မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အသိမှတ်ပြုသည့် ဆိုရှယ်လစ်မဟုတ်သော ပထမဆုံးနိုင်ငံဖြစ်သော်လည်း ဆက်ဆံရေးမှာ ခပ်တန်းတန်းသာရှိသည်။ နှစ်ဖက်စလုံးမှာ နိုင်ငံရေးအရ သံသယများရှိနေကြသည်။ အဓိကအကြောင်းအရင်းများမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို နယ်ချဲ့နိုင်ငံဟုမြင်သည်။ မြန်မာဘက်ကလည်း တရုတ်သည် မိမိတို့နိုင်ငံကို အချိန်မရွေးကျုးကျော်ဝင်ရောက်နိုင်သည်ဟု ပူပန်မှုရှိသည်။ ထို့ကြောင့်မြန်မာသည် အနောက်အုပ်စုနှင့် တရုတ်တို့ကြားဆက်ဆံရေးကို သတိကြီးစွာထားပြီး ချိန်ခွင်လျှာမတိမ်းစောင်းစေရေး အတွက်ဆောင်ရွက်နေရသည့်အချိန်ဖြစ်သည်။၁၉၅၃ ခုနှစ်တွင် အမေရိကန်၏အကူအညီများကို ဆက်လက်လက်မခံတော့ကြောင်း မြန်မာက ကြေညာလိုက်ရာ ဘေဂျင်းသည် ကျေနပ်ကြောင်းချီးကျူး ပြောဆိုခဲ့သည်။ မြန်မာ့အပြုအမှုက အာရှနိုင်ငံအများအပြားကို စိတ်ဓာတ်တတ်ကြွစေသည်ဟု ချုအင်လိုင်းက မြန်မာအစိုးရ အလုပ်သမားကိုယ်စားလှယ်အဖွဲ့နှင့် မေလတွင် တွေ့ဆုံရာ၌ ပြောဆိုခဲ့သည်။သို့သော် ဆက်ဆံရေး အခြေအနေကိုရှုပ်ထွေးစေခဲ့သည်မှာ တရုတ်-မြန်မာ နယ်စပ်ပြဿနာဖြစ်သည်။ ဒုတိယကမ္ဘာ့စစ်နောက်ပိုင်း ကေအမ်တီအစိုးရက ပုံနှိပ်ခဲ့သော တရုတ်ပြည်နယ်မြေပုံများတွင် မြန်မာပြည်၏ မြောက်ပိုင်းနယ်မြေအချို့သည် တရုတ်ပိုင်နယ်မြေများအဖြစ်ပါဝင်နေသည်။ ၁၉၅၀ ပြည့်နှစ်တွင် တရုတ်ပြည်သူသမ္မတနိုင်ငံအစိုးရက ပုံနှိပ်သည့်မြေပုံတွင်လည်း ဗန်းမော်မြောက်ပိုင်းဒေသသည် တရုတ်ပိုင်နက်အဖြစ်ပါဝင်နေပြန်သည်။၁၉၅၃ ခုနှစ် တွင်ထုတ်ဝေသော ကွန်မြူနစ်မြေပုံတွင်လည်း မြန်မာနှင့်ထိစပ်နေသော တရုတ်နယ်မြေအများစုကို တိုင်းတာသတ်မှတ်ခြင်း မပြုရသေးသည့် နယ်မြေများအဖြစ် ဖော်ပြထားပြီး မြစ်ကြီးနားမြောက်ဘက်ဒေသတိုင်းကို တရုတ်ဘက်မှရထိုက်သည်ဟု တောင်းဆိုထားသည်။ မြန်မာနိုင်ငံသည် ကေအမ်တီခိုလှုံနေသောဒေသမှာ နှစ်နိုင်ငံအငြင်းပွားနေသော နယ်စပ် ဒေသတလျောက်တွင်ဖြစ်ရာ မြန်မာပိုင်နက်တည်မြဲမှုအတွက် ရန်ကုန်၏ရတက်မအေးမှုသည် ဒီရေအလား တိုးပွားနေသည်။ ထိုကာလအတွင်းတွင် တရုတ်-မြန်မာစီးပွားရေးနှင့်ယဉ်ကျေးမှုဆက်ဆံရေးမှာ မဖြစ်စလောက်သာဖြစ်သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက နှစ်နိုင်ငံကုန်သွယ်မှုနှင့်နိူင်းယှဉ်လျင် ကုန်သွယ်မှုသည် ကျဆင်းနေသည်။ ထိုကာလအတွင်း တရုတ်သွင်းကုန်နှင့် ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၃ ဒသမ၂၈၂၅ သန်းနှင့် ဝ ဒသမ ၈၇၂၅ သန်းရှိရာ နိုင်ငံတကာနှင့် တရုတ်နိုင်ငံအကြားရှိသည့် သွင်းကုန်နှင့် ပိုကုန်စုစုပေါင်း၏ ဝ ဒသမ ၃၂ ရာခိုင်နူန်းနှင့် ဝ ဒသမ ၁၂ ရာခိုင်နူန်းသာရှိသည်။ အဓိကကုန်ပစ္စည်းများမှာကုန်ကြမ်းနှင့်အခြေခံ ထုတ်ကုန်တို့သာဖြစ်သည်။ကိုးကား –Modern China-Myanmar Relations by David I. Steinberg and Hongwei Fan ၁၉၅၀ နောက်ပိုင်း တရုတ်-မြန်မာသံတမန်ရေး၏ပြဿနာကြီး ၄ ခုနှစ်နိုင်ငံကုန်သွယ်ရေးစာချုပ်