ISP China Desk

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ အနောက်ဘက်က ဝူဟန်မြို့မှာ လူ ၄၄ ယောက်ထက်မနည်း အဆုတ်အအေးမိတဲ့ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံခဲ့ရပြီး ဟောင်ကောင်မှာလည်း အဲဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာ ၅ ယောက်လောက် ရှိတယ်လို့ ဆိုပါတယ်။ ဒီကူးစက်ရောဂါဟာ ပြီးခဲ့တဲ့လက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ၂၀၀၂-၂၀၀၃ ခုနှစ်က တရုတ်နိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ SARS ကူးစက်ရောဂါကို ပြန်လည် အမှတ်ရစေပါတယ်။ အဲဒီတုန်းက ဖြစ်ပွားခဲ့တဲ့ SARS ရောဂါကြောင့် တရုတ်ပြည်မကြီး၊ ဟောင်ကောင်နဲ့ တခြားနေရာတွေမှာ လူ ၇၀၀ ကျော် သေဆုံးခဲ့တာပါ။