အမေရိကန်သည် တရုတ်ပြည်တွင် ကူမင်တန်အရေးနိမ့်သည့်ကိစ္စအပါအဝင် ကိုရီးယားစစ်ပွဲ နောက်ပိုင်းတွင် ပင်လယ်ရပ်ခြားတရုတ်အသိုင်းအဝိုင်းများမှတဆင့် တရုတ်၏ သွေးထိုးမှု အလားအလာကို စိုးရိမ်သောကြောင့် ဝါရှင်တန်ရှိအဖွဲ့တဖွဲ့ကို အရှေ့တောင်အာရှကို စေလွှတ်ခဲ့သည်။ ထိုအချိန်တွင် စီးပွားရေးပူးပေါင်းမှုစာချုပ်အရ မြန်မာနိုင်ငံကို အမေရိကန်က စီးပွားရေးနှင့်နည်းပညာဆိုင်ရာ အကူအညီများပေးခဲ့သည်။ထိုကိစ္စနှင့်ပတ်သတ်ပြီး တရုတ်ပြည်က မကျေနပ်ဘဲ ၁၉၅၀ ပြည့်နှစ်ထုတ် ဒီဇင်ဘာ ၁၃ရက်နေ့ထုတ်တရုတ်ပြည်သူ့နေ့စဉ် သတင်းစာတွင် ကျွနိုပ်တို့နိုင်ငံ၏ အဖျားအနားပိုင်းကိုကျုးကျော်ရန် အမေရိကန်နယ်ချဲ့တို့ကြံစည်နေကြသည်ကို ကျွန်ုပ်တို့သည် အူမချေးခါးမကျန်သိသည်။ တရုတ်ပြည်အား ကျုးကျော်ရန် ကျွန်ုပ်တို့၏အိမ်နီးချင်းနိုင်ငံများကို အခြေစိုက်စခန်းများအဖြစ်ပြောင်းရန် ကြိုးပမ်းနေသည်ကိုသိသည်။ အမေရိကန်နိုင်ငံပြည်ထောင်စုက ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံတို့နှင့် စစ်ရေး၊ စီးပွားရေးစာချုပ်များ ချုပ်ဆိုခြင်းမှာ အဆိုပါနိုင်ငံများတွင် စီးပွားရေးလက်ဝါးကြီးအုပ်ရန်နှင့် ကျုးကျော်မှု အလို့ငှာ အခြေစိုက်စခန်းများအဖြစ် ပြောင်းလဲလိုသောကြောင့်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ကိုးကား –The Political Economy of China-Myanmar Relations by Poon Kim SHEEReassessing China-Myanmar Relations during the Cold War by Hongwei Fan and Charles Kraus တရားဝင်ဆက်ဆံရေးအတွက် မြန်မာသံရုံးမဖွင့်ခင်ကာလ ညှိနှိုင်းမှုများတရုတ်အမျိုးသားနေ့အခမ်းအနားဂယက်