ISP China Desk

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ Mr. Xi Jinping (ရှီကျင့်ဖျင်) ၏ ခရီးစဉ်တွင် မြန်မာနိုင်ငံမှ တရုတ်သို့ ဆန်ကွဲကို လွတ်လပ်စွာ တင်ပို့နိုင်မည့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ (MOU) ရေးထိုးမည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန မှ သိရသည်။

မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ယခု ဇန်နဝါရီလ ၁၇ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ထားသည်။