တရုတ်နိုင်ငံသမ္မတ လျူရှောက်ချီသည် ၁၉၆၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်သည်။ အဆိုပါ တရုတ်သမ္မတ၏ခရီးစဉ်သည် တော်လှန်ရေးကောင်စီအစိုးရနှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့အကြား စေ့စပ်ဆွေးနွေးနိုင်ရေးတွင် အရေးပါခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်ကြီး နေဝင်းသည် ကြားဖြတ်နားထောင်သူများ၏ရန်မှ ကင်းဝေးစေရန် တရုတ်သမ္မတနှင့်တွေ့ဆုံမှုကို ငပလီကမ်းခြေတွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီးနေဝင်းသည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံဆွေးနွေးလိုနေပြီး ၎င်းတို့ကြားထဲတွင် တရုတ်က ကြားဝင်စေ့စပ်ပေးသူအဖြစ် ရှိနေစေလိုကြောင်းလည်း ပြောဆိုခဲ့သည်။ကိုးကား – Modern China-Myanmar Relations by David I. Steinberg and Hongwei Fan ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းခြင်းနှင့် တရုတ်၏သဘောထား