ISP China Desk

တရုတ်နိုင်ငံမှာ လူနှစ်ထောင်နီးပါး ကူးစက်ခံနေရတဲ့ ကိုရိုနာဗိုင်းရပ်ပိုးသစ်ဟာ ရောဂါလက္ခဏာတွေမပြခင် ရောဂါပျိုးတဲ့ အဆင့်မှာပဲ တခြားသူတွေကိုကူးစက်နိုင်ပြီး ထိန်းချုပ်ရ ခက်တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ ဒီဗိုင်းရပ်ပိုးကြောင့် သေဆုံးသူ ၅၆ ယောက်ရှိပါပြီ။ ဗိုင်းရပ်ရဲ့ ကူစက်နိုင်တဲ့ အစွမ်းက ကြီးမားပုံရတယ်လို့လည်း တရုတ်ကျန်းမာရေး ဝန်ကြီး မားဆိုင်ရောင်ဝေက သတင်းထောက်တွေကို ပြောပါတယ်။ တရုတ်မြို့ကြီး တော်တော်များများကိုလည်း ခရီးသွားခွင့်တွေ ပိတ်ထားပါတယ်။