှိ ဓာတ်အားလိုင်းများအား ၂၃၀ ကေဗွီ မဟာပင်မဓာတ်အားလိုင်း နှင့် ချိတ်ဆက် သွယ်တန်းပြီးစီးခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။ ၂၃၀ ကေဗွီ မဟာပင်မဓာတ်အားလိုင်း သွယ်တန်းမှုလုပ်ငန်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကန်ထရိုက်အရ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၃၀ အသုံးပြုခဲ့ကြောင်း သိရသည်။