ISP China Desk

ကြံနှင့် သကြားလုပ်ငန်းတွင် ချေးငွေဖြင့် ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များအတွက် စီမံကိန်းအဆိုပြုလွှာများအား စိုက်ပျိုးရေး ဦးစီးဌာနက ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံတွင် ပထမ ဦးစွာဆောင်ရွက်မည့်  စီမံကိန်းများအနက် ကြံသီးနှံဖွံ့ဖြိုးရေးအတွက် လုပ်ငန်းစဉ်များကို စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာန ခွဲမှရေးဆွဲ၍ စီမံကိန်းအဆိုပြုရန်ပုံငွေလည်း တင်ပြထားပြီးဖြစ်ကာ စီမံကိန်းနယ်ပယ်တွင် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ ပါဝင်ကြောင်း သိရသည်။