ISP China Desk

မြန်မာနိုင်ငံဘက်မှ ညှိနိူင်းဆွေးနွေးသူ ဦးဖြိုးဆိုသူနှင့် တရုတ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကျန်ဟန်ဖူတို့ ၁၉၅၀ ပြည့်နှစ်၊ ဧပြီလ ၂၉ ရက်၊ မေလ ၅ ရက်နှင့် ၁၂ ရက်နေ့တို့တွင် သုံးကြိမ်ဆွေးနွေးခဲ့သည်။ ထိုဆွေးနွေးညှိနှိုင်းရာတွင်နှစ်ဖက်စလုံးက ကေအမ်ူတီနှင့် မြန်မာ အဆက်အသွယ်ဖြတ်တောက်ခြင်းနှင့် မြန်မာနိုင်ငံရှိ ကေအမ်တီအဖွဲ့အစည်းများ၏ မြေနှင့် အဆောက်အအုံများကို မည်သို့အရေးယူဆောင်ရွက်မည်ဆိုသည့်ကိစ္စများအပေါ် ဆွေးနွေးညှိနှိုင်းကြသည်။

မြန်မာဘက်က ယခင်သံရုံးကိုအသိမှတ်မပြုတော့ဘဲ ထိုသံရုံးမှ ဝန်ထမ်းများကိုလည်း သာမာန်ပြည်သူများအဖြစ်သာ သဘောထားကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်ပိုင်မြေနှင့် အဆောက်အအုံများ၊ ရံပုံငွေများကို အသစ်ဖွဲ့စည်းထားသော အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းတင်ပြခဲ့သည်။ မြန်မာ၏ပြန်ကြားချက်ကို တရုတ်ဘက်က ကျေနပ်မှုရှိကြောင်း မေလ ၁၉ ရက်နေ့တွင် ပြန်ကြားခဲ့သည်။  ထိုအချိန်တွင်မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် ယောင်ကျုံမင်းကို ခန့်အပ်ရန် တရုတ်ဘက်ကဆုံးဖြတ်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမှာ ယောင်ကျုံးမင် ဖြစ်ပြီး သံမှူးများနှင့် သံတမန်အဖွဲ့ ၃၄ ဦးကို ဦးဆောင်ကာ ယင်းနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ တရုတ်သံအမတ်ကြီးသည် ပါတီနှင့် စစ်ဘက်တွင် ထိပ်တန်းတာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ တရုတ်သံရုံးကို ရန်ကုန်မြို့၊ ပြည်ထောင်စုရိပ်သာလမ်း၊ အမှတ် ၁ တွင် ဖွင့်လှစ်သည်။ ကလေးဆေးရုံနှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။

ကိုးကား –

  • Modern China-Myanmar Relations by David I. Steinberg and Hongwei Fan