ISP China Desk

ယခင်ရှိခဲ့သည့် ကူမင်တန်တရုတ်အမျိုးသားအစိုးရလက်ထက်က သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဦးမြင့်သိန်းကိုပင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဖဆပလအစိုးရက ဆက်လက်ခန့်ထားသည်။ သံရုံးကိုလည်း နန်ကျင်းမြို့မှ ဘေဂျင်းသို့ ပြောင်းရွှေ့ခဲ့သည်။ မူလက ဘယ်လ်ဂျီယံသံအဖွဲ့ဝင်များနေထိုင်ခဲ့သည့် သံရုံးရို မြန်မာသံရုံးအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ တရုတ်နှင့် မြန်မာ သံတမန်အဆက်အသွယ်ထားရှိကြောင်းကို ယင်းနေ့တွင် ကြေညာခဲ့သည်။

ဦးမြင့်သိန်းက သံအမတ်ကြီးခန့်အပ်လွှာပေးမည့်အခါတွင် ဥက္ကဋ္ဌ မော်စီတုန်း၏ လက်ထောက်တစ်ယောက်က လက်ခံမည့်အနေအထားပြသခဲ့ရာ မြန်မာနိုင်ငံ၏ ဇာတိပုညကို ထိပါးစေမည်ကို မလိုလားသော သံအမတ်ကြီး ဦးမြင့်သိန်းက သံအမတ်ခန့်အပ်လွှာသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုက အချုပ်အခြာအာဏာပိုင်သောအခြားနိုင်ငံတစ်ခုသို့ ပေးအပ်ခြင်းဖြစ်သောကြောင့် နိုင်ငံအကြီးအကဲအောက်နိမ့်ကျသည့် မည်သူ့ကိုမျှ မပေးနိုင်ဟု ပြောဆိုခဲ့သည်။ ယင်းသို့မဟုတ်လျှင် ပြန်လာရန်ကိုလည်း ရန်ကုန်ရှိ မြန်မာအစိုးရကလည်း ညွှန်ကြားခဲ့သည်။ သို့မှသာ မြန်မာနိုင်ငံ၏ သံအမတ်ခန့်အပ်လွှာကို မော်စီတုန်းက လက်ခံခဲ့လေသည်။ တရုတ်နှင့် သံတမန်ဆက်ဆံရေးထူထောင်သည့် နိုင်ငံများတွင် မြန်မာသည် ၁၆ နိုင်ငံမြောက်ဖြစ်သည်။

ကိုးကား –

  • Modern China-Myanmar Relations by David I. Steinberg and Hongwei Fan
  • In the Name of Pauk-Phaw by Maung Aung Myo