ISP China Desk

တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အတားအဆီး အကန့်သတ်တွေဆက်ရှိနေဦးမယ်ဆိုရင် မြန်မာပို့ကုန်အတွက် ခက်ခဲနေဦးမယ်လို့ မြန်မာကုန်သည်တွေက ငြီးတွားကြပါတယ် ။ မြန်မာ- တရုတ် ကုန်သွယ်ရေးမှာ အရင်ရှိပြီးသား ကုန်သွယ်မှုအတားအဆီးတွေအပြင် COVID-19 ကြောင့်ဖြစ်လာတဲ့ အတားအဆီးအသစ်တွေ ထပ်ပိုလာတာပါ။ ဒါကိုဖြေရှင်းနိုင်ဖို့ နှစ်နိုင်ငံထိပ်ပိုင်း ခေါင်းဆောင်တွေ ညှိနှိုင်းဖို့လိုတယ်လို့ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ စိုင်းခင်မောင်က ပြောပါတယ်။ COVID-19 အကြောင်းပြပြီး ကုန်သွယ်ရေး အတားအဆီးတွေ တရုတ်အစိုးရက ဖန်တီးနေတဲ့ အပေါ်မှာလည်း သူကအလေးထား ပြောခဲ့တာပါ။