ISP China Desk

ယင်းမြေ ဧက ၇၈၆၇ ကျော်ကို မြန်မာ့ စီးပွားရေးဦးပိုင်လိမိတက် (ကြေးနီသတ္တုတွင်းလုပ်ငန်းမုံရွာ)အမည်ဖြင့် မုံခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက နှစ်ပေါင်း ၆၀ မြေငှားစာချုပ်ဖြင့် ၂၀၁၂ ခုနှစ်က စတင်ကာ ငှားရမ်းပေးထား ခြင်းဖြစ်ပြီးယင်းမြေများသည် ဒေသခံ တောင်သူများထံမှ ကြေးနီထုတ်လုပ်ရေးစီမံကိန်းအတွက် သိမ်းယူထားသည့် မြေများဖြစ်သည်။ အဆိုပါ မြေငှားရမ်းခမှာ ခေတ်ကာလ ပေါက်ဈေးနှင့်ကိုက်ညီခြင်း မရှိသောကြောင့် နိုင်ငံအတွက် နစ်နာမှုများ စွာရှိကြောင်း၊ ကြေးနီစီမံကိန်း၏ ၂၀၁၇ ခုနှစ်စာရင်းများအရ တစ်နှစ်လျှင် ကြေးနီ မက်ထရစ်တန် ၂၄၅၄၉ တန်ထုတ်လုပ်နိုင်သောကြောင့် အမေရိကန်ဒေါ်လာ ၁၄၆ သန်း ဝင်ငွေရရှိနေသည့် စီမံကိန်းတစ်ခုလည်း ဖြစ်သည်။