ISP China Desk

တရုတ်နိုင်ငံတော်ပိုင် ဘဏ်များသည် ချေးငွေများထုတ်ပေး ရာတွင် အိမ်ရှင်နိုင်ငံ၏ အုပ်ချုပ်စီမံမှုအခြေအနေ (governance)၊ ခြစားမှုအတိုင်းအတာ (corruption)၊ နိုင်ငံ  ရေးအရ ဆုံးရှုံးနိုင်မှု (political risk) အစရှိသည့် ကောင်းမွန်သည့် အုပ်ချုပ်စီမံမှုဆိုင်ရာ ညွှန်ကိန်းများအရ ဆင်ခြင်စဉ်းစားခြင်းထက် နိုင်ငံရေးအရ၊ သံတမန်ရေးအရ ရင်းနှီးမှု၊ ချေးငွေထုတ်ပေးမည့်သူမရှိသည့်နိုင်ငံ (သို့) ချေးငွေထုတ်ပေးရန် မသင့်တော်သည့် စီမံကိန်းများကိုလည်း ပိုမိုစွန့်စား၍ ချေးငွေထုတ်ပေးလေ့ရှိကြောင်း   တွေ့ရသည်။ သီရိလင်္ကာနိုင်ငံ၌လည်း တရုတ်ချေးငွေများ ထုတ်မချေးခင်ကတည်းက ထိုနိုင်ငံ၏ ချေးငွေအဆင့်သည် စိုးရိမ်ရေမှတ်ရောက်နေပြီဖြစ်သည်။ ပါကစ္စတန်နိုင်ငံသည်လည်း ထိုနည်း၎င်းဖြစ်သည်။