ISP China Desk

ပြည်တွင်းမှနာနတ်သီးကို တရုတ်ဈေးကွက်သို့ တရားဝင်တင်ပို့ နိုင်ရေး သက်ဆိုင်ရာအဖွဲ့များက အားထည့်ဆောင်ရွက် ပေးသင့်ပြီး လက်ရှိတွင် ပြည်တွင်းဈေးကွက်၌ ထိုးဖောက် ရောင်းချနေရသဖြင့် တွက်ခြေမကိုက်ဖြစ်နေကြောင်း မြန်မာနိုင်ငံ နာနတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ပြောသည်။ နာနတ်သီးများ တရုတ်သို့ တင်ပို့ရာတွင် ၂၀၁၉ ခုနှစ် ဇွန်လနောက်ပိုင်း၌ ဝယ်ယူမှု ရပ်ဆိုင်းလိုက်သဖြင့် ပိုးမွှားကင်း စင်ကြောင်း လက်မှတ်(PC)ရရှိရေးနှင့် တရားဝင်တင်ပို့နိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။