Peace Archives - ISP Myanmar China Desk

ကုန်သွယ်မှုနှင့် ပဋိပက္ခများ ” မြန်မာ-တရုတ် ဆက်ဆံရေးကို ပုံဖော်ခြင်း”
စာတမ်းခေါင်းစဉ်  – ကုန်သွယ်မှုနှင့် ပဋိပက္ခများ ” မြန်မာ-တရုတ် ဆက်ဆံရေးကို ပုံဖော်ခြင်း”

ရေးသားသူ – International Crisis Group

ထုတ်ဝေသည့်အဖွဲ့အစည်း – International Crisis Group

ထုတ်ဝေသည့်ကာလ – ၂၀၂၀ မတ်

စာတမ်းအပြည့်အစုံရယူရန် – Commerce and Conflict: Navigating Myanmar’s China Relationship

သုတေသနစာတမ်းမိတ်ဆက်

ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု စတာတွေဟာ နိုင်ငံတခုဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသလို အပြန်အလှန်ကူးလူဆက်ဆံမှုတွေကလည်း နိုင်ငံနှစ်နိုင်ငံအကြား ဆက်ဆံရေးကို လွှမ်းမိုးပုံဖော်နေတဲ့ ညွှန်းကိန်းတွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတိုင်းကတော့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မဖော်ဆောင်နိုင်ပါဘူး။ အထူးသဖြင့် ပဋိပက္ခဒေသတွေမှာ ဆောင်ရွက်နေတဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေဟာ အသွားနှစ်ဖက်ပါတဲ့ ဓားလိုပါပဲ။ ဒေသခံတွေရဲ့ ဘ၀ကို တိုးတက်ကောင်းမွန်ဖို့အတွက် စီးပွားရေးအခွင့်အလမ်းသစ်တွေ ဖော်ဆောင်ပေးဖို့လိုပေမဲ့ လုပ်ပုံလုပ်နည်း မမှန်ခဲ့ရင် ပြည်သူလူထုရဲ့အကျိုးစီးပွားထက် လက်နက်ကိုင်တွေနဲ့ ၎င်းတို့နဲ့ အကျိုးစီးပွားချင်းထိစပ်နေတဲ့ သူတွေရဲ့ အကျိုးစီးပွားကိုပဲ ဖော်ဆောင်သလိုဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခတွေကိုလည်း ပိုမိုကြီးထွားလာစေနိုင်ပါတယ်။ အလားတူပဲ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ဖို့ဆိုရင်လည်း မျှတတဲ့ ကုန်သွယ်ရေးနဲ့ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို ဖော်ဆောင်ပေးတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ရှိဖို့လိုပါတယ်။

International Crisis Group(ICG)က ထုတ်ဝေတဲ့ Commerce and Conflict: Navigating Myanmar’s China Relationship (ကုန်သွယ်မှုနှင့် ပဋိပက္ခများ – မြန်မာ-တရုတ် ဆက်ဆံရေးကိုပုံဖော်ခြင်း) သုတေသနစာတမ်းဟာ နှစ်နိုင်ငံကူးလူးဆက်ဆံမှုများလာခြင်းကြောင့် တိုးပွားလာတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကတဆင့် ပဋိပက္ခအပေါ်သက်ရောက်မှုတွေကို လေ့လာဆန်းစစ်ထားတာပါ။ ဒါအပြင် ဆက်ဆံရာမှာ မြန်မာနိုင်ငံရဲ့  ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် တရုတ်ရဲ့  ရှုမြင်ချက်တွေကိုလည်း သုံးသပ်ထားတာ တွေ့ရပါတယ်။ ဒီသုတေသနစာတမ်းမှာ လွတ်လပ်ရေးရပြီးစ ကာလကနေ မျက်မှောက်ခေတ်အထိ တရုတ်-မြန်မာဆက်ဆံရေးကို သုံးသပ်ထားပြီး နောက်ပိုင်းမှာတော့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း(China-Myanmar Economic Corridor – CMEC)၊ တစ်ရှူးငှက်ပျော၊ ဖရဲ၊ သခွား စတဲ့ မြန်မာ့လယ်ယာကဏ္ဍမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုတွေ၊ ကရင်ပြည်နယ်မှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း စတာတွေကို ပဋိပက္ခ ရှုထောင့်အမြင်ကနေ လေ့လာထားပါတယ်။

သုတေသနစာတမ်းအဖွင့်ကိုတော့ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး အခြေအနေကို သုံးသပ်တာနဲ့ စဖွင့်ထားပါတယ်။ စာတမ်းက မြန်မာ-တရုတ် ဆက်ဆံရေးဟာ အချင်းချင်း အပြန်အလှန် မယုံကြည်မှုအပေါ် အခြေတည်ထားတယ်လို့ ဆိုပါတယ်။ ၁၉၄၈ – ၁၉၈၈ ခုနှစ်၊ အနှစ်လေးဆယ် ကာလအတွင်းမှာ ကူမင်တန်ကျူးကျော်မှု၊ တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးရဲ့ အကျိုးဆက်ဖြစ်ပြီး ၁၉၆၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တရုတ်-မြန်မာ အဓိကရုဏ်း၊ ဗမာပြည်ကွန်မြူနစ်ပါတီအရေး စတာတွေကြောင့် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးအပေါ် သက်ရောက်မှုတွေများစွာ ရှိခဲ့ပါတယ်။

၁၉၈၈ -၂၀၁၀ ခုနှစ်တွေအတွင်း တပ်မတော်အစိုးရလက်ထက်မှာတော့ အနောက်နိုင်ငံတွေရဲ့ ဖယ်ကြဉ်မှုနဲ့ စီးပွားရေး ပိတ်ဆို့မှုတို့ကို ရင်ဆိုင်ခဲ့ရတဲ့ မြန်မာအစိုးရဟာ တရုတ်နိုင်ငံအပေါ် များစွာ မှီခိုအားထားခဲ့ရတယ်လို့ စာတမ်းကဆိုပါတယ်။ အထူးသဖြင့် ၂၀၀၇ ခုနှစ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံလူ့အခွင့်အရေးနဲ့ပတ်သက်ပြီး တပ်မတော်အစိုးရကို အရေးယူဖို့ အဆိုတင်တဲ့အခါ တရုတ်နိုင်ငံက(ရုရှားနိုင်ငံနဲ့အတူ) ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။ ဒါဟာ ၁၉၇၃ ခုနှစ်ကစလို့ တရုတ်နိုင်ငံဟာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ခြင်းမရှိဘဲ ကောင်စီရဲ့အဆိုတခုကို ပထမဆုံးအကြိမ် ဗီတိုအာဏာသုံးပြီး ပယ်ချခြင်းလည်း ဖြစ်တယ်လို့ စာတမ်းက ထောက်ပြပါတယ်။ တရုတ်ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဗီတိုမသုံးခင်မှာ မွန်ဂိုလီးယားအရေး(၁၉၅၅)၊ ဘင်္ဂလားဒေ့ရှ်အရေး(၁၉၇၂)၊ ဂွာတီမာလာအရေး(၁၉၉၇)၊ ကိုဆိုဗိုအရေး(၁၉၉၉) တွေမှာ ဗီတိုသုံးစွဲခဲ့တယ်လို့ လုံခြုံရေးကောင်စီ ဗီတိုအာဏာသုံးတဲ့နိုင်ငံတွေစာရင်းမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ တပ်မတော်အစိုးရကို စစ်ရေး၊ စီးပွားရေးအပြင် နိုင်ငံတကာမျက်နှာစာမှာပါ အထောက်အပံ့ပေးခဲ့လို့ မြန်မာနိုင်ငံ ပြည်သူလူထုအတွင်းမှာ တရုတ်ဆန့်ကျင်ရေး သဘောထားတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့တယ်လို့ စာတမ်းက ဆွေးနွေးထားပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် တပ်မတော်အစိုးရလက်ထက်မှာ တရုတ်နယ်စပ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ မရှိသလောက်နည်းပါးခဲ့ပါတယ်။ အစိုးရအကူးအပြောင်းကာလ၊ ၂၀၁၁ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရာမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ သဘောထားကွဲလွဲခဲ့တဲ့အတွက် ကေအိုင်အေနဲ့ တပ်မတော်ကြား အနှစ် ၂၀ နီးပါး ကြာမြင့်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ကျိုးပေါက်ခဲ့ပါတယ်။

ကိုးကန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံအတွင်းက တရုတ်နိုင်ငံသားတွေ သေဆုံးမှုရှိခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပိုဆိုးစေတဲ့အချက်ကတော့ သမ္မတ ဦးသိန်းစိန်အစိုးရက ၂၀၁၁ ခုနှစ်မှာ မြစ်ဆုံစီမံကိန်းကို ရပ်တန့်စေခဲ့တာတွေဖြစ်ပါတယ်။ ဒီလိုရပ်တန့်စေခဲ့တဲ့အတွက် တရုတ်တို့အနေနဲ့ တုန်လှုပ်အံ့ဩခဲ့ရပြီး သမ္မတ ဦးသိန်းစိန်လက်ထက်မှာ မြန်မာ-တရုတ်ဆက်ဆံရေးဟာ သိသိသာသာ ကျဆင်းခဲ့ရတယ်လို့ စာတမ်းက သုံးသပ်ထားပါတယ်။

၂၀၁၆ ခုနှစ်မှာ တက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနောက်ကမ္ဘာနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကြောင့် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးပိုမိုဆိုးရွားလာနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဘင်္ဂါလီ(မူရင်း – ရိုဟင်ဂျာ)အကျပ်အတည်းနဲ့ တရုတ်နယ်စပ်က လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံအပေါ် ပြန်လည်မှီခိုလာရပါတယ်။ ဒီအချက်တွေအပြင် အစိုးရမဖြစ်ခင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ထူထောင်နိုင်ခဲ့တဲ့အကြောင်းတွေ ရေးသားထားတာကိုလည်း ဝေဝေဆာဆာနဲ့ ဖတ်ရှုရမှာပါ။

စာတမ်းက ဆက်လက်သုံးသပ်ရာမှာ တရုတ်နိုင်ငံအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် လွှမ်းမိုးမှုဟာ အတိုင်းအတာ တခုအထိသာရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ဖော်ဆောင်ဖို့ကို ဦးတည်စေတယ်။ တရုတ်အနေနဲ့ မြန်မာ့ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ပတ်သက်လို့ နိုင်ငံရေးအရ ပြေလည်တာ၊ စစ်ရေးအရ အောင်နိုင်ပြီး လုံးဝငြိမ်းချမ်းရေးရရှိတာမျိုးတွေထက် စီးပွားရေးအရပေါင်းစပ်ပြီး အပစ်ရပ် တည်ငြိမ်နေတာမျိုးကို ပိုလိုလားတယ်။ နောက်တချက်က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွေက ရှမ်းနဲ့ ရခိုင်ပြည်နယ်ထဲက လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေနဲ့ နီးကပ်စွာတည်ရှိနေတယ်။ ပဋိပက္ခဖြစ်ပွားရာ နယ်မြေတွေမှာရှိတဲ့ စီမံကိန်းတွေဟာ ဒေသခံတွေရဲ့ သမိုင်းနောက်ခံနဲ့ လက်ရှိနိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေကို လျစ်လျူရှုခဲ့မယ်ဆိုရင် ပြည်သူလူထုအတွက် မျှော်မှန်းသလောက် အကျိုးဖြစ်ထွန်းမှု မရှိနိုင်ဘူးလို့ လေ့လာသုံးသပ်ထားပါတယ်။

တရားမဝင် ကုန်သွယ်မှုနဲ့ စိုက်ပျိုးရေးကဏ္ဍကို ချိတ်ဆက်သုံးသပ်ပြရာမှာ တရားမဝင်ကုန်သွယ်ရုံသာမကတော့ဘဲ တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံ စိုက်ပျိုးထုတ်လုပ်လာကြတယ်လို့ စာတမ်းက ရေးသားထားပါတယ်။ တစ်ရှူးငှက်ပျောစိုက်ပျိုးတာနဲ့ ဖရဲစိုက်ပျိုးရေးလုပ်ငန်းတွေမှာ မြန်မာနိုင်ငံသား အမည်ခံ ငှားရမ်းလုပ်ကိုင်ကြလေ့ရှိပါတယ်။ နိုင်ငံတော်နဲ့ ဒေသခံမြေပိုင်ရှင်များ အနေနဲ့ အခွန်အခ၊ မြေငှားခနဲ့ အခြေခံအလုပ်သမားတွေအတွက် ပိုမိုများပြားတဲ့ လုပ်ခငွေတွေကို ရေတိုအကျိုးအမြတ်အနေနဲ့ ရရှိကြပါတယ်။ ရေရှည်မှာတော့ လူဝင်မှုကြီးကြပ်ရေး ပြဿနာနဲ့ ဓာတုမြေဩဇာနဲ့ ပိုးသတ်ဆေးတွေကြောင့် မြေပြင်မှာလုပ်ကိုင်နေသူတွေရဲ့ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ အခြားသီးနှံစိုက်ပျိုးမှုတွေကို ထိခိုက်စေပါတယ်။ သတိပြုစရာအချက်ကတော့ အစိုးရသာမက လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း သူတို့ထိန်းချုပ်ရာ နယ်မြေအသီးသီးမှာ အခွန်အခတွေ ရရှိတတ်ကြလို့ လက်နက်ကိုင်ပဋိပက္ခတွေကို ပိုမို ဖြစ်ပွားစေနိုင်ပါတယ်။ အားနည်းချက်တွေကို ထောက်ပြခဲ့ပေမဲ့ သေချာစွာထိန်းချုပ်ကိုင်တွယ်ပြီး ရေရှည်စဉ်ဆက်မပြတ်တိုးတက်ရေးကိုပါ ထည့်သွင်းစဉ်းစားနိုင်မယ်ဆိုရင် မြန်မာ့လယ်ယာကဏ္ဍမှာ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေနိုင်တယ်လို့ စာတမ်းက ဆိုပါတယ်။

ဒီနှစ်ပိုင်းတွေအတွင်းမှာ ထင်ရှားလာတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ရွှေကုက္ကိုလ်စီမံကိန်းကို တရုတ်ရဲ့ နာမည်ကျော် မဟာဗျူဟာ စီမံကိန်းဖြစ်တဲ့ ခါးပတ်တကွင်းလမ်းတစင်းစီမံကိန်း(Belt and Road Initiative – BRI) နဲ့ချိတ်ဆက်ပြသလေ့ရှိပါတယ်။ လက်နက်ကိုင်ထိန်းချုပ်နယ်မြေမှာရှိတဲ့ ရွှေကုက္ကိုလ်စီမံကိန်းဟာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(Myanmar Investment Commission – MIC) ကခွင့်ပြုတဲ့ ပမာဏထက် ကျော်လွန်နေမှု၊ လျှပ်စစ်မီးကို တရားမဝင် နိုင်ငံဖြတ်ကျော် သုံးစွဲမှုတွေအပြင် လောင်းကစားလုပ်ငန်းတွေကဖြစ်ပေါ်လာနိုင်တဲ့ လူမှုရေးပြဿနာတွေကြောင့် နယ်ခြားစောင့်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) တို့အကြား နိုင်ငံရေးအရ ပဋိပက္ခဖြစ်လာနိုင်မှုတွေကိုလည်း စာတမ်းက သုံးသပ်ထားပါတယ်။

အချုပ်မှာတော့ တရုတ်စီမံကိန်းတွေဟာ မြန်မာနိုင်ငံအတွက် ပဋိပက္ခတွေကို တိုးမြင့်လာစေနိုင်တဲ့ အလားအလာတွေရှိနေသလို တရုတ်နိုင်ငံအတွက်တော့ ဂုဏ်သိက္ခာကို ထိခိုက်မှုတွေနဲ့ စီမံကိန်းတွေအကောင်အထည်ရာမှာ စိန်ခေါ်မှုတွေ မြင့်မားလာနိုင်ပါတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီစီမံကိန်းတွေကို ဆွေးနွေးညှိနှိုင်းရာမှာနဲ့ အကောင်အထည်ဖော်ရာမှာ ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ဖို့နဲ့ ပိုပြီးပွင့်လင်းမြင်သာဖို့လိုပါတယ်။  ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဒီအချက်အလက်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့က စွမ်းဆောင်ရည်ပိုင်းမှာ အကန့်အသတ်တွေရှိနေပါတယ်။ ဒါကြောင့် တရုတ်အနေနဲ့လည်း စီမံကိန်းတွေကို ထိန်းကျောင်းနိုင်ဖို့နဲ့ ဒီစီမံကိန်းတွေကနေ မြန်မာနိုင်ငံနဲ့ ပြည်သူလူထုကို အကျိုးဖြစ်ထွန်းစေနိုင်ဖို့ စဉ်းစားဆောင်ရွက်သင့်တယ်လို့ အကြံပြုထားပါတယ်။

သန့်အောင်ပိုင်

The post ကုန်သွယ်မှုနှင့် ပဋိပက္ခများ ” မြန်မာ-တရုတ် ဆက်ဆံရေးကို ပုံဖော်ခြင်း” appeared first on ISP Myanmar China Desk.

တို့မြေများကို လောင်းကစားပစ်ခြင်း
စာတမ်းခေါင်းစဉ် – တို့မြေများကို  လောင်းကစားပစ်ခြင်း

ရွှေကုက္ကိုလ်ဒေသအား “စစ်မြေပြင်များအဖြစ်မှကာစီနိုများအဖြစ်သို့ပြောင်းလဲရေး”နေပြည်တော်၏မဟာဗျူဟာ

ရေးသားသူ – ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network)

ထုတ်ဝေသည့်အဖွဲ့အစည်း – ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network)

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀ မတ်

ဝက်ဘ်ဆိုက်တွင် ဖတ်ရှုရန် – တို့မြေများကို  လောင်းကစားပစ်ခြင်း – ရွှေကုက္ကိုလ်ဒေသအား “စစ်မြေပြင်မှ ကာစီနိုရုံများအဖြစ်သို့” နေပြည်တော်၏ မဟာဗျူဟာ

အစီရင်ခံစာမိတ်ဆက်

မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားနေဆဲဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများထဲမှ တိုင်းရင်းသားလက်နက်ကိုင်အချို့သည် တပ်မတော်ထံ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့ကြပြီး နယ်ခြားစောင့်တပ်အဖြစ် သက်ဆိုင်ရာနယ်မြေများကို ထိန်းချုပ်ထားသည်။ မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးနှင့်အတူ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်မှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသည်လည်း အရေးပါလျက်ရှိသည်။ ထိုရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ ဥပဒေများနှင့် သက်ဆိုင်ရာ အာဏာပိုင်များ၏ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများကို မလွဲမသွေလိုက်နာရန်နှင့် ဒေသခံများ၏ အကျိုးကို ထည့်သွင်းစဉ်းစားအကောင်အထည်ဖော်ရန် လိုအပ်ပေသည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network)က ရေးသားပြုစုထုတ်ဝေသည့် Gambling Away Our Lands – Naypyidaw’s “Battlefields to Casinos” Strategy in Shwe Kokko(တို့မြေများကို  လောင်းကစားပစ်ခြင်း – ရွှေကုက္ကိုလ်ဒေသအား “စစ်မြေပြင်မှ  ကာစီနိုရုံများအဖြစ်သို့” နေပြည်တော်၏ မဟာဗျူဟာ) အစီရင်ခံစာသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်၊ ကရင်ပြည်နယ်ရှိ မြဝတီမြို့အနီးတွင် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်နေသည့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအကြောင်းကို လေ့လာထားခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းကို တရုတ်လုပ်ငန်းစု ရာထိုက်(Myanmar Yatai)နှင့် ဗိုလ်မှူးကြီး စောချစ်သူ၏ နယ်ခြားစောင့်တပ်ဖွဲ့ပိုင် ချစ်လင်းမြိုင် ကုမ္ပဏီ တို့ပူးပေါင်းထားသည့် မြန်မာရာထိုက်ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်သည် ယခုအစီရင်ခံစာတွင် မြန်မာအစိုးရထံသို့ တောင်းဆိုချက် ၂ ခု၊ ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စုထံသို့ ၁ ခုနှင့် တရုတ်အစိုးရထံသို့  ၂ ခုကို တောင်းဆိုထားသည်။ ၎င်းတို့မှာ မြန်မာနိုင်ငံ ရွှေကုက္ကိုလ်စီမံကိန်းနှင့်သက်ဆိုင်သော သဘောတူစာချုပ်အားလုံးကို ဖျက်သိမ်းပေးရေး၊ ရာထိုက် IHG နှင့် မိတ်ဖက်ကုမ္ပဏီများ ထွက်ခွာသွားရေးအတွက် ပြည်ထောင်စုအစိုးရအနေနှင့် အမိန့်ထုတ်ပေးရန်၊ ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စုအနေနှင့် စီမံကိန်းနှင့်ပတ်သက်သော စာရွက်စာတမ်းများနှင့် စီမံချက်အပြည့်အစုံကို ထုတ်ပြန်ပေးရန်နှင့် တရုတ်အစိုးရအနေနှင့် ရွှေကုက္ကိုလ်စီမံကိန်းကို အရေးပေါ်လေ့လာသုံးသပ်ကာ ရာထိုက်နှင့် လက်အောက်ခံကုမ္ပဏီများကို ဥပဒေနှင့်အညီ ချက်ချင်းစစ်ဆေးပေးရန်၊ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း(BRI)တွင် ရွှေကုက္ကိုလ်စီမံကိန်း၏ ပတ်သက်ဆက်နွယ်မှုအနေအထားကို တရားဝင်ထုတ်ပြန်ပေးရန် စသည့် တောင်းဆိုချက် ၅ ခု ဖြစ်သည်။

ယခုအစီရင်ခံစာတွင် ရွှေကုက္ကိုလ်ဒေသ၏ နောက်ခံသမိုင်းကြောင်းများ၊ စီမံကိန်းဖော်ဆောင်မှုများ၊ ဗမာ့တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်ပိုင်းမှ ကျောထောက်နောက်ခံပြုသည့် စီမံကိန်းနှင့်သက်ဆိုင်သော အကြောင်းအရာများ၊ ရာထိုက်၏ ဝေဝါးထွေပြားစေသော ကုမ္ပဏီသမိုင်းကြောင်းနှင့် အွန်လိုင်း လောင်းကစားလုပ်ငန်းနှင့်ပက်သတ်၍ လာအိုနိုင်ငံမှ ရွှေဘိုထန်း(Casino SEZs)၏ အကျိုးအပြစ်များကို လေ့လာထားသော ဖြစ်ရပ်အခြေပြုလေ့လာဆန်းစစ်မှုများကို ဖော်ပြထားသည်။ ယင်းအပြင် စီမံကိန်းလုပ်ငန်းခွင်သို့ တရုတ်အလုပ်သမား အများအပြားရောက်ရှိလာခြင်း၏ အကြောင်းအရင်းများကို ရေးသားထားသည်။ ၂၀၁၉ ခုနှစ်အတွင်း မြ၀တီမြို့တွင် ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံသားများ၏ လိုင်စင်မဲ့မော်တော်ယာဉ်များမောင်းနှင်ခြင်းနှင့် ယာဉ်တိုက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ စသည့် ဥပဒေမဲ့ကျူးလွန်မှူများကြောင့် ဒေသခံများက တရုတ်နိုင်ငံသားများအပေါ် အရေးယူပေးရန် လှုံဆော်မှု ဖြစ်ရပ်များကိုလည်း ဖော်ပြထားသည်။ တရုတ်အလုပ်သမားများသည် အစပိုင်း၌ မြ၀တီမြို့တွင် နေထိုင်ခဲ့ကြသော်လည်း ယင်းအချက်များကြောင့် နောက်ပိုင်းတွင် BGF ၏စောင့်ရှောက်မှုအောက်တွင် တည်ရှိသော ရွှေကုက္ကိုလ်ဒေသသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

မြန်မာတပ်မတော်နှင့် ဆက်စပ်လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများအား ပိတ်ဆို့ရန် Burma Campaign Uk မှ ထုတ်ပြန်ထားသော အမည်ပျက်စာရင်းတွင် ရာထိုက် IHG ပါဝင်နေသည်။ ရာထိုက် IHG သည် တပ်မတော်လက်အောက်ရှိ BGF အကာအကွယ်ဖြင့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအား Casino SEZs အဖြစ် လုပ်ကိုင်ဆောင်ရွက်နေသည်။ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်သို့ တင်ပြခဲ့သော ခွင့်ပြုမိန့်တွင် အဆောက်အဦများ ဆောက်လုပ်ခြင်း၊ တည်းခိုခြင်းဆိုင်ရာ လုပ်ငန်းများနှင့် အဆင့်မြင့်အိမ်ရာ(Villa) ၅၉ လုံးသာ တည်ဆောက်ခွင့်ပြုခဲ့သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများကို ခွင့်ပြုချက်ထက်ပို၍ အင်ပြည့်အားပြည့် ဆက်လက် ဖော်ဆောင်နေခြင်းကြောင့် ကရင်ပြည်နယ်အစိုးရက သွားရောက်စစ်ဆေးခဲ့ရာ ယင်းနောက်တွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှုကြောင့် စီမံကိန်းအား ယာယီဆိုင်းငံ့ထားခဲ့သည်။ သို့သော် စီမံကိန်းကို ရပ်ဆိုင်းကြောင်း ကြေညာထားသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများကို တရုတ်လုပ်သားများဖြင့် ဆက်လက်လုပ်ကိုင်နေသည်ဟု ဒေသခံများက ဆိုသည်။

ရာထိုက်၏ Master Plan တွင် အထူးစီးပွားရေးဇုန်ဟု ဖော်ပြထားသည်ဟု အစီရင်ခံစာက ဆိုသည်။ မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန် ဥပဒေများနှင့် ကွဲလွဲနေသော အဆိုပါစီမံကိန်းသည် “နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနှင့် ဗမာ့တပ်မတော်မှ ဦးဆောင်သော နယ်စပ်ရေးရာဝန်ကြီးဌာန အောက်တွင်ရှိပြီး ဝန်ကြီးဌာန၏အဓိကလုပ်ငန်းစဉ်တခုမှာ “နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးဖွံ့ဖြိုးရေးဒေသများ သတ်မှတ်ဆောင်ရွက်ရန်” ဖြစ်သည်ကို ထည့်သွင်းစဉ်းစား သုံးသပ်လျှင် ရွှေကုက္ကိုလ်စီမံကိန်းကို အဆိုပါဝန်ကြီးဌာနက တရားဝင်ခွင့်ပြုချက်ပေးခဲ့သည်ဟု မှတ်ထင်ယူဆနိုင် ပေသည်” ဟု အစီရင်ခံစာကဆိုသည်။

ရွှေကုက္ကိုလ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသော ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စုသည် တရုတ်အစိုးရက အားပေးထောက်ခံသော တရားဝင်မှုရှိသည့် စီးပွားရေးအဖွဲ့အစည်းတခုအဖြစ် ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်မြှင့်တင်နေသလို၊ စီမံကိန်းအား တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း၏ အစိတ်အပိုင်းတခု အဖြစ်ပုံဖော်နေသည်။ သို့သော် လက်တွေ့တွင်မူ ရာထိုက်ကုမ္ပဏီ၏ နောက်ခံအချက်အလက်များမှာ ဝေဝါးနေသလို အဆိုပါစီမံကိန်းအား တရုတ်အစိုးရ၏ အောက်းပေးထောက်ခံမှုရှိသည်ဟူသည့် ခိုင်မာသော သက်သေအထောက်အထားမရှိဘဲ ဒီဂျစ်တယ်လောင်းကစားလုပ်ငန်းများနှင့်သာ များစွာဆက်စပ်လျက်ရှိသည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။

အစီရင်ခံစာပါ အွန်လိုင်း လောင်းကစားလုပ်ငန်းနှင့် ပက်သတ်၍ လာအိုနိုင်ငံမှ ရွှေဘိုထန်း(Casino SEZs)၏ အကျိုးအပြစ်များကို လေ့လာထားသော ဖြစ်ရပ်အခြေပြုလေ့လာဆန်းစစ်မှုများသည်လည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ လာအို-တရုတ် နယ်စပ်တွင် ကာစီနိုရုံများ ပေါ်ပေါက်လာကာ ၂၀၀၇ ခုနှစ် အစပိုင်းတွင် အလျင်အမြန်တိုးတက်ခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် ရာဇဝတ်မှုများ ထူပြောလာခြင်းကြောင့် တရုတ်အာဏာ ပိုင်များက ကန့်သတ်ပိတ်ပင်ခဲ့ရာ ၂၀၁၁ တွင် အဆိုပါအထူးစီးပွားရေးဇုန်မှာ ပိတ်သိမ်းခဲ့သည်ဟု ဆိုသည်။

အချုပ်အားဖြင့် ဆိုရသော် ဒေသခံများအနေနှင့် စီမံကိန်းနှင့်ပတ်သက်သော အကျိုးအပြစ်များကို မသိရှိရခြင်း၊ လယ်ယာမြေသိမ်းဆည်ခံရခြင်း၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း မရရှိဘဲ  တရုတ်အလုပ်သမားများသာ အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်း၊ ဒေသခံများနှင့် တရုတ်လူမျိုးများအကြား ပြဿနာများအား BGF မှ အာဏာလွှမ်းမိုးခြင်းများ၊ ရာထိုက် IHG ၏ မလည်ရှုပ်စီမံကိန်းနှင့် ဒွိဟဖြစ်ဖွယ်ရာ ကုမ္ပဏီအချက်အလက်များကို ဖတ်ရှုရမည်ဖြစ်သည်။ ယခု အစီရင်ခံစာကို ဗမာ နှင့် အင်္ဂလိပ် ဘာသာစကား နှစ်မျိုးစလုံးဖြင့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network)က ထုတ်ဝေထားသည်။

အစီရင်ခံစာ မိတ်ဆက်မူရင်း

ဤအစီရင်ခံစာတွင် အငြင်းပွားဖွယ် ရွှေကုက္ကိုလ် “မြို့သစ်” စီမံကိန်းနှင့်ပတ်သက်၍ ရရှိနိုင်သမျှ သတင်းချက်အလက်များကို အသေးစိတ်လေ့လာဆန်းစစ်ကာ သုံးသပ်ဆွေးနွေးတင်ပြထားသည်။ စီမံကိန်းသည် မြ၀တီမြို့၏ မြောက်ဘက်ဆယ်မိုင်ခန့်အကွာ ထိုင်း-မြန်မာနယ်စပ်ရှိ ဌာနေတိုင်းရင်းသား ကရင်လူမျိုးတို့၏ နယ်မြေပေါ်တွင် မကာအိုစတိုင် ဧရာမကာစီနိုလောင်းကစားမြို့တော်တခု တည်ဆောက်လျက်ရှိသော စီမံကိန်းဖြစ်၏။ စီမံကိန်းရင်းနှီးမြုပ်နှံသူများမှာ ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စု(Yatai International Holding Group) အမည်ရ ကုမ္ပဏီတခုဖြစ်ပြီး ဗိုလ်မှူးကြီး ချစ်သူ ဦးဆောင်သည့် နယ်မြေခံကရင်နယ်ခြားစောင့်တပ် (BGF)နှင့် မိတ်ဖက်လက်တွဲပူးပေါင်းကာ “မြန်မာရာထိုက် ရွှေကုက္ကိုလ်အထူးစီးပွားရေးဇုန်(Myanmar Yatai Shwe Kokko Special Economic Zone) စီမံကိန်းဟူသောအမည်ဖြင့် တရား၀င် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းအရောက်တွင် ထောင်ချီသော တရုတ်အလုပ်သမားများ ရောက်ရှိနေခဲ့ခြင်းနှင့်အတူ ရွှေကုက္ကိုလ်ရွာ အရှေ့ဘက်အရပ်ရှိ လယ်ကွင်းများသည် ကြီးမားကျယ်ပြန့်သော ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး လူနေတိုက်ခန်းများ၊ လုံးချင်းအပန်းဖြေအိမ်ရာများ၊ ဟိုတယ်များနှင့် ကာစီနိုလောင်းကစားရုံများအဖြစ် အလျင်အမြန် စတင်ပေါ်ထွက်လာခဲ့သည်။ မြေဧက သုံးသောင်းကျော် လွှမ်းခြုံပါ၀င်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ စီမံချက်များတွင် လေ့လာတွေ့မြင်ခဲ့ရသည်။

KPSN အကြောင်း

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)သည် မြန်မာနိုင်ငံအတွင်း ကရင်လူထုအခြေပြု အဖွဲ့အစည်းများပါဝင်သည့် အကြီးမားဆုံးကွန်ရက်တခု ဖြစ်သည်။ KPSN အဖွဲ့ဝင်များသည် လုံခြုံမှုကင်းမဲ့ပြီး ပဋိပက္ခသက်ရောက်မှုခံရသော ကရင်လူမှုအသိုက်အဝန်းများ၊ နိုင်ငံတွင်း အိုးအိမ်ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များအတွက် ဆယ်စုနှစ်ပေါင်းများစွာ လူသားချင်းစာနာခြင်းဆိုင်ရာ အထောက်အပံ့များကူညီများကို ပံ့ပိုးပေး လာခဲ့သည်။ KPSN သည် ဒေသခံကရင်တိုင်းရင်းသား လူမှုအသိုင်းအဝိုင်းများကို လုပ်ပိုင်ခွင့်များ မြှင့်တင်ပေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်း အသိပညာပေးခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား  မှတ်တမ်းတင်ခြင်းနှင့် မြန်မာနိုင်ငံ ကရင်တိုင်းရင်းသားဒေသများအတွင်း ရေရှည်တည်တံ့မည့် တန်းတူညီမျှသော ငြိမ်းချမ်းရေး ရရှိရေး စည်းရုံးလှုံ့ဆော်ခြင်းများကို ဆောင်ရွက်သည်။

ဇေရှိုင်းဗိုလ်

The post တို့မြေများကို လောင်းကစားပစ်ခြင်း appeared first on ISP Myanmar China Desk.

မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများနှင့် ပဋိပက္ခတို့အကြား ဆုံမှတ်
စာတမ်းခေါင်းစဉ် – The Intersection of Investment and Conflict in Myanmar

ရေးသားသူ – Priscilla Clapp

ထုတ်ဝေသည့်အဖွဲ့အစည်း – United States Institute of Peace

ထုတ်ဝေသည့်ကာလ – ၂၀၂၀ ဖေဖော်ဝါရီ

စာတမ်းအပြည့်အစုံရယူရန် – The Intersection of Investment and Conflict in Myanmar

သုတေသနစာတမ်းမိတ်ဆက်

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေက အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို ဖော်ဆောင်ရာမှာ မြေပေါ်မြေအောက် သယံဇာတတွေ ထုတ်ယူတာပဲဖြစ်ဖြစ်၊ စက်မှုဇုန်တွေ၊ အခြေခံအဆောက်အအုံတွေကို တည်ဆောက်တာပဲဖြစ်ဖြစ်၊ ဒေသခံပြည်သူလူထုတွေရဲ့ နေ့စဉ်ဘဝတွေအပေါ်မှာ အနည်းနဲ့အများဆိုသလို သက်ရောက်မှုတွေ ရှိပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ ပွင့်လင်းမြင်သာမှု အားနည်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ကြုံတွေ့ရရင် ပိုမိုဆိုးရွားတဲ့ အကျိုးဆက်ကို ဖြစ်ပေါ်စေပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေကို ဖော်ဆောင်ရာမှာ ရေတိုစီးပွားရေးအကျိုးအမြတ်ကို ရှေးရှုရန်လိုအပ်သလို ရေရှည်မှာလည်း ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတွေကိုမြှင့်တင်ရန် ချိတ်ဆက်ဆောင်ရွက်သွားနိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုဆောင်ရွက်နိုင်ရေးမှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူလူထုရဲ့ အသံတွေကို ထည့်သွင်းစဉ်းစားဖို့ အရေးပါတဲ့အကြောင်းကို ယခုသုတေသနစာတမ်းက ထောက်ပြထားပါတယ်။ ယခုဒီ မိတ်ဆက်ဆောင်းပါးမှာ အထက်ပါ သုတေသနစာတမ်းကို အကျဉ်းချုံးပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။

Priscilla Clapp ရေးသားပြုစုပြီး အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (United States Institute of Peace, USIP) ကထုတ်ဝေတဲ့ The Intersection of Investment and Conflict in Myanmar (မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများနှင့် ပဋိပက္ခတို့အကြား ဆုံမှတ်) သုတေသနစာတမ်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရဲ့ ပဋိပက္ခပေါ်မှာ သက်ရောက်မှုတွေနဲ့ ဒီရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုကိုင်တွယ်နိုင်မလဲဆိုတာကို လေ့လာထားတာပါ။ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူလူထုရဲ့  ပါဝင်မှုအခန်းကဏ္ဍကို ပိုမိုမြှင့်တင်ခြင်းအားဖြင့် နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို မြှင့်တင်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို ဖော်ဆောင်နိုင်မယ်လို့ စာတမ်းရှင်က ဆိုထားပါတယ်။ တနည်းအားဖြင့် စည်းစနစ်ကျတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေဖြစ်လာဖို့ အစိုးရရဲ့ မူဝါဒကောင်းတွေအပြင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့လည်း လိုအပ်တယ်ဆိုတာကို ထောက်ပြထားတာ ဖြစ်ပါတယ်။

သုတေသနစာတမ်းအဖွင့်ကို တရုတ်ရဲ့ မဟာဗျူဟာအစီအမံဖြစ်တဲ့ ခါးပတ်တကွင်း လမ်းတစင်း (The Belt and Road in Myanmar) နဲ့ စထားပါတယ်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံမှာ တရုတ်က ကနဦး အဆိုပြုထားတဲ့ စီမံကိန်း ၂၀၊ ၃၀ ခန့်ရှိပြီး ဒီထဲမှာမှ မြန်မာအစိုးရ ခွင့်ပြုထားတဲ့ စီမံကိန်းတွေထဲမှာ ကချင်နဲ့ ရှမ်းနယ်စပ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တွေ၊ မူဆယ်-မန္တလေး ရထားလမ်း ဖြစ်တန်ချေလေ့လာဆန်းစစ်မှုနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့ ပါဝင်ပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ပမာဏလျှော့ချဖို့ ညှိနှိုင်းခဲ့တာတွေ၊ တရုတ်နဲ့ BRI ကို ပူးပေါင်းအကောင်အထည်ဖော်ရေးအတွက် နားလည်မှုစာချွန်လွှာ မရေးထိုးခင်မှာ မြန်မာအစိုးရကသူတို့ လိုလားတဲ့ အကြိုသဘောတူညီမှုတွေ ဆွေးနွေးခဲ့တာတွေကို ထောက်ပြပြီး BRI စီမံကိန်းတွေနဲ့ပတ်သက်ရင် မြန်မာအစိုးရအနေနဲ့ သတိထားပြီး ကိုင်တွယ်နေတယ်လို့ သုံးသပ်ထားပါတယ်။ အလားတူပဲ မြန်မာနိုင်ငံက ချမှတ်ထားတဲ့ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) (Myanmar Sustainable Development Plan – MSDP) နဲ့ Project Bank အစီအစဉ်တွေဟာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ဖို့ အထောက်အပံ့ဖြစ်စေတဲ့ မူဘောင်တွေ ဖြစ်တယ်။

ဒါပေမဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကြည့်တဲ့အခါ တပ်မတော်က နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ အဓိကကဏ္ဍတွေမှာ ထိန်းချုပ်ထားခြင်း၊ ကြိုးနီစနစ်ကြီးထွားခဲ့ခြင်း၊ အစိုးရဝန်ကြီးဌာနတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ တရားစီရင်ရေးကဏ္ဍတွေမှာ နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေ ရှိနေခြင်း၊ သယံဇာတကြွယ်ဝတဲ့ တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေခြင်းတို့ကြောင့် MSDP ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရာမှာ အဟန့်အတားတွေဖြစ်နေတယ်လို့ စာတမ်းရှင်က ထောက်ပြထားပါတယ်။

ဒါအပြင် မြောက်မြားစွာသော ယူနန်အခြေစိုက် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ရှိနေပြီး အဲဒါတွေဟာ ဗဟိုအစိုးရ ကွပ်ကဲထိန်းချုပ်နိုင်မှု အပြင်ဘက်မှာ ရှိနေတယ်ဆိုတာကို ထောက်ပြထားပါတယ်။

ဒါကိုထောက်ပြရာမှာ ကရင်ပြည်နယ်မှာအကောင်အထည်ဖော်နေတဲ့ ရွှေကုက္ကိုလ်မြို့ပြစီမံကိန်းကို ဥပမာပြုခဲ့ပါတယ်။ ကာစီနိုလောင်းကစားလုပ်ငန်းတွေနဲ့ အခြားဖျော်ဖြေရေး လုပ်ငန်းတွေပါဝင်ပြီး တရုတ်နိုင်ငံကခရီးသွားတွေကို ဦးတည်ပုံရတဲ့ ဒီစီမံကိန်းကို အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းနဲ့ မြေ ၂၅ ဧကပေါ်မှာ ဆောက်လုပ်ဖို့ကို  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုထားခဲ့ပါတယ်။ ဒါပေမဲ့ စီမံကိန်းရဲ့ပမာဏဟာ လက်တွေ့မှာ အဆပေါင်းများစွာ ပိုမိုကြီးမားနိုင်ပါတယ်။ ဒါအပြင် တရုတ်အလုပ်သမားတွေ၊ အင်ဂျင်နီယာတွေ အလုံးအရင်းနဲ့ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းကနေ ရရှိမယ့်အကျိုးအမြတ်တွေဟာ တရုတ်နိုင်ငံထဲကိုသာ ပြန်လည်စီးဝင်မှာဖြစ်တယ်လို့ ဒေသခံတွေက ထောက်ပြကြပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချုပ်တဲ့ဒေသတွေမှာ ရှိနေပြီး တရားမဝင်နယ်စပ်ကုန်သွယ်မှုတွေလည်း ရှိနေတာကြောင့် MSDP မူဘောင်အောက်မှာ ဒီရင်းနှီးမြှုပ်နှံမှုတွေရဲ့ ပါဝင်လာနိုင်မှုက မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ စာတမ်းရှင်က ဆွေးနွေးထားပါတယ်။

အတိတ်က ဥပမာတွေကို ပြန်ကြည့်ရင် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေဟာ တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းတွေ၊ အခွင့်ထူးခံ စီးပွားရေးသမားတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်လေ့ရှိတာကြောင့် လက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍ ပိုမိုကြီးမားလာစေပါတယ်။ ငြိမ်းချမ်းရေးမရသေးဘဲ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကြောင့် စင်္ကြံလမ်းတစ်လျှောက် စစ်အင်အားချဲ့ထွင်မှုတွေနဲ့အတူ တိုက်ပွဲဖြစ်ပွားမှုတွေ ပိုမိုကျယ်ပြန့်လာစေတာကို တွေ့ရပါတယ်။ ဒါအပြင် မြန်မာအစိုးရအနေနဲ့ စီမံကိန်းကြီးတွေကို အကောင်အထည်ဖော်တဲ့အခါမှာ ဒေသခံပြည်သူလူထုနဲ့ ဆွေးနွေးဖို့၊ လူမှုစီးပွားနဲ့ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုတွေအပေါ် (ဒါကို စနစ်တကျလေ့လာဖို့အတွက် စည်းမျဉ်းစည်းကမ်း၊ လမ်းညွှန်ချက်တွေ ရှိပေမဲ့) လုံလောက်တဲ့ ထည့်သွင်းစဉ်းစားမှုတွေ မရှိခဲ့ခြင်းကို စာရေးသူက ထောက်ပြထားပါတယ်။

ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုတွေကို ကိုင်တွယ်နိုင်ဖို့ အစိုးရအနေနဲ့ မူဘောင်တွေ ချထားပေမဲ့ ဒါတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူလူထုရဲ့ ပါဝင်နိုင်မှု အခန်းကဏ္ဍကို ချဲ့ထွင်နိုင်ဖို့ လိုအပ်ပါတယ်။

ပွင့်လင်းမြင်သာမှု အားနည်းနေဆဲဖြစ်တဲ့ တရုတ်-မြန်မာ စီးပွား ရေးစင်္ကြံလမ်းတလျှောက် စီမံကိန်းတွေ ပိုမို ပွင့်လင်းမြင်သာလာဖို့ အတွက် အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဒေသခံပြည်သူလူထု၊ အစိုးရတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အရပ်ဘက်အဖွဲ့အစည်း တွေဟာ ပဋိပက္ခနယ်ပယ်များစွာမှာ ဆောင်ရွက်နေတဲ့အတွက် ရင်းနှီး မြှုပ်နှံမှု အဟန့်အတားတွေကို တခြားဒေသတွေက အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ဒေသခံတွေအပေါ် ထိခိုက်မှု အနည်းဆုံးနဲ့ အကျိုးရှိအောင် ကူညီဆောင်ရွက်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အချုပ်ဆိုရရင်တော့ MSDP ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်သာမက ဒီမိုကရေစီအလေ့အထတွေ ထွန်းကားလာဖို့အတွက်ပါအသုံးဝင်တဲ့ မူဘောင်တခုဖြစ်ရုံသာမက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစိုးရနဲ့ တိုင်းရင်းသားလူနည်းစုတွေအတွက် ထိရောက်တဲ့ ချိတ်ဆက်မှုတွေလုပ်ဆောင်ဖို့အတွက် ကနဦးခြေလှမ်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ MSDP ကို အကောင်အထည်ဖော်တဲ့နေရာမှာ ဒေသခံပြည်သူလူထုရဲ့အသံတွေ ပါဝင်လာမှုမရှိရင်တော့ အနှစ်သာရမရှိတဲ့ စီမံချက်တစ်ခုသာ ဖြစ်နေပါလိမ့်မယ်လို့ စာတမ်းရှင်က ရေးသားထားပါတယ်။

စာတမ်းအကျဉ်းချုပ်

မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို လမ်းညွှန်မှုပေးနိုင်ရန်အတွက် အစိုးရသည် မူဝါဒမူဘောင်အသစ်တစ်ခု(MSDP)ကို ၂၀၁၈ ခုနှစ်တွင် ချမှတ်ခဲ့သည်။ ပုဂ္ဂလိက၊ ပြည်တွင်းပြည်ပ နိုင်ငံပိုင်လုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်းများသည် အကြီးစားဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို မြန်မာပြည်တွင်း၌ ဆောင်ရွက်လျက်ရှိသည်။ အကယ်၍သာ မူဝါဒကို အပြည့်အဝအကောင်အထည် ဖော်နိုင်ခဲ့မည်ဆိုလျှင် ထိုလုပ်ငန်းများအား နိုင်ငံတကာ စံချိန်၊ စံနှုန်းများနှင့် ကိုက်ညီလိုက်နာလာစေအောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

နိုင်ငံရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာအဓိကအဟန့်အတားများကို ကျော်လွှားနိုင်ခြင်းမရှိပါက အစိုးရ၏မူဝါဒမှာ စိတ်ကူးယဉ်ဆန္ဒသက်သက်သာ ဖြစ်နေပါလိမ့်မည်။ ယင်းအဟန့်အတားများတွင် အချို့သော နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများတွင် တပ်မတော်၏ထိန်းချုပ်ထားမှု၊ သယံဇာတကြွယ်ဝသော နိုင်ငံ၏ အစွန်အဖျားပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေမှုနှင့် အကျင့်ပျက်ခြစားမှု တို့ပါဝင်သည်။

မြန်မာအစိုးရသည် အခြေခံအဆောက်အဦခေတ်မီဖွံ့ဖြိုးစေလိုသောကြောင့် တရုတ်-မြန်မာစီးပွားရေး စင်္ကြံ(CMEC)ကို အကောင်အထည်ဖော်ရန် နှစ်နိုင်ငံအကြား မူအားဖြင့် သဘောတူညီပြီး ဖြစ်သည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေသည်။ အကျိုးဆက်အဖြစ် အထက်ပါစီမံကိန်းများမှာ နှစ်နိုင်ငံစီးပွားရေးကို ယခင်ကထက် ပိုမိုနီးစပ်လာစေမည် ဖြစ်သည်။

မူဝါဒအသစ်ကို အကောင်အထည်ဖော်ရန် လိုအပ်သောစွမ်းဆောင်ရည်ကို ထိန်းထေဖို့ရာ နေပြည်တော်(အစိုးရ)အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများ(CSOs)၏ စွမ်းရည်ကို အသုံးချရန် အကြံပြုလိုပါသည်။ CSO အများစုမှာ ပဋိပက္ခနယ်ပယ်များတွင် တက်ကြွစွာလှုပ်ရှားနေပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များက ဒေသခံလူထုအကျိုးစီးပွားဖြစ်ထွန်းစေအောင် ကူညီဆောင်ရွက်ပေးနိုင်ပါလိမ့်မည်။

သန့်အောင်ပိုင်

The post မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများနှင့် ပဋိပက္ခတို့အကြား ဆုံမှတ် appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းတလျှောက် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း
စာတမ်းခေါင်းစဉ် – တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းတလျှောက် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း /လတ်တလောအကျိုးစီးပွားနှင့် ရေရှည်အားထုတ်ရမည့် ငြိမ်းချမ်းရေးအလားအလာ

ရေးသားသူ – ခင်ခင်ကျော်ကြီး

ထုတ်ဝေသည့်အဖွဲ့အစည်း – ISP-Myanmar

ထုတ်ဝေသည့်ကာလ – ၂၀၁၉ ဒီဇင်ဘာ

စာတမ်းအပြည့်အစုံရယူရန် – မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေဖြန့်ချိထားသည့် စာတမ်းအပြည့်အစုံကို အင်းဝစာအုပ်ဆိုင်(ပန်းဆိုးတန်း၊ လှည်းတန်း)၊ ရာပြည့်စာအုပ်ဆိုင်(ပန်းဆိုးတန်း)၊ မျိုးဆက်သစ်စာပေ၊ လူထုစာအုပ်ဆိုင်(မန္တလေး) တို့တွင် ဝယ်ယူနိုင်သလို စာတိုက်မှတဆင့် အိမ်အရောက်ဝန်ဆောင်မှု ရယူလိုပါက ဖုန်း – ၀၉ ၂၆၃၉၁၆၆၃၃ သို့ ဆက်သွယ်နိုင်ပါသည်။

စာတမ်းအကျဉ်းချုပ်

ယခုစာတမ်းသည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)မှ ထုတ်ဝေသော တရုတ်-မြန်မာဆက်ဆံရေး သုတေသနစာတမ်းတွဲများအနက် တတိယမြောက်စာတမ်းဖြစ်သည်။

တရုတ်နိုင်ငံသည် ရပ်ဝန်းလမ်းကြောင်းအဆိုပြုချက်ခေါင်းစဉ်အောက်မှ စီမံကိန်းများကို မြန်မာနိုင်ငံ၌ ဖော်ဆောင်လျက်ရှိသည်။ ယခုစာတမ်းတွင် ထိုစီမံကိန်းများအနက်မှ အဓိကစီမံကိန်းတခုဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းစိမံကိန်းကို လေ့လာထားပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စင်္ကြံလမ်း၏ သက်ရောက်နိုင်မှုအား ဆန်းစစ်ထားသည်။

တရုတ်နိုင်ငံသည် ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကို ‘ငြိမ်းချမ်းရေးသို့ သွားရာလမ်း’ အဖြစ် ထုတ်ဖော်ပြောဆိုလေ့ရှိသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးကာ ငြိမ်းချမ်းရေးတည်ဆောက်မှုအား အထောက်အပံ့ဖြစ်စေမည်ဟု ဆိုပါသည်။ ယင်းကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရေးအခြေပြုသည့် ငြိမ်းချမ်းရေးဆောင်ရွက်မှုသည် လက်တွေ့တွင် မည်သည့်အတိုင်းအတာအထိ အကျိုးဖြစ်ထွန်းမှုရှိသနည်းဆိုသည်ကို သုတေသီ ခင်ခင်ကျော်ကြီးက စာတမ်း၌ ပိုင်းခြားဆန်းစစ်ထားသည်။

တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှ တရုတ်၏အခန်းကဏ္ဍနှင့်ဆက်စပ်ပြီး မူဝါဒအသိုင်းအဝိုင်းအတွင်းတွင် ပြောလေ့ပြောထရှိသော ယေဘုယျယူဆချက် အမြင်နှစ်ခုရှိသည်။ ပထမယူဆချက်မှာ တရုတ်သည် မိမိ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း အောင်မြင်စေရန်အတွက် မြန်မာ့ငြိမ်းချမ်းရေးကို လိုလားသည်ဖြစ်ရာ ထိုစီမံကိန်းသည် မြန်မာ့ငြိမ်းချမ်းရေးကို အထောက်အကူပြုလိမ့်မည်။ ဒုတိယတချက်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းသည် ပဋိပက္ခ၏ အဓိကအရင်းခံတခု ဖြစ်သောကြောင့် ရပ်ဝန်းလမ်းကြောင်းစီမံကိန်းမှပေးမည့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်လိမ့်မည်။

တရုတ်၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း၏ အမှတ်လက္ခဏာစီမံကိန်းတခုဖြစ်သော တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းသည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးမထားသော တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့ အခြေစိုက်သည့် တည်ငြိမ်မှုမရှိသော မြန်မာနိုင်ငံမြောက်ပိုင်းဒေသအား ဖြတ်သန်းသွားမည်ဖြစ်သည်။ တရုတ်သည် ရပ်ဝန်းလမ်းကြောင်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပိုမိုတက်ကြွစွာ ပါဝင်လာကာ တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) တွင် ပါဝင်လက်မှတ်ထိုးလာစေရန် တိုက်တွန်းအားပေးလာခဲ့သည်။

တရုတ်သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ လက်နက်ကိုင်များကို အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်ထိုးရန် တွန်းအားပေးလာခဲ့သော်လည်း ထိုတွန်းအားပေးမှုသည် နယ်စပ်တွင် တိုက်ပွဲများရပ်ရေးအတွက် တရားဝင်စေသော အပစ်ရပ်စာချုပ်တခုရရှိရေးအပေါ်တွင်သာ အခြေခံသော စဉ်းစားချက်မျိုးဖြစ်ပြီး ရေရှည်ငြိမ်းချမ်းရေးတည်ဆောက်ရေး အလားအလာများအား ထည့်သွင်းစဉ်းစားရန် အားနည်းနေသေးသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်တွင် များစွာသက်ရောက်မှု ရှိမည်ဖြစ်သည်။ လက်ရှိ လက်နက်ကိုင်ပဋိပက္ခများကို ကြီးမားလာစေနိုင်သလို ပဋိပက္ခအသစ်များကိုလည်း ပေါ်ပေါက်လာစေနိုင်သည်။ အဓိကတွေ့ရနိုင်သော စိန်ခေါ်မှုတချို့မှာ ပဋိပက္ခနယ်မြေများတွင် စစ်ရေးအရချဲ့ထွင်မှုများ ဖြစ်လာနိုင်ခြင်း၊ စီမံကိန်း၏ သက်ရောက်မှုများက ဒေသခံပြည်သူတို့အား နစ်နာစေခြင်းဖြင့် မကျေနပ်မှုများ ကြီးမားလာစေခြင်းများနှင့် စီမံကိန်းနှင့်ပတ်သက်လျက်ရှိသော အကျိုးစီးပွားအသစ်များကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်အား ပိုမိုရှုပ်ထွေးသွားစေနိုင်ခြင်းတို့ပါဝင်သည်။ သို့ဖြစ်ရာ ရေတိုအကျိုးစီးပွားအတွက် ရေရည်အကျိုးဆက်များကို စဉ်းစားရန် ပျက်ကွက်ခြင်းသည် ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည်။

The post တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းတလျှောက် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း appeared first on ISP Myanmar China Desk.

မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန် စီမံကိန်း
စာတမ်းခေါင်းစဉ် – မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန် စီမံကိန်း(အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ စောင့်ကြည့်လေ့လာရေးအစီရင်ခံစာ)

ရေးသားသူ – သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့

ထုတ်ဝေသည့်အဖွဲ့ – သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၉၊ နိုဝင်ဘာ

စာတမ်းအပြည့်အစုံရယူရန် – မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန်စီမံကိန်း-သန္ဓိစွမ်းရည်မြှင့်တင်မှုအဖွဲ့

အစီရင်ခံစာအနှစ်ချုပ်

အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံစီမံကိန်းများနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများကို စောင့်ကြည့်လေ့လာ‌ရေး ဒုတိယအကြိမ်အစီရင်ခံစာအဖြစ် သန္ဓိစွမ်းရည်မြှင့်တင်မှုအဖွဲ့က ပြုစုထုတ်ဝေလိုက်ခြင်းဖြစ်ပြီး မြစ်ကြီးနား စီးပွားဖွံ့ဖြိုးတိုးတက်မှုဇုန်စီမံကိန်း(Myitkyina Econmomic Development Zone-MEDZ)၏ အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် လေ့လာဆန်းစစ် သုံးသပ်ထားသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC) ၏ အစိတ်အပိုင်းတခုဖြစ်ပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် လုပ်ဆောင်မည့် MEDZ  စီမံကိန်းသည် ကချင်ပြည်နယ်၊ မြစ်ကြီးနား၏ မြေဧရိယာ ၂၀၀၀ ဟက်တာခန့်ကို အသုံးပြုမည်ဟု ခန့်မှန်းထားသောကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးကို အတိုင်းအတာတခုအထိ သက်ရောက်နိုင်မည်ဖြစ်ရာ သတိထားရမည့်ကိစ္စတခု ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ယူနန်ထိန်ချုံးဟန်ရင်း ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ(Yunnan Tengchong Heng Young Investment Company-YTHIC) နှင့် ကချင်ပြည်နယ်အစိုးရတို့ကြား အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။  စီမံကိန်း၏ မြေနေရာသည် တိုင်းရင်းသားပဋိပက္ခများ ဖြစ်ပွားရာဒေသနှင့် အခြားသော တရားမဝင်လှုပ်ရှားမှုများ ဖြစ်ပွားလေ့ရှိရာ ဒေသများနှင့် နီးစပ်နေသောကြောင့် ယင်းစီမံကိန်းသည် တရုတ်ရင်းနှီးမြှုပ်မှုများအပေါ်ထားရှိသည့် မကောင်းသောအမြင်များကို ပိုမိုဆိုးရွားလာစေနိုင်ပါသည်။

ယခုအစီရင်ခံစာသည် MEDZ စီမံကိန်းအပေါ် လေ့လာခြုံငုံ သုံးသပ်ထားခြင်းဖြစ်ပြီး MEDZ ကဲ့သို့ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း၏ ကြုံတွေ့နိုင်ရမည့် အန္တရာယ်များကို ဖွံ့ဖြိုးရေးနှင့် ဆောက်လုပ်ရေး၊ လုပ်ငန်းလည်ပတ်ရေးနှင့် ထိန်းသိမ်းရေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေး၊ ဥပဒေရေးရာ၊ စည်းမျဉ်းများနှင့် သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံရေး အစရှိသဖြင့် အခန်းကဏ္ဍ ငါးခုခွဲ၍ လေ့လာဆန်းစစ်ထားသည်။

ဆန်းစစ်တွေ့ရှိမှုများအပေါ် ခြုံငုံသုံးသပ်မှုအရ MEDZ စိမံကိန်းသည် ဆုံးရှုံးနိုင်မှု အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ခြေ မြင့်မားနေပါသည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ YTHIC ၏ ရှင်းလင်းပြတ်သားသော နောက်ကြောင်းရာဇဝင်၊ မှတ်တမ်းမှတ်ရာများ မရှိမှုနှင့် ပွင့်လင်းမြင်သာမှုမရှိသောအစိုးရ၏ အုပ်ချုပ်မှုတို့ကြောင့် MEDZ စီမံကိန်းသည် ဖွံ့ဖြိုးရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ဆုံးရှုံးမှု အန္တရာယ်များ မြင့်မားနိုင်သည်။

ထို့အပြင် တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ YTHIC ၏ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများနှင့်အတူ တရုတ်-မြန်မာ နယ်စပ်ဒေသတလျှောက်ရှိ တရားမဝင် မှောင်ခိုလုပ်ငန်းများကြောင့် လုပ်ငန်းလည်ပတ်ရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာ ဆုံးရှုံးနိုင်မှု အန္တရာယ်မှာလည်း အထူးအရေးကြီးပါသည်။ MEDZ စီမံကိန်းသည် စီမံကိန်းအတွက် ကျသင့်ငွေများကို အများပြည်သူသိရှိစေရန် ဖော်ပြထားသော်လည်း စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုမှ ရရှိလာမည့် အကျိုးအမြတ်များနှင့် စီးပွားရေးအခွင့်လအမ်း၊ အလားအလာများအပေါ် ခန့်မှန်းထားမှုများ မရှိသောကြောင့် ကချင်ပြည်နယ်အစိုးရနှင့် ဒေသခံများအတွက် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှု အန္တရာယ်များ ကြုံတွေ့ရနိုင်မှု မြင့်မားပါသည်။

မြန်မာနိုင်ငံ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှုဥပဒေ(Myanmar’s Vacant, Fallow and Virgin Land Management Law-VFV Law) သည် ဌာနေ လူမှုအသိုင်းအဝိုင်း၏ မြေယာများအား သိမ်းယူမှုအပေါ် လုံလောက်သော ကာကွယ်မှုများကို မပေးနိုင်သောကြောင့် ဥပဒေရေးရာ၊ စည်းမျဉ်းများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးရှုံးမှုအန္တရာယ်မျးသည် အထူးရေးပြုရမည့် ကိစ္စရပ်ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် စီမံကိန်း၏ တည်နေရာမှာ ဒေသတွင်း ပဋိပက္ခများ ဖြစ်ပွားရာဒေသအတွင်း ရှိသောကြောင့် နိုင်ငံရေးအရ ဆုံးရှုံးမှုအန္တရာယ်များ ကြုံတွေ့ရနိုင်ပါသည်ဟု သုံးသပ်ရပါသည်။

ယင်းစီမံကိန်းမှ ကြုံတွေ့နိုင်သော ဆုံးရှုံးမှုအန္တရာယ်များကို လျှော့ချရန်အတွက် မြန်မာနိုင်ငံအစိုးရအနေနှင့် CMEC နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ(BRI) မဟာစီမံကိန်းများနှင့်ပတ်သက်သော လုပ်ငန်းဆောင်ရွက်ချက်များကို ပွင့်လင်းမြင်သာမှု အားကောင်းရေးအတွက် အလေးထားဆောင်ရွက်သင့်ပါသည်ဟု  သန္ဓိစွမ်းရည်မြှင့်တင်ရေးအဖွဲ့က အကြံပြုအပ်ပါသည်။ အစိုးရက ချမှတ်ထားသော စီမံကိန်းဘဏ်၏ မူဘောင်များသည် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပွင့်လင်းမြင်သာမှုရှိစေရေးအတွက် လုံလောက်မှုမရှိသေးပါ။ အစိုးရအနေနှင့် ဌာနေလူမှုအဖွဲ့အစည်းကို ကာကွယ်ရန်နှင့် ပွင့်လင်းမြင်သာမှုအားကောင်းလာစေရေးအတွက် သက်ဆိုင်သော ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ပိုမိုခိုင်မာလာစေရန် ဆောင်ရွက်ရန် လိုအပ်ပါသည်။

The post မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန်  စီမံကိန်း appeared first on ISP Myanmar China Desk.

China’s Role in Myanmar’s Internal Conflicts
စာတမ်းခေါင်းစဉ် – China’s Role in Myanmar’s Internal
Conflicts

ရေးသားသူ – USIP Senior Study Group

ထုတ်ဝေသည့်အဖွဲ့ – United States Institute of Peace

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၈၊ စက်တင်ဘာ

စာတမ်းအပြည့်စုံကို ရယူရန် – China’s Role in Myanmar’s Internal Conflicts

စာတမ်းအကျဉ်းချုပ်

၁၉၄၈
ခုနှစ်တွင် ဗြိတိသျှကိုလိုနီအဖြစ်မှ လွတ်လပ်ရေးရပြီးချိန်မှစတင်ကာ
မြန်မာနိုင်ငံသည် တိုင်းရင်းသား ပြဿနာများနှင့် ပဋိပက္ခများကို ရင်ဆိုင်ခဲ့ရသည်။
တပ်မတော်အနေနှင့် ၎င်း၏ဦးတည်ချက်သည် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊
ပြည်ထောင်စုမပြိုကွဲရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး
ဖြစ်သည်ဟု အခိုင်အမာပြောဆိုနေသလို တိုင်းရင်းသားလူမျိုးစုများသည်
ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံရေးလှုပ်ရှားမှုများ၊ စစ်ေရေးလှုပ်ရှားမှုများဖြင့်
၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေး အခွင့်အရေးများ
အကာအကွယ်ရစေရန် လူများစုဗမာအာဏာပိုင်များထံမှတောင်းဆိုခဲ့ကြသည်။ လူများစုနှင့်
လူနည်းစု တိုင်းရင်းသားများအကြား ဆက်ဆံရေး၊ အာဏာနှင့် အရင်းအမြစ်များခွဲဝေရေးသည်
လွတ်လပ်ရေးရပြီးချိန်မှစ၍ မြန်မာနိုင်ငံကြုံတွေ့နေရသော အဓိကပြဿနာတရပ်ဖြစ်သည်။

အပြန်အလှန်
ယုံကြည်မှုတည်ဆောက်ရန်နှင့် မြန်မာနိုင်ငံတွင် နေထိုင်နေကြသော မတူကွဲပြားသည့်
လူမျိုးစုများအားလုံးက သဘောတူလက်ခံသော အုပ်ချုပ်မှုတရပ်တည်ဆောက်ရေးသည်
မြန်မာနိုင်ငံ ရင်ဆိုင်ရမည့် စိန်ခေါ်မှုတရပ်ဖြစ်သည်။

၂၀၁၁
ခုနှစ်၊ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို
အားကြိုးမာန်တက် ဆောင်ရွက်သော်လည်း မြန်မာနိုင်ငံမြောက်ဘက်၊ တရုတ်နယ်စပ်တွင်
တိုင်းရင်းလက်နက်ကိုင်များနှင့် တပ်မတော်အကြား တိုက်ခိုက်မှုများမှာ
မြင့်တက်ခဲ့သည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် တိုင်ရင်သားလက်နက်ကိုင်အဖွဲ့အစည်း ၈
ခု က အပစ်အခတ်ရပ်စဲရေးစာချုပ်ကို
လက်မှတ်ရေးထိုးခဲ့ကြသော်လည်း မြန်မာနိုင်ငံ၏ တရုတ်နယ်စပ်တလျှောက်ရှိ
လက်နက်ကိုင်တပ်ဖွဲ့များ အပါအဝင် အင်အားကြီးမားသော လက်နက်ကိုင်အဖွဲ့အစည်းများက
လက်မှတ်ရေးထိုးခြင်းမရှိခဲ့ပါ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရ
လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နှောင့်နှေးနေပြီး ယင်းအပေါ် အများ၏ယုံကြည်မှုများ
အားနည်းလာခဲ့သလို ကချင်နှင့် ရှမ်းပြည်နယ်တောင်ဘက်တွင်
ပစ်ခတ်တိုက်ခိုက်မှုများမြင့်တက်လာသည်။ အိန္ဒိယနှင့် ထိုင်းနိုင်ငံနယ်စပ်ရှိပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)
လက်မှတ်ထိုးထားသော တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းမျာနှင့်
တရုတ်နယ်စပ်တွင်ရှိပြီး NCA စာချုပ်လက်မှတ်မရေးထိုးရသေးသော
အဖွဲ့များအကြား အဟသည်လည်း ပိုမိုကြီးမားလာခဲ့သည်။ တရုတ်-မြန်မာနယ်စပ်ရှိ လက်မှတ်မရေးထိုးရသေးသောအဖွဲ့
၇ ဖွဲ့သည် ၎င်းတို့၏ စစ်တပ်နှင့် နိုင်ငံရေးအင်အားချဲ့ထွင်ရန် မဟာမိတ်တရပ် ထူထောင်လာခဲ့သည်။

လုံခြုံရေးအတွက်
စိုးရိမ်မှု၊ စီးပွားရေးအကျိုးစီးပွားနှင့် မိုင်ပေါင်း ၁၅၀၀ ဝန်းကျင်
နယ်နိမိတ်ခြင်းထိစပ်လျက်ရှိသော နိုင်ငံတနိုင်ငံအပေါ်တွင် နိုင်ငံရေးအရေ
သက်ရောက်လွှမ်းမိုးလိုမှု စသည့် တိုက်တွန်းစေ့ဆော်ချက်များကြောင့် တရုတ်နိုင်ငံသည်
မြန်မာနိုင်ငံ၏ ပြည်တွင်းလုံခြုံရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်
အရေးပါသူအဖြစ် ပါဝင်လာခဲ့သည်။

တပ်မတော်နှင့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများသည် နယ်စပ်ဖြတ်ကျော်ကာ
တရုတ်နိုင်ငံအပေါ်သို့လည်း သက်ရောက်မှုများရှိလေ့ရှိသည်။ နယ်စပ်တွင်
တိုက်ပွဲများပြင်ထန်သည့်အခါများတွင် မြန်မာနိုင်ငံရှိ စစ်ဘေးဒုက္ခသည်များသည်
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ဝင်ရောက်ခိုလှုံကြသည်။ ၂၀၁၃ ခုနှစ်တွင်
အတွေ့အကြုံများသော သံတမန်များထဲမှ ရွေးချယ်ကာ အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ပြီး
မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံအနေနှင့် လေ့လာသူအဖြစ်ပါဝင်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင် အသစ်ပြောင်းလဲ ခန့်အပ်ခဲ့သော အထူးသံတမန်သည် မြန်မာအစိုးရနှင့်
တိုင်းရင်းသားလက်နက်ကိုင်များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို
ကူညီပံ့ပိုးရာတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်နေခဲ့သည်။

ရခိုင်ပြည်နယ်အရေးအခင်းနှင့်ပတ်သတ်၍လည်း
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဘက်မှ ရပ်တည်ခဲ့ပြီး ကုလသမဂ္ဂ၏
ပိတ်ဆို့အရေးယူမှုများမှ ကာကွယ်ပေးခဲ့သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊
အထူးစီးပွားရေးဇုန်၊ စွမ်းအင်နှင့် အခြားသော ကုန်ပစ္စည်းများကို
ဘင်္ဂလားပင်လယ်အော်မှာတဆင့် မြန်မာနိုင်ငံကိုဖြတ်၍ ယူနန်သို့တင်ပို့နိုင်မည့်
မီးရထားလမ်းများ၊ ပိုက်လိုင်းများ စသည့်
တရုတ်နိုင်ငံ၏များစွာသောအကျိုးစီးပွားများသည် ရခိုင်ပြည်နယ်တွင် တည်ရှိနေသည်။

အမေရိကန်နိုင်ငံသည်
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကာလရှည်ကြာပံ့ပိုးခဲ့သော်လည်း
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမေရိကန်နိုင်ငံ၏အခန်းကဏ္ဍသည်
အကန့်အသတ်များစွာရှိသည်။ ထိုအကန့်အသတ်များတွင် အမေရိကန်နိုင်ငံအနေနှင့်
မြန်မာ့ငြိမ်းချမ်းရေးတွင် ပါဝင်မှုကို တရုတ်နိုင်ငံက မလိုလားမှု(အထူးသဖြင့်
တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော ဒေသများတွင် ပါဝင်မှုကို
ကန့်ကွက်မှု)နှင့် မြန်မာနိုင်ငံအပေါ်တွင် အမေရိကန်နိုင်ငံ၏
လွှမ်းမိုးသက်ရောက်နိုင်မှုများအပေါ်တွင် စိုးရိမ်ပူပန်မှု တို့ပါဝင်သည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းရေးများတွင် အမေရိကန်နိုင်ငံ ပါဝင်၊ မပါဝင်ဆိုသည်မှာ
မြန်မာနိုင်ငံမှ ဆုံးဖြတ်ရမည်သာဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံ၏
ပြည်တွင်းပဋိပက္ခများတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍနှင့် အမြင်ရူထောင့်များကို
လေ့လာသုံးသပ်ခြင်းသည် မြန်မာနိုင်ငံ၏ ပဋိပက္ခများနှင့် ဆက်စပ်အခြေအနေများကို
ပိုမိုနက်ရှိုင်းစွာနားလည်စေပြီး မြန်မာ့ငြိမ်းးချမ်းရေးလုပ်ငန်းနှင့်
စပ်လျဉ်းသောမှုဝါဒများကို ပိုမိုအားကောင်းစေရန် ပံ့ပိုးနိုင်မည်ဖြစ်ပါသည်။

The post China’s Role in Myanmar’s Internal Conflicts appeared first on ISP Myanmar China Desk.

Understanding China’s Response to the Rakhine Crisis
စာတမ်းခေါင်းစဉ်
– Understanding China’s Response to
the Rakhine Crisis

ရေးသားသူ – Adrienne Joy

ထုတ်ဝေသည့်အဖွဲ့
– United States Institute of Peace

စာတမ်းအမျိုးအစား
– Special report

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၈၊ ဖေဖော်ဝါရီ

စာတမ်းအပြည့်စုံ – Understanding China’s Response to the Rakhine Crisis

စာတမ်းအပြည့်စုံ ရယူရန် – Understanding China’s Response to the Rakhine Crisis [Download]

စာတမ်းအကျဉ်းချုပ်

ရိုဟင်ဂျာ(မူရင်းအသုံး)လက်နက်ကိုင်များက
ရဲကင်းများကို တိုက်ခိုက်ပြီးနောက် ၄င်းတို့ကို ဦးတည်သော
နယ်မြေရှင်းလင်းမှုများကြောင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှစတင်ကာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်
လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခဲ့ရသည်။

ရိုဟင်ဂျာပေါင်း
ခြောက်သိန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရပြီး လူ့အခွင့်အရေး
ချိုးဖောက်မှုများကို ဖော်ပြသော အစီရင်ခံစာများသည် နိုင်ငံတကာမှ၊ အထူးသဖြင့်
အနာက်နိုင်ငံများနှင့် OIC
နိုင်ငံများမှ ပြစ်တင်ရှုတ်ချမှုများကို ပေါ်ပေါက်စေခဲ့သည်။

သို့သော်  အကြမ်းဖက်မှုများကို တုံ့ပြန်တိုက်ခိုက်ခြင်းသာဖြစ်သည်ဟူသော
မြန်မာအစိုးရ၏ သတ်မှတ်ချက်ကို တရုတ်နိုင်ငံက လက်ခံကာ အထက်ပါအရေးကိစ္စများတွင်
မြန်မာနိုင်ငံအစိုးရဘက်မှ ရပ်တည်ထောက်ခံခဲ့သည်။ နှစ်နိုင်ငံအကြား
စစ်ရေးပူးပေါင်းမှုများကိုလည်း ဆက်လက်ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ်ရှိ
ပဋိပက္ခများသည် စီးပွားရေးမဖွံ့ဖြိုးသောကြောင့်ဟုဆိုကာ တရုတ်နိုင်ငံသည်
ယင်းဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနက်ဆိပ်ကမ်းများအပါအဝင်
ကြီးမားသော အခြေခံအဆောက်အအုံရင်းနှီးမြုပ်နှံမှုများကို ပဋိပက္ခအဖြေရှာရေး
လမ်းကြောင်းတစ်ခုအဖြစ် ပုံဖော်ခဲ့သည်။

ရခိုင်ပြည်နယ်ရှိပဋိပက္ခများကို
တရုတ်နိုင်ငံ၏ ချဉ်းကပ်ပုံသည် ၎င်း၏အကျိုးစီးပွားများကို အကောင်အထည်ဖော်ရန် လိုအပ်သော
ပြဿနာတချို့ကို ပြေလည်စေရေး အထောက်အပံ့တစုံတရာဖြစ်နိုင်သော်လည်း လက်ရှိဖြစ်ပွားနေသော
ပဋိပက္ခ၏ ရှုပ်ထွေးလှသည့် အရင်းခံအကြောင်းအရင်းများကို ဖြေရှင်းရန်
များစွာသက်ရောက်လွှမ်းမိုးနိုင်မှု မရှိသည်ကို တွေ့ရသည်။

The post Understanding China’s Response to the Rakhine Crisis appeared first on ISP Myanmar China Desk.

North-East and the China Myanmar Economic Corridor
စာတမ်းအမည်
– North-East and the China Myanmar
Economic Corridor

ရေးသားသူ
– Rangan Dutta

ထုတ်ဝေသည့်အဖွဲ့
– Institute for Strategic, Political,
Security and Economic Consultancy (Germany)

စာတမ်းအမှတ်
– No. 529

ထုတ်ဝေသည့်ခုနှစ်
– ၂၀၁၈၊
ဇန်နဝါရီ

စာတမ်းအပြည့်အစုံရယူရန် – North-East and the China Myanmar Economic Corridor

စာတမ်းအကျဉ်းချုပ်

တရုတ်နိုင်ငံ၏
ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်းအဆိုပြုချက်(BRI)အပါအ၀င် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံလမ်း
အဆိုပြုချက်နှင့် နိုင်ငံများအကြား ဆက်သွယ်ထားသော စီးပွားရေးစင်္ကြံလမ်းစီမံကိန်းများသည်  အာရှ၏ ပထဝီနိုင်ငံရေးတွင် ရေပန်းစားသော
စကားရပ်တစ်ခုဖြစ်လာသည်။

အဆိုပြုထားသော
တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင်
စတင်မည်ဖြစ်ပြီး မန္တလေးမြို့နှင့် ဆက်သွယ်ကာ ထိုမှတဆင့် ရန်ကုန်မြို့နှင့်  အနောက်ဘက်ရှိပြီး တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံထားသော
ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့အထိ သွယ်တန်းသွားမည်ဖြစ်သည်။ ထို့ပြင်
ကျောက်ဖြူသည် မြန်မာနိုင်ငံသို့ဖြတ်ကာ တရုတ်နိုင်ငံ၊ ကူမင်းနှင့် ချိတ်ဆက်ထားသော ကီလိုမီတာတစ်ထောင်ကျော်(မိုင်
၆၀၀ ကျော်)ရှည်လျားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စတင်ရာနေရာလည်းဖြစ်သည်။

တရုတ်နိုင်ငံ၏
ဒေသတွင်းသက်ရောက်လွှမ်းမိုးလာမှု များပြားလာခြင်းအတွက် အိန္ဒိယနိုင်ငံက ပူပန်နေခြင်းများရှိနေသည်။
အထူးသဖြင့် ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့ အငြင်းပွားနေသည့် ကရှ်မီးယားဒေသ
ကိုဖြတ်သွားမည့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံလမ်းစီမံကိန်းကို
စတင်ခဲ့ခြင်းများကြောင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ- မြန်မာ(BCIM) စီးပွားရေးစင်္ကြံလမ်းစီမံကိန်းများမှာ
အကောင်အထည်မပေါ်နိုင်ဖြစ်နေရသည်။

ရိုဟင်ဂျာ(မူရင်းအသုံး)များ
ရခိုင်ပြည်နယ်သို့ ပြန်လည် နေရာချထားနိုင်ရေးအတွက် မကြာသေးမီက ဘင်္ဂလားဒေ့ရှ်နှင့်
မြန်မာတို့အကြား ရရှိခဲ့သော သဘောတူညီချက်များက တရုတ်နိုင်ငံသည် မြန်မာနှင့်
ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား လတ်တလော ဖြစ်ပွားနေသည့် ရိုဟင်ဂျာပြဿနာတို့ကို
ကြားဝင်စေစပ်နိုင်သည့် အခြေအနေကောင်းများရှိနေသည်ကို ဖော်ပြနေသည်။

ကမ္ဘာ့ဘဏ်၏
အနောက်တောင်ဥရောပအတွေ့အကြုံအရ စင်္ကြံလမ်းတစ်ခုအောင်မြင်ရန်အတွက် ဒေသတွင်းစီးပွားရေး
ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေရန်နှင့် ဘုံဈေးကွက် တည်ဆောက်နိုင်ရန်
အရေးကြီးသည်။

ထိုကဲ့သို့သော
အသေးစိတ်မူဝါဒများကို တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းနှင့် တရုတ်-ပါကစ္စတန်
စီးပွားရေး စင်္ကြံလမ်းတို့တွင် မတွေ့ရသေးပေ။ အသေးစိတ်မူဝါဒများကို မြန်မာ-ကုလားတန် ဘက်စုံ
သယ်ယူပို့ဆောင်ရေးစီမံကိန်း စသည်တို့နှင့် လိုက်လျောညီထွေစေရန် ပြင်ဆင်ပြီး
အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသများအား ရခိုင်ပြည်နယ်၊ စစ်တွေဆိပ်ကမ်းနှင့်
ဘုံဈေးကွက်တခုဖြစ်စေရန် တည်ဆောက်နိုင်ပါက အရှေ့တောင်အာရှ ပထဝီစီးပွားရေးများတွင်
အရေးကြီးသည့် အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်ပါသည်။

The post North-East and the China Myanmar Economic Corridor appeared first on ISP Myanmar China Desk.

Geopolitics, Ethnic Conflicts along the Border, and Chinese Foreign Policy Changes toward Myanmar
စာတမ်းအမည် – Geopolitics,
Ethnic Conflicts along the Border, and Chinese Foreign Policy Changes toward
Myanmar

ရေးသားသူ – Enze Han

ထုတ်ဝေသည့်အဖွဲ့ – Routledge

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၇၊ ဖေဖော်ဝါရီ

စာတမ်းအပြည့်အစုံ – Geopolitics, Ethnic Conflicts along the Border, and Chinese Foreign Policy Changes toward Myanmar

စာတမ်းအကျဉ်းချုပ်

ဒီမိုကရေစီနိုင်ငံသို့ စတင်အသွင်ကူးပြောင်းချိန်၊ ၂၀၁၀ ခုနှစ်မှစတင်ပေါ်ပေါက်ခဲ့သော
မြန်မာ့နိုင်ငံခြားရေးမူဝါဒပြောင်းလဲမှုများအကြားတွင် မြန်မာနှင့် အနောက်နိုင်ငံတို့အကြားဆက်ဆံရေးမှာ
တိုးတက်လာသည်။

တရုတ်နှင့် အမေရိကန်တို့၏ ပထဝီနိုင်ငံရေး အားပြိုင်မှုတွင် တရုတ်အစိုးရအနေနှင့်
မြန်မာနိုင်ငံအပေါ် မည်သို့ ပြောင်းလဲချဉ်းကပ်မည်နည်း၊ တရုတ်နိုင်ငံ၏မဟာဗျူဟာနှင့်
စီးပွားရေးအကျိုးအပေါ်  မထင်မှတ်ထားသော
ဖိအားပေးမှုများကို မည်သို့ ရင်ဆိုင်မည်နည်း။

ယခုစာတမ်းတွင် မြန်မာနိုင်ငံ၏ မူဝါဒပြောင်းလည်းမှုအလိုက် တရုတ်-မြန်မာနယ်စပ်ဒေသရှိ
လက်နက်ကိုင်ပဋိပက္ခများကို တရုတ်နိုင်ငံ၏ တုံ့ပြန်ပုံသည် မည်သို့ပြောင်းလဲခဲ့သည်ကို
လေ့လာထားခြင်းဖြစ်ပါသည်။

တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်နှင့် ၂၀၀၉ နှင့် ၂၀၁၅ တို့တွင်
ဖြစ်ပွားခဲ့သည့် ကိုးကန့် ဒေသစစ်ပွဲများနှင့် ၂၀၁၁ နှင့် ၂၀၁၃ ခုနှစ်တို့တွင်
ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်စစ်ပွဲများကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံသတင်းမီဒီယာများမှ
သတင်းအရ မြန်မာနိုင်ငံအပေါ် တရုတ်၏ မူဝါဒပြောင်းလဲ ချဉ်းကပ်ပုံကို
ပထဝီနိုင်ငံရေးအပြောင်းအလဲနှင့် ပြည်တွင်းရှိ အမျိုးသားရေးဝါဒ ရူထောင့်များမှ
နားလည်နိုင်ပါသည်။

ဤစာတမ်းသည်  တရုတ်နှင့် အမေရိကန် ပထဝီနိုင်ငံရေးအားပြိုင်မှုတွင်
အရှေ့တောင်အာရှသို့ တရုတ်၏ မူဝါဆိုင်ရာချဉ်းကပ်မှုများကို နားလည်နိုင်ရန်
အထောက်ပံ့ဖြစ်စေနိုင်ပါသည်။

The post Geopolitics, Ethnic Conflicts along the Border, and Chinese Foreign Policy Changes toward Myanmar appeared first on ISP Myanmar China Desk.

China’s Engagement in Myanmar: From Malacca Dilemma to Transition Dilemma
စာတမ်းအမည် – China’s Engagement in Myanmar: From Malacca Dilemma to
Transition Dilemma

ရေးသားသူ –

ထုတ်ဝေသည့်အဖွဲ့ – Transnational Institute

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၆၊ ဇူလိုင်

စာတမ်းအပြည်အစုံ – China’s Engagement in Myanmar: From Malacca Dilemma to Transition Dilemma

စာတမ်းအကျဉ်းချုပ်

၂၀၁၁ ခုနှစ်၊ မတ်လတွင်
မြန်မာနိုင်ငံ၌ အစိုးရသစ်ပေါ်ပေါက်လာခြင်းနှင့်အတူ လူမှုနိုင်ငံရေးအခင်းအကျင်း
ပြောင်းလဲလာသည်။ ယင်းက တရုတ်-မြန်မာဆက်ဆံရေး၏ နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍတွင်
သိသာထင်ရှားသော စိန်ခေါ်မှုများကို ဖြစ်ပေါ်လာစေခဲ့သည်။ ယခင်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏
နိုင်ငံခြားဆက်ဆံရေးတွင် အသာစီးရနေရာမှ အမေရိကန်နှင့် ဂျပန်တို့ပါဝင်သော
နိုင်ငံတကာအသိုင်းအဝိုင်းက နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍတွင်
လွှမ်းမိုးရန်ကြိုးပမ်းလာသောအခါ တရုတ်အနေနှင့် မြန်မာနိုင်ငံအပေါ် အလွှာစုံအခင်းအကျင်းနှင့်
ဆက်ဆံလာရတော့သည်။

မြန်မာ့အပြောင်းအလဲများကို အသိအမှတ်ပြုသောအားဖြင့် တရုတ်အနေနှင့်  အရေးပါသော ခြေလှမ်းများကို လှမ်းလာခဲ့သည်။ ယခင်တပ်မတော်အစိုးရလက်ထက်က အစိုးရချင်းဆက်ဆံရေးကိုသာ အမှီပြုခဲ့ရာမှ ယခုအခါတွင် ၎င်း၏အကျိုးစီးပွားအတွက် မြန်မာ့နိုင်ငံရေး၊ လူ့အဖွဲ့အစည်းတို့နှင့် ပိုမိုကျယ်ပြန့်စွာ ဆက်ဆံလာခဲ့သည်။ တရုတ်နိုင်ငံကို ဘင်္ဂလားပင်လယ်အော်နှင့် ချိတ်ဆက်ရန် ရည်ရွယ်သော ယူနန်ပေါင်းကူး မဟာဗျူဟာမှ ပိုမိုရည်ရွယ်ချက်ကြီးမားသော ခါးပတ်တစ်ကွင်း လမ်းတစ်စင်းစီမံကိန်းဖြင့် အစားထိုးလာသည်။ ၎င်းစီမံကိန်းကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ချမှတ်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံကို အနောက်ဖက်ရှိ အာရှ-ဥရောပ၊ အာဖရိကနိုင်ငံများနှင့် ကုန်းလမ်း၊ ရေလမ်းမှတို့တဆင့် ချိတ်ဆက်လိုခြင်းဖြစ်သည်။

အစိုးရအပြောင်းအလဲ၊
တိုင်းရင်းသားပဋိပက္ခနှင့် ၂၀၁၅ ခုနှစ်၊ ကိုးကန့် အရေးအခင်းတို့က
နိုင်ငံရေးအရဆက်နွှယ်မှု၊ နယ်စပ်ဒေသတည်ငြိမ်မှု၊ လူမျိုးရေးတင်းမာမှုများ၊
တရုတ်နိုင်ငံသားတို့၏ လုံခြုံရေးနှင့် မြန်မာပြည်တွင်းရှိ ပိုင်ဆိုင်မှုတို့အပေါ်
မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့သည်။ ထိုစိန်ခေါ်ချက်များနှင့် တချိန်တည်းတွင်ပင်
တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် ဝေဖန်ဆန့်ကျင်မှုများ ခံနေရသည်။
ယခင်တပ်မတော်အစိုးရလက်ထက်က သဘောတူညီထားခဲ့သည့် စီမံကိန်းကြီးများမှာ အထူးအားဖြင့်
ကန့်ကွက်ခံနေရသည်။ ကျွန်းသစ်နှင့် ကျောက်စိမ်းကဲ့သို့ သဘာဝသယံဇာတများကို
တရားမဝင်မြောက်များစွာ ကုန်သွယ်နေခြင်းကြောင့် ဒေသခံပြည်သူများအတွက်
အကျိုးအမြတ်ရရှိခြင်းမရှိဘဲ ၎င်းတို့၏လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်းများသာ
ဖြစ်ပေါ်နေရာ ယင်းတို့အပေါ် မကျေနပ်မှုများ ပျံ့နှံ့လျက်ရှိသည်။

တရုတ်နိုင်ငံအနေနှင့်
၎င်း၏အကျိုးစီးပွားအတွက် မြန်မာနိုင်ငံတွင် တည်ငြိမ်ရေးကို ဦးစားပေးသည်။
နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာစေရန်လုပ်ဆောင်ခြင်းနှင့် ငြိမ်းချမ်းရေးကို
ကူညီလျက်ရှိပြီး  တချိန်တည်းမှာပင်
တရုတ်အာဏာပိုင်တို့က လက်ရှိအုပ်ချုပ်ရေးစနစ် ရေရှည်တည်တံ့ခြင်းနှင့်
တရုတ်နိုင်ငံအပေါ်သက်ရောက်လာနိုင်သည့် အကျိုးဆက်ကို စောင့်ကြည့်လျက်ရှိသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်သည့်
အမေရိကန်၏အခန်းကဏ္ဍသည် တရုတ်၏မဟာဗျူဟာစဥ်းစားချက်ထဲတွင် ခေါင်းခဲစရာတခု ဖြစ်သည်။
၂၀၁၆ ခုနှစ်၊ မတ်လတွင် အရပ်သားဦးဆောင်သည့် NLD အစိုးရပေါ်ပေါက်လာသည့်အခါ ယင်းကိစ္စအပေါ် တရုတ်နိုင်ငံကို စိုးရိမ်ဝေဝါးမှုများ
မြင့်တက်စေခဲ့သည်။

နှစ်နိုင်ငံ
ကပ်လျက်တည်ရှိမှုနှင့် မပြေလည်မှုများရှိခဲ့သော သမိုင်းကြောင်းအရ
နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ရန်မှာ သာတူညီမျှမှုရှိခြင်းနှင့်
အပြန်အလှန်လေးစားမှုရှိခြင်းတို့အပေါ် အခြေခံရန် အရေးကြီးသည်။ နှစ်နိုင်ငံလုံးမှ
လူထုအကြံဉာဏ်၊ သက်ဆိုင်ရာဒေသခံ၊ အဖွဲ့အစည်းများနှင့် ထိတွေ့ခြင်းကို အားပေးသင့်သည်။
တရုတ်၏ အဓိကအာရုံစိုက်မှုမှာ နိုင်ငံရေးပြောင်းလဲမှုထက် ၎င်း၏
ကိုယ်တိုင်အတွေ့အကြုံများအပေါ်အခြေခံသော စီးပွားရေးပြောင်းလဲမှုဖြစ်သည်။
တရုတ်အာဏာပိုင်များ နားလည်ရန်လိုအပ်သည်မှာ မြန်မာနိုင်ငံ စိန်ခေါ်မှုများ၏
အရင်းခံမှာ နိုင်ငံရေးဖြစ်ကြောင်း၊ ဝေဖန်မှုများသည် မသိနားမလည်၍၊ တရုတ်မုန်းတီးမှုအပေါ်အခြေခံ၍
မဟုတ်ကြောင်း၊ ဒေသခံပြည်သူလူထုအတွက် အကျိုးရှိစေသော ကောင်းမွန်သည့်
စီမံကိန်များသည် ကြိုဆိုခံရမည်ဖြစ်ပြီး ဒေသခံပြည်သူလူထု၏ ဦးစားပေးချက်များ၊
ဖွံ့ဖြိုးတိုးတက်မှုအလားအလာများကို လျစ်လျူရှုသော စီမံကိန်းဆိုးများအနေနှင့် ကြိုဆိုခံရလိမ့်မည်မဟုတ်ကြောင်း
သိရှိရန်လိုအပ်ပါသည်။

The post China’s Engagement in Myanmar: From Malacca Dilemma to Transition Dilemma appeared first on ISP Myanmar China Desk.