ISP China Desk

၁၉၅၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် နှစ်နိုင်ငံကြား ပထမဆုံးကုန်သွယ်ရေးစာချုပ်ကို ချုပ်ဆိုသည်။ နှစ်နိုင်ငံကြားပထမဆုံးကုန်သွယ်ရေးစာချုပ်ကိုချုပ်ဆိုခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် တရုတ်-မြန်မာကြားဆက်ဆံရေးမှာ ပိုမိုရင်းနှီးလာသည်။ ပိုမိုစိတ်လာသည်။ အဓိကအကြောင်းအရင်းမှာ ဦးနုနှင့် ချုအင်လိုင်းတို့၏ နှစ်ဦးအကြား ပုဂ္ဂိုလ်ရေးအရ ပလဲနံပသင့်မှုကြောင့်ဖြစ်သည်ဟု ခန့်မှန်းကြသည်။ ကုန်သွယ်ရေးစာချုပ်ချုပ်ဆိုပြီးနောက်တွင် သံတမန်ရေး အလှည့်အပြောင်းတစ်ခုဖြစ်သွားသည်။ တရုတ်-မြန်မာဆက်ဆံရေးသည် သံတမန်ရေးတင်သာမကတော့ဘဲ စီးပွားရေးရဆက်ဆံရေးပါ ပါဝင်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါစာချုပ်သည် သုံးနှစ်သက်တမ်းရှိပြီး တရုတ်က မြန်မာနိုင်ငံကို ကျောက်မီးသွေး၊ ပိုးချည်၊ ချည်ထည်၊ စက္ကူ၊ စိုက်ပျိုးရေးကိရိယာတန်ဆာပလာ၊ အသေးစားစက်မှုထုတ်ကုန်၊ လက်မှုပညာပစ္စည်းများ၊ ကြွေရည်၊ ကြွေထည်၊ စည်သွပ်ဘူး၊ လက်ဖက်ခြောက်၊ စီးကရက် စသည်တို့  တင်ပို့မည်ဖြစ်သည်။

ကိုးကား –

  • Modern China-Myanmar Relations by David I. Steinberg and Hongwei Fan