ISP China Desk

တရုတ်-မြန်မာ နယ်စပ် မန့်ဝိန်း စစ်ဆေးရေးဂိတ်အနီးမှာ ရပ်နားထားတဲ့ တရုတ်နံပါတ်ပြားတပ် ကုန်တင်ကားတစ်စီးပေါ်မှာ ငွေကျပ်သိန်းပေါင်း ၁ ထောင် ၃ ရာကျော်တန်ဖိုးရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က မတ်လ ၂၅ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။ ကတ်ထူစက္ကူဖာ ၃၁၆ ဖာထဲက Shock Tube Detonator ဖောက်ခွဲရေးပစ္စည်းအချောင်း ၉ သောင်း ၅ ထောင်ကျော်ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။