ISP China Desk

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုတွင် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုသည် အများဆုံးဖြစ်သည်။ တရုတ်-မြန်မာနယ်စပ်တစ်လျှောက် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် မိုင်းလား ကုန်သွယ်ရေးစခန်း ငါးခု ဖွင့်လှစ်ထားသည်။ ယင်းစခန်းများအနက် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် ကုန်သွယ်မှုပမာဏ အမြင့်ဆုံးပြုလုပ်သည့်စခန်းဖြစ်သည်။ မြန်မာနိုင်ငံမှ တရုတ်သို့ မူဆယ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် လစဉ်တင်ပို့ရောင်းချနေသည့် ပို့ကုန်ပမာဏသည် ကန်ဒေါ်လာ သန်း ၄ဝဝ ဝန်းကျင်ရှိသည်။