ISP China Desk

တရုတ်နိုင်ငံသို့ ပစ္စည်းတင်ပို့ရန် ဖေဖော်ဝါရီ ၂၅ ရက်နောက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့သော်လည်း ကားငှား၍ မရသဖြင့် ကြံစိုက်တောင်သူများ အခက်ကြုံနေကြရကြောင်း သတင်းရရှိသည်။ “လမ်းကြောပွင့်ပြီး တရုတ်နိုင်ငံကို တခေါက်တင်ပို့လိုက်ရတယ်၊ အဲနောက်ပိုင်းကစတင်ပြီး ခုချိန်ထိ ကားငှား လို့မရတော့ဘူး၊ တစ်သျှူးငှက်ပျောသီးတင်ပိုဖို့အတွက် ကားတွေကိုဈေးကြီးပေးခေါ်သွားတာကြောင့် ဒီလိုဖြစ် သွားတာပါ၊ ၁၂ဘီးကားကို ကျွန်တော်တို့ ကြံက ၂၅တန်တင်တယ်၊ တစ်တန်ကိုငါးသောင်းပေးရတယ်၊ သူတို့က ၁၇တန်ပဲတင်ပြီး ကြံတင်တဲ့ ၂၅တန်နှုန်းကိုပေးတော့ ကားသမားတွေက ကျွန်တော်တို့ကြံဆိုရင်မတင်ကြတော့ ဘူး။”ဟု ကြံတင်ပို့နေသည့် ကိုချိုးတူးက ပြောသည်။