ISP China Desk

မြန်မာ-တရုတ်နယ်စပ်ဖြတ်ကျော်မှုတွင် တရုတ်ဘက်မှ ကိုဗစ်ထိန်းချုပ်ရေး အစားထိုးယာဉ်မောင်းစနစ်ကြောင့် ကုန်တင်ယာဉ်များ ၁၀ ရက်ကြာစောင့်ဆိုင်းရပြီး ကားရှားပါးလာသဖြင့် မူဆယ်မှ မန္တလေးနှင့် ရန်ကုန်သို့ အဆင်းကားများ တန်ဆာခနှစ်ဆခန့် မြင့်တက်ခဲ့ကြောင်း မူဆယ်၊ကုန်တင်ယာဉ် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောသည်။ စောင့်ဆိုင်းရသည့် ရက်ကြာမြင့်ရာမှ တရုတ်ပို့ကုန်ဈေးကျ၍ တင်ပို့သူနည်းပါးပြီး အဆင်းကားနည်းလာခြင်း၊ ပို့ကုန်များဈေးကျခြင်းနှင့် လမ်းပိုင်းအခြေအနေများကြောင့် တန်ဆာခမြင့်တက်လာပြီး နယ်စပ်ကုန်သွယ်မှုတွင် အခက်အခဲကြုံတွေ့ရသည်ဟု ဆိုသည်။